What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 19 August 2019 17:58

မ်က္စိပါဝါကို ေလဆာ နဲ႔ ေဖ်ာက္ေတာ့မယ္ဆိုရင္ သိထားသင့္ေသာ အခ်က္မ်ား

အျမင္အာရံုခ်ိဳ႕ယြင္းမႈ ျပႆနာဆိုတာကေတာ့ အမ်ိဳးမ်ိဳးရွိပါတယ္။

ဒီလိုအမ်ိဳးမ်ိဳးေတြထဲက အျဖစ္မ်ားတာကေတာ့ အေဝးမႈန္ (Myopia) ၊ အနီးမႈန္ (Hyperopia) ၊ ဆလင္ဒါ (Astigmatism) စတဲ့ အျမင္ပိုင္ဆိုရင္ ခ်ိဳ႕ယြင္းျခင္းတို႔ ျဖစ္ပါတယ္။

 

ဒီလိုခ်ိဳ႕ယြင္းျခင္းေတြေၾကာင့္ ဒြန္းတြဲပါလာတာကေတာ့ ပါဝါလိုအပ္လာျပီးဆိုရင္ မ်က္မွန္ ဒါမွမဟုတ္ မ်က္ကပ္မွန္မ်ားကို တပ္ဆင္ျပီး အျမင္အာရံုကို ျပန္လည္ရရွိလာေအာင္ ျပဳလုပ္ေလ့ရွိပါတယ္။ ဒီလိုနည္းလမ္းေတြအျပင္ ေလဆာ နဲ႕ အျမင္အာရံု ျပန္လည္ျပဳျပင္ျခင္း ျပဳလုပ္ေတာ့မယ္ဆိုရင္ သိထားသင့္ အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

 

အေဝးမႈန္ (Myopia) ၊ အနီးမႈန္(Hyperopia) ၊ ဆလင္ဒါ (Astigmatism) စတဲ့ အျမင္အာ႐ံုပိုင္း ဆိုင္ရာ ျပႆနာရွိေနသူေတြ နဲ႔ မိမိကိုယ္တိုင္ ဆႏၵ ရွိမယ္ဆိုရင္ ေလဆာနဲ႔ ပါဝါကို ေဖ်ာက္လို႔ ရပါတယ္။

 

ပထမဦးဆံုးအေနနဲ႔ လူတိုင္သိျခင္းတဲ့ အေျဖတစ္ခုကေတာ့ ေလဆာ နဲ႔ ပါဝါ ေဖ်ာက္မယ္ဆို အႏၱရာယ္ရွိႏိုင္မလား ဆိုတာဘဲ ျဖစ္ပါတယ္။ ေလဆာ နဲ႔ ပါဝါေဖ်ာက္မယ္ဆိုင္ အႏၱရာယ္မရွိႏိုင္ပါဘူး။ ေလဆာ နဲ႔ ပါဝါ ေဖ်ာက္တဲ့အခါ ေမ့ေဆးေပးျပီး ခြဲစိတ္စရာမလို သလို နာက်င္မႈမရွိပဲ အျပင္ဆံုးမွာရွိတဲ့ မ်က္ၾကည္လႊာကိုသာ ေလဆာနဲ႔ ျပဳျပင္တာ ျဖစ္ပါတယ္။

 

ေလဆာျဖင့္ မ်က္စိပါဝါေဖ်ာက္တဲ့အခါမွာ နာက်င္မႈမရွိတာေၾကာင့္ ေဆးရံုတြင္ ညအိပ္စရာမလိုတာကေတာ့ အားသာခ်က္တစ္ခုလိုလည္း ေျပာလို႔ ရပါတယ္။

 

မ်က္စိစမ္းသပ္ခန္းေပါင္း ၁၀၀ ေက်ာ္ကို ဝင္ေရာက္ၾကည္႔ရန္ ႏွိပ္ပါ

Related image

 

