What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 11 March 2019 14:07

ဆေးညွှန်းမလိုဘဲ လွတ်လပ်စွာ ဝယ်ယူနိုင်သော အိမ်သုံးဆေးဝါးများ

အနာဆေးသည့် ပိုးသတ်ဆေးများ 

ထိခိုက်ရှနာနှင့် အနာအသေးစားများ သန့်ရှင်းရေးလုပ်ရန် ဖြစ်ပါသည်။ ညစ်ပတ်သောအနာအား ရောဂါပိုမွှားဝင်ရောက်နိုင်ပါတယ်။ အရေပြားအောက်တွင် အညစ်အကြေးနှင့် ပြင်ပမှ အမှိုက်သရိုက်များ ကပ်ညှိနေပါက အနာကျက်ရန် နှေးကွေးပြီး ပြည်တည်မှုကြောင့် ပျောက်ကင်းရန်ကြံ့ကြာစေပါတယ်။

 

အနာစတင်ဖြစ်ပွားစဉ် ရောဂါပိုးအဆပေါင်းများစွာ တိုးပွားနိုင်ပါတယ်။ ပိုးသတ်ဆေးများ (ဖန်ရည်အပါအ၀င်) တို့သည် အမှိုက်သရိုက်၊ အညစ်အကြေးးများ ဖယ်ရှားခြင်းနှင့် ရောဂါပိုးများကို သတ်ဖြတ်ပစ်ကြပါတယ်။ (HYDROGEN PEROXIDE) ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ၃% ပါဝင်သော ဆေးရည်သည် အနာအားဆေးထည့်စဉ် အမြှုံ့များထသွားပြီး သန့်ရှင်းသွားစေသဖြင့် ကောင်းမွန်သော သန့်ရှင်းရေးဆေးတစ်ခု ဖြစ်ပါတယ်။ (IODINE) အိုက်အိုဒင်းဆေးရည်သည် ရောဂါပိုးသတ်ဆေး ဖြစ်ပါတယ်။

 

(BAKING SODA) မုန့်ဖုတ်ရာတွင်သုံးသော ဆိုဒါအပြင်းစားအရည်သည် ရောင်နေသော အနာသက်သာစေပြီး ပြည်နှင့်သန်ငံရည်များအား စုတ်ယူနိုင်စွမ်းရှိသဖြင့် အနာအား သန့်ရှင်းသွားစေပါတယ်။  သန့်ရှင်းရေးလုပ်ပေးနိုင်သော ဆေးရည်များတို့သည် များသောအားဖြင့် ပိုးသတ်ဆေးရည်များထက် ပိုမိုအရေးကြီးပါတယ်။ အနာသန့်ရှင်းရေးအတွက် အသုံးပြုလျက်ရှိသော ဆေးများသည် (LISTE- RINE, ZEPHIRAN, BACTINE,etc) လစ်တရင်း၊ ဇီဖီရန်၊ ဘတ်တင်းအစရှိသည့် ဆေးရည်များသည် အမှန်တကယ်တွင် ပိုးသတ်ဆေးရည်ကောင်းများ မဟုတ်ကြပါ။

 


ပဋိဇီဝလိမ်းဆေးများဖြစ်သည့် (BACITRACIN AND NEOSPORIN) ဘက်စီထရာစင်နှင့် နီယိုစပိုရင်ဆေးရည်များသည် ဈေးကြီးပြီးသုံးစွဲရန်လည်း မလိုအပ်သကဲ့သို့ ၎င်းဆေးများ၏ အကျိုးသက်ရောက်မှုမှာလည်း မေးခွန်း ထုတ်နေကြဆဲ ဖြစ်ပါသည်။ ရှေးဦးသူနာပြု အနာဖြန်းဆေးများမှာလည်း ငွေဖြုန်းတီးရာ ရောက်ပါတယ်။

 

သင့်အနေဖြင့် အနာစတင်ဖြစ်ဖြစ်ခြင်း ဦးစွာသန့်ရှင်းရေးလုပ်ပြီး အညစ်အကြေးများ ဖယ်ထုတ်ပစ်ရန်သာ အလွန်အရေးကြီးကြာင်း သိထားရပါမည်။ ထိခိုက်မိပြီး သွေးစို့ထွက်မှုမျိုးကိုပင် ဆောင်ရွက် ရန်လိုအပ်ပါတယ်။ သေးငယ်သော ရှနာမျိုးအတွက်- ဦးစွာဆပ်ပြာနှင့် ဆေး၍အိုင်အိုဒင်းနှင့် ဆက်၍ သန့်ရှင်းရေးလုပ်ပါ။ ဆပ်ပြာနှင့်ရေဆေးပစ်ပါ။ (BETADINE) ဘီတာဒင်းဆေးရည်သည် အိုင်အိုဒင်းနှင့် ဖော်စပ်ထားပြီးမစပ်ပါ။ ကြီးသောအနာမျိုးအတွက် - (HYDROGEN PEROXIDE) ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဆေးရည် သုံးပြီး နာနာပွတ်သပ်၍ သန့်ရှင်းရေးလုပ်ပါ။

