What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 05 April 2019 12:50

သင်္ကြန်မှာ အရက်နာမကျစေဖို့ အကောင်းဆုံးနည်လမ်းလေးများ

သင်္ကြန်လာတော့မယ်.... ။

သင်္ကြန်လေးရက်လုံးအရက်နာမကျစေဖို့ အကောင်းဆုံးနည်လမ်းလေးတွေကိုဖော်ပြပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ။ ဒါကြောင့်မလို့ အရက်သောက်တာများလို့ ဖြစ်ဖြစ် ခါတိုင်း လစ်မစ်(Limit)ထက်ကျော် သွားလို့ ဖြစ်ဖြစ် နောက်မနက် လန်းလန်းဆန်းဆန်း နဲ့ တနေ့တာခရီးဆက် နိုင်ရန် အောက်ပါ အရာလေးတွေ နဲ့ လက်တွဲလိုက်ရအောင် ။

 

အုန်းရေ

အရက်နာကျသူများအတွက်ကတော့အကောင်းဆုံ သက်သာနိုင်ပြီး မြန်မြန် နလံထူနိုင်ဖို့ နည်းလမ်းက အုန်းရေသောက်ခြင်းပါပဲ။ အုန်းရေ တခွက်မှာ ပိုတက်ဆီယမ်တွေအများကြီးပါဝင်တော့ bro တို့သောက်ခဲ့တဲ့ အရက်ကြောင့်ဆုံးရှုံးသွားတဲရေဓာတ်တွေကိုအမြန်ဆုံးပြန်လည်ဖြည့်တင်ပေးနိုင်ပါတယ်။ ဒီတော့ အရက်ဝယ်နေရင်း အုန်းရေဝယ်ဖို့ မမေ့ ပါနဲ့ ။ တစ်ညလုံကစ်မယ် တစ်ညလုံဆွဲမယ်ဆိုတဲ့  အကိုတွေကိုတော့အမြည်းလေးတစ်ခုကိုအကြံပေးချင်ပါတယ်။

 

ကညွတ်

အရက်မသောက်ခင်နဲ့ အရက်သောက်ပြီးတဲ့ အချိန်တိုင်းကညွတ်ကိုစားပေးသင့်ပါတယ်။ ဘာလို့ လဲဆိုတော့ ကညွတ်မှာပါတဲ့ အမိုင်နိုအက်ဆစ်က ခန္ဓာကိုယ်ဆဲလ်တွေက အယ်လ်ကိုဟောကို ချေဖျက်နိုင်စွမ်း ကိုတိုးစေနိုင်ပါတယ်။ဒါ့အပြင် အရက်နာကျပြီး ပင်ပန်းတဲ့ ဒဏ်ကိုလည်းသက်သာစေပါတယ်။အရက်ကြာကြာသောက်နိုင်ဖို့ ကညွတ်စားကြစို့ ။

 

Sprite

နောင်ထပ်အရက်နာကျတာကိုသက်သာစေတဲ့ နည်းတစ်ခုက Sprite သောက်တာပါပဲအရက်သောက်လိုက်အခါ ခန္ဓာကိုယ်က Acetaldehyde ဓာတ်တစ်မျိုးထွက်လာပါတယ်။ အဲ့ ဓာတ်က sprite သို့  Soda ပါတဲ့ အရည်တစ်ခုခုသောက်လိုက်ရင် Acetaldehyde ကနေAcetate ကိုပြောင်းပြီး အရက်နာကျတာကိုမြန်မြန်သက်သာစေပါတယ်။

 

Read More : ဝက်ခြံ တွေအတွက် အသုံးပြုလေ့ရှိတဲ့ ပဋိဇီဝဆေးဝါးများ

 

ကြက်ဥ

ကြက်ဥ မှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ် စစ်စတင်း( the amino acid cysteine) က အရက်နာကျစေတဲ့ Acetaldehyde ကိုဖြိုခွဲပေးပါတယ်။ ထို့ကြောင့် ကြက်ဥ ကို ကြော်စားစား ပြုတ်စားစား ချက်စားစား စားပေးခြင်းဖြင့် အရက်နာ ကျတာကို ကာကွယ်နိုင်ပါတယ်။


ပျားည်

ပျားရည် ဟာ ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။ ပျားရည်မှာ ပါတဲ့ ဖရူတိုစ့်(fructose)ပါဝင်ပါတယ် ။ ခန္ဓာကိုယ်က ဒီ ဖရူတိုစ့် ဓာတ်ကို ခြေဖျက်ချိန်မှာ ခန္ဓာကိုယ်တွင်းကျန်တဲ့ အရက်တွေကို မြန်မြန် ချေဖျက်စေပါတယ် ။

 

သံပုရာရေ

သံပုရာ ရည်တခွက်သောက်လိုက်ခြင်းဖြင့် အသည်းက အရက်ကို ချေဖျက်ရာမှာ ပိုမို မြန်ဆန်စေပြီး ပျက်ဆီးသွားတဲ့ အသည်း တစ်ရှူး တွေ ပြန်ကောင်းမွန်အောင် ကူညီပေးပါသတဲ့။ သံပုရာသီးမှာ ပါဝင်တဲ့ ဗီတာမင် စီက တနေ့လုံးလန်းဆန်းစေပြီး အသည်းရောင် တာကိုလည်း ကာကွယ်ပေးလို့ သောက်ဖို့ လိုအပ်ပါသည်။

 

ဂျင်းပြုတ်ရည်

အရက်နာကျလို့ မအီမသာ ပျို့ချင် အန်ချင် ဖြစ်နေရင် ဂျင်းကို ဒီအတိုင်းမစားနိုင်ပါက ဂျင်းပြုတ် ရည်နွေးနွေး လေးဖြစ်ဖြစ် (သို့) ဂျင်းဖျော်ရည်အေးအေးလေး သောက်ပေးပါ ။ ဘော်ဘော်တွေသိအောင်လည်း Share ပေးလို့ ရပါတယ်ခင်ဗျာ။

 

REf; Health Guide

Phyo Sat

Read times
Rate this item
(1 Vote)