What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 06 May 2019 12:01

ဓမ္မတာလာချိန်အတွင်း နာကျင် ၊ ကိုက်ခဲခြင်းကို ပိုဖြစ်စေနိုင်တဲ့ အစားအစာ ၇ မျိုး

အမျိုးသမီးတွေမှာ ဓမ္မတာလာချိန်အတွင်း နာကျင် ၊ ကိုက်ခဲခြင်းတွေနဲ့အတူ ပင်ပန်းနွယ်နယ်ခြင်း ၊ ဒေါသဖြစ်လွယ်ခြင်း ၊ ဆီးခုံနား ကိုက်ခဲခြင်းတွေကိုပါ တွဲဖက် ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒီလိုရောဂါ လက္ခဏာက တစ်ချို့တွေမှာ ဆိုးဆိုးဝါးဝါးဖြစ်လေ့ရှိပြီး ထထိုင် ၊ လှုပ်ရှားဖို့အတွက်တောင် ခက်ခဲလေ့ရှိပါတယ်။ ဒီလိုအချိန်တွေမှာ အစားအသောက်တွေကို မှန်ကန်စွာ ရွေးချယ်စားသောက်မယ်ဆိုရင် ၎င်းရောဂါ လက္ခဏာတွေကို သက်တောင့်သက်သာရှိစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အောက်ဖော်ပြမယ့် အစားအစာ ၇ မျိုးကို ဓမ္မတာလာချိန်အတွင်း စားသောက်မိမယ်ဆိုရင်တော့ နာကျင် ၊ ကိုက်ခဲခြင်းတွေကို ပိုဖြစ်စေမှာ ဖြစ်ပါတယ်။

 

၁။ ကော်ဖီ

Image result for Coffee

ဓမ္မတာလာချိန်မှာ ကော်ဖီကို သောက်သုံးမယ်ဆိုရင် သွေးကြောလေးတွေကို ကျဉ်းမြောင်သွားစေပြီး ဓမ္မတာသွေးဆင်းခြင်းကို နည်းစေတာကြောင့် နာကျင် ၊ ကိုက်ခဲခြင်းကို ပိုဖြစ်စေပါတယ်။ ဓမ္မတာသွေးဆင်းမှုနည်းခြင်းက သင့်ကို သက်တောင့်သက်သာ မရှိစေနိုင်တဲ့ အပြင် ဗိုက်အောင့်ခြင်းတွေကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။

 

၂။ ပြန်လည်သန့်စင်ထားတဲ့ သကြား

Image result for Refined sugar

ပြန်လည်သန့်စင်ထားတဲ့ သကြားတွေက သင့်ခန္ဓာကိုယ်မှာရှိတဲ့ အချိုဓာတ်တွေကို အတက် ၊ အကျ ဖြစ်စေနိုင်တာကြောင့် သွေးကြောငယ်လေးတွေကို ရောင်ရမ်းခြင်း ဖြစ်ပေါ်စေပြီး ဗိုက်အောင့်ခြင်းတွေကို ပိုဆိုးစေနိုင်ပါတယ်။

 

၃။ နို့ နှင့် နို့ထွက်ပစ္စည်း

Related image

နို့ နှင့် နို့ထွက်ပစ္စည်း တွေမှာ arachidonic acid ဓာတ်ပါဝင်တာကြောင့် နို့ နှင့် နို့ထွက်ပစ္စည်းတွေကို ဓမ္မတာလာချိန်အတွင်း အများအပြာ စားသုံးမယ်ဆိုရင် နာကျင် ကိုက်ခဲခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

၎။ ဆီကြော်စာ

Image result for Fatty food

ဆီကြော်စာကို ဓမ္မတာလာချိန်အတွင်း စားသုံးမယ်ဆိုရင် သားအိမ်ကို ကျဉ်းမြောင်းသွားစေတာကြောင့် ဝမ်းဗိုက် နာကျင် ၊ ကိုက်ခဲခြင်းတွေကို ပိုဖြစ်စေနိုင်ပါတယ်။

 

 

၅။ အသင့်စား အစားအစာ

Related image

အသင့်စား အစားအစာတွေကို ဓမ္မတာလာချိန်အတွင်း အစာပြေသဘောအဖြစ် စားသုံးခြင်းကို ရှောင်ကျဉ်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ အသင့်စား အစားအစာတွေက နာကျင် ကိုက်ခဲခြင်းတွေ နဲ့ ဝမ်းဗိုက်နာကျင်ခြင်းကို လှုံဆော်ပေးနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

 

၆။ အငန်ဓာတ်ပါဝင်သော အစားအစာ

Related image

ဓမ္မတာလာချိန်အတွင်း အငန်ဓာတ်ပါဝင်တဲ့ အစားအစာတွေကို ရှောင်ကျဉ်ဖို့လိုပါတယ်။ အငန်ဓာတ်ပါဝင်တဲ့ အစားအစာတွေက ရောင်ရမ်းခြင်းတွေကို ဖြစ်စေတဲ့အပြင် ရေအိတ်တည်ခြင်းကိုပါ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

 

၇။ ချောကလက်

Related image

ဓမ္မတာလာချိန်အတွင်းမှာ ချောကလက်စားလိုက်တာနဲ့ နာကျင် ၊ ကိုက်ခဲခြင်းတွေကို အားပေးရာ ရောက်စေပြီး နေ့စဉ်ရက်ဆက် နာကျင် ကိုက်ခဲခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဓမ္မတာလာချိန်အတွင်း ချောကလက် စားသုံးခြင်းကို ရှောင်ကျဉ်ဖို့ လိုပါတယ်။

 

Translated By : A.Win (Health Products Directory)
Ref:E-Times

Read times Last modified on Monday, 06 May 2019 12:15
Rate this item
(3 votes)