Read More : လေဖြတ်ခြင်း နှင့် သွေးခဲခြင်းကို ကာကွယ်ပေးနိုင်တဲ့ ကီဝီဖျော်ရည်

 

သုံးစွဲရန်အညွှန်း


ပုံမှန်ရောင်းချနေသော (HYDROGEN PEROXIDE) ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်သည် ၃% ပြင်းအားရှိပါတယ်။ ဆံပင်ကျွတ်ဆေးအဖြစ် အသုံးပြုနေသော ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်သည် ပြင်းအား ၃% ထက်ကျော်လွန်ပါသဖြင့် မသုံးစွဲပါနှင့်။ ဆေးရည်အား အနာပေါ်လောင်းချပြီး အဝတ်ကြမ်းကြမ်းဖြင့် သုတ်ပစ်ပါ။ အရေပြားအောက်တွင် အညစ်အကြေးများကုန်သည်အထိ ထပ်တလဲလဲသန့်ရှင်းရေးလုပ်ပါ။ အနာအား သင်ကိုယ်တိုင် သန့်ရှင်းရေးလုပ်၍မရပါက ဆရာဝန်ထံသွားပြ ကုသမှုခံယူပါ။

 


အိုင်အိုဒင်းဆေးရည်သည် အနာနှင့်အနီးပတ်ဝန်းကျင်ရှိ အရေပြားအား စွန်း၍နေတတ်သဖြင့် ကောင်းကောင်းသုတ်ပါ။ မိနစ်အနည်းငယ်အတွင်း သန့်ရှင်းရေးလုပ်ပါ။ အရေပြားတွင် စွန်းကျန်ရစ်ပါလိမ့်မည်။ စားဆိုဒါသုံး၍ အနာသန့်ရှင်းရေးလုပ်မည်ဆိုပါက စားဆိုဒါစားပွဲတင်ဇွန်းတစ်ဇွန်း (15ml) အား ရေနွေးတစ်ဖန်ခွက် (250ml) နှင့် ရော၍ဖျော်ပါ။ လက်ချောင်း/ခြေချောင်းများတွင် ဒဏ်ရာရပါက ခွက်ထဲနှစ်လိုက်ပါ။

 

အခြားနေရာများတွင် ဖြစ်ခဲ့ပါက အဝတ်သန့်သန့်အား ဆေးရည်တွင်စိမ်ပြီး အနာပေါ်သို့ ကြပ်ထုပ်ထိုးသလို ဆောင်ရွက်ပေးပါ။ ပုံမှန်အားဖြင့် တစ်ကြိမ်လျှင် (၅)မိနစ်မှ (၁၀)မိနစ် အထိ တစ်နေ့လျှင် (၂) ကြိမ်ဆောင်ရွက်နိုင်ပါတယ်။ အရေပြားအောက်တွင် ရေများအောင်းနေပြီး အဖုများဖြစ်နေပါက ကြပ်ထုပ်ထိုးချိန် များသွား၍ ဖြစ်ပါသည်။ ကြပ်ထုပ်အဝတ်အား ပလပ်စတစ်ဖြင့်ပတ်ပြီး ကြပ်ထုပ်ကြာကြာ ထိုးပေးနိုင်ပါတယ်။

 

ဘေးထွက်ဆိုးကျိုးများ


(HYDROGEN PEROXIDE) ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်သည် ဘေးအန္တရာယ်မရှိပါ။ သို့ရာတွင် ဆံပင်နှင့်အဝတ်အစားများ အရောင်ကျွတ်ကုန်နိုင်သဖြင့် မဖိတ်စင်ရန် သတိထားပါ။ ပြင်းအားအပြည့် အိုင်အိုဒင်းသည် အရေပြားအားလောင်စေနိုင်သဖြင့် သတိထားကိုင်တွယ်ပါ။ မျိုမချမိစေရန် သတိထားပါ။ ကလေးများနှင့်မမှီရာ ဝေးဝေးမှာထားပါ။ အချို့သူများသည် အိုင်အိုဒင်းနှင့် ဓာတ်မတည့်ကြပါ။

 

အဖုအပိန့် အနီကွက်များ ပေါ်လာပါက ဆက်၍မသုံးပါနှင့်။ အိုင်အိုဒင်းသည် အဆိပ်သင့်စေတတ်ပါတယ်။ စားဆိုဒါသည် မျိုမချဘဲ အရေးပြားပေါ်တွင် သုံးနေသ၍ လုံးဝအန္တရာယ်ကင်းပါသည်။

 

အနာဆေးသည့် ပိုးသတ်ဆေးများ

-DETTOL (LIQUID & CREAM)-IODINE (BETADINE, DERMOBACTER)

-HYDROGEN PEROXIDE

-BAKING SODA


Source : myanmarpeoplemagazine

Health Products Directory

Read times
Rate this item
(1 Vote)