ဒူး ဒုက္ခပေးရင် မျက်ရည်ကျလောက်အောင်နာကျင်တယ်။
ဒူးနာနေပြီဆိုရင် ခြေထောက်ကထောက်နိုင်စွမ်းနည်း ကာပိုပြီး နာကျင်စရာတွေ ကြုံရနိုင်ပါတယ်။ ဆေးပညာသဘောအရ အဆစ်နာ၊ အဆစ်ရောင်ရောဂါများကို အုပ်စုကြီးသုံးခု ခွဲထားခြားထားပါတယ်။ ရောင်ရမ်း အဆစ်ရောင်ရောဂါ (Inflammatory) ၊ ဇီဝဓာတုဓာတ်ပစ္စည်းများကြောင့်ဖြစ်တဲ့ အဆစ်ရောင်ရောဂါ (Metabolic) နှင့် ဒဏ် ၊ ဇရာတို့ကြောင့်ဖြစ်တဲ့ အဆစ်ရောင်ရောဂါ (Degenerative) ဆိုပြီးဖြစ်ပါတယ်။ ယင်းအုပ်စုတစ်ခုစီ တွင် ထူးခြားချက်များရှိပါတယ်။ ဘယ်နှ ဆစ်၊ ဘယ်အဆစ်၊ ဘယ်လောက် ကြာကြာနာ ၊ ဘယ်အချိန်မှာနာ စသည်တို့က မည်သည့်အဆစ်ရောင် ရောဂါဟူ၍ ကွဲပြားစေပါတယ်။
ဟုတ်ပြီ.. ဒီဝေဒနာကို ပျောက်ကင်းအောင် ဘယ်လိုလုပ်ကြမလဲ ????
မေလ ၂၅ ရက် (စနေနေ့) တွင် အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၏ အရိုး၊ အကြော၊ အဆစ် ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဦးစောထွဋ်မှ ဒူးကျီးပေါင်းနာနဲ့ ပတ်သက်ပြီး ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
ဒါအပြင် အကြော၊ အဆစ်ပြန်လည်သန် စွမ်းရေး အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါ်ခင်စောဦးမှလည်း ဒူးနာခြင်း ကင်းဝေစေရန် နှင့် ပြန်လည်သန်းစွမ်းရေးကုထုံးများနှင့် ပတ်သက်ပြီး ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါဆွေးနွေးပွဲကို စိတ်ဝင်စားသူတိုင်း မည်သူမဆို တက်ရောက်နိုင်မှာလည်း ဖြစ်ပါတယ်။
အချိန် - နံနက် ၈ နာရီ မှ နံနက် ၁၁နာရီ အထိ
နေ့ရက် - ၂၅ရက်၊ မေလ၊ ၂၀၁၉ခုနှစ် (စနေနေ့)
နေရာ - အာယု အင်တာနေရှင်နယ်ဆေးရုံကြီး ၊ အမှတ် ၄၀၀၊ ကျိုက္ကဆံလမ်း (တာမွေဈေးဟောင်းမှတ်တိုင်အနီး)၊ တာမွေမြို့နယ်၊ ရန်ကုန်။
ဆက်သွယ်ရန် - (ဝ၁) ၉၃၇၆၂ဝဝ ။