အမေရိကန်နိုင်ငံတွင် အဝလွန်ခြင်းနှင့် ဆက်စပ်သော ကင် ဆာရောဂါသည် လူကြီးများထက် လူငယ်မျိုးဆက်များတွင် ပိုမို လျင်မြန်စွာ ဖြစ်ပွားနေသည်ဟု အမေရိကန်ကင်ဆာရောဂါအဖွဲ့၏ ပြောကြားချက်အရ သိရပါတယ်။
ပြီးခဲ့သည့်နှစ် ၄၀ အတွင်း အဝလွန်မှု များပြားလာခြင်းက လူ ငယ်မျိုးဆက်များတွင် ကင်ဆာရောဂါအန္တရာယ် မြင့်တက်စေခဲ့ဖွယ်ရှိသည်ဟု ယင်းအဖွဲ့ကပြောပါတယ်။ ယင်းပြဿနာသည် နှစ်ပေါင်းများစွာ ကင်ဆာနှင့်ပတ်သက်၍ တိုးတက်မှုများကို ချေဖျက်ပစ်နိုင်သည်ဟု ယင်းအဖွဲ့က သတိပေးထားပါတယ်။
American Cancer Society အဖွဲ့က ၁၉၉၅ နှင့် ၂၀၁၄ ကြား ကျန်းမာရေးမှတ်တမ်း သန်းပေါင်းများစွာ လေ့လာခဲ့ပြီး ၎င်းတို့၏ တွေ့ရှိချက်များကို Lancet ကျန်းမာရေးစာစောင်တွင် ဖော်ပြခဲ့သည်။ ကင်ဆာရောဂါအချို့သည် အဝလွန်ခြင်းနှင့် ဆက်စပ်နိုင်သည်ဟူသော အထောက်အထားများကို နောက်ပိုင်းနှစ်များတွင် ပိုမိုတွေ့ရှိလာပါတယ်။
အဝလွန်ခြင်းနှင့်ဆက်စပ်သော ကင်ဆာရောဂါ ၁၂ မျိုးအ နက် သားအိမ်ကင်ဆာ၊ သည်းခြေအိတ်၊ ကျောက်ကပ်၊ သရက် ရွက်၊ သွေးကင်ဆာ စသော ကင်ဆာရောဂါများ ဖြစ်ပွားမှုသည် အသက်(၅၀) လူများတွင် ဖြစ်ပွားမှုများပြားနေပါတယ်။
(၂၅) နှစ်နှင့် (၄၉) နှစ်ကြား လူငယ်မျိုးဆက်များ၊ အထူးသဖြင့် (၂၀) ကျော် (၃၀) ကြား ထောင်စုနှစ်မျိုးဆက်များကြားတွင် ယင်းကင်ဆာရောဂါဖြစ်ပွားမှု များပြားနေကြောင်း သုတေသီများ တွေ့ရှိခဲ့ပါတယ်။
အူမကြီးကင်ဆာ၊ သားအိမ်ကင်ဆာနှင့် သည်းခြေအိတ်ကင် ဆာဖြစ်ပွားမှုသည် (၅၀)ကျော်များထက် (၂၀) နှင့် (၃၀) ကြားအ ရွယ်များတွင် ဖြစ်ပွားမှုနှစ်ဆရှိသည်။ (၅၀)ကျော်များတွင် ယင်း ရောဂါဖြစ်ပွားမှု များလာသော်လည်း လူငယ်များလောက် မများပေ။ ယင်းမှာ ကမ္ဘာတစ်ဝန်းရှိ လူငယ်များသည် အဝလွန်ခြင်း၏ အန္တရာယ်ကို စောစောစီးစီးနှင့် အချိန်ကြာမြင့်စွာ ကြုံတွေ့ရသော ကြောင့် ဖြစ်ဖွယ်ရှိသည်ဟု သုတေသီများက ပြောပါတယ်။
Source:7daydaily.com