ေလဆာ နဲ႔ မ်က္စိပါဝါေဖ်ာက္ခ်င္တဲ့သူ အေနျဖင့္ အနည္းဆံုး အသက္ ၁၈ ႏွစ္ျပည့္ျပီးသူျဖစ္ျပီး ၊ က်န္းမာေရး ေကာင္းသူ ျဖစ္ရပါမယ္။ မ်က္စိ နဲ႔ ပတ္သက္ျပီး တျခားေသာ ေရာဂါေဝဒနာ ၊ မ်က္စိေရာဂါ မရွိသူျဖစ္ဖို႔ လိုပါတယ္။ ဒါ့အျပင္ မ်က္မွန္ ပါဝါတည္ျငိမ္သူျဖစ္ဖို႔လည္း လိုပါတယ္။

 

ေလဆာ နဲ႔ မ်က္စိပါဝါ ေဖ်ာက္ေတာ့မယ္ဆိုရင္ မ်က္စိ ႏွင့္ ပတ္သက္ျပီး အၾကိဳစစ္ေဆးျခင္းမ်ား ျပဳလုပ္ျခင္း ၊ က်ြမ္းက်င္ဆရာဝန္မ်ားျဖင့္ တုိင္ပင္ေဆးေႏြးျခင္းမ်ားကို ျပဳလုပ္ဖို႔ လိုပါတယ္။

 

က်ြမ္းက်င္ဆရာဝန္မ်ား နဲ႕ တုိင္ပင္ျပီး အေျဖေကာင္းထြက္လ်ွင္ ရက္ပိုင္းအတြင္း ေလဆာျဖင့္ မ်က္စိပါဝါကို ေဖ်ာက္လို႔ ရပါျပီး။

 

Written by Aung Win (Health Products Directory)

 

{Unicode}

========

မျက်စိပါဝါကို လေဆာ နဲ့ ဖျောက်တော့မယ်ဆိုရင် သိထားသင့်သော အချက်များ

အမြင်အာရုံချို့ယွင်းမှု ပြဿနာဆိုတာကတော့ အမျိုးမျိုးရှိပါတယ်။ ဒီလိုအမျိုးမျိုးတွေထဲက အဖြစ်များတာကတော့ အဝေးမှုန် (Myopia) ၊ အနီးမှုန် (Hyperopia) ၊ ဆလင်ဒါ (Astigmatism) စတဲ့ အမြင်ပိုင်ဆိုရင် ချို့ယွင်းခြင်းတို့ ဖြစ်ပါတယ်။ ဒီလိုချို့ယွင်းခြင်းတွေကြောင့် ဒွန်းတွဲပါလာတာကတော့ ပါဝါလိုအပ်လာပြီးဆိုရင် မျက်မှန် ဒါမှမဟုတ် မျက်ကပ်မှန်များကို တပ်ဆင်ပြီး အမြင်အာရုံကို ပြန်လည်ရရှိလာအောင် ပြုလုပ်လေ့ရှိပါတယ်။ ဒီလိုနည်းလမ်းတွေအပြင် လေဆာ နဲ့ အမြင်အာရုံ ပြန်လည်ပြုပြင်ခြင်း ပြုလုပ်တော့မယ်ဆိုရင် သိထားသင့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 

အဝေးမှုန် (Myopia) ၊ အနီးမှုန်(Hyperopia) ၊ ဆလင်ဒါ (Astigmatism) စတဲ့ အမြင်အာရုံပိုင်း ဆိုင်ရာ ပြဿနာရှိနေသူတွေ နဲ့ မိမိကိုယ်တိုင် ဆန္ဒ ရှိမယ်ဆိုရင် လေဆာနဲ့ ပါဝါကို ဖျောက်လို့ ရပါတယ်။

 

ပထမဦးဆုံးအနေနဲ့ လူတိုင်သိခြင်းတဲ့ အဖြေတစ်ခုကတော့ လေဆာ နဲ့ ပါဝါ ဖျောက်မယ်ဆို အန္တရာယ်ရှိနိုင်မလား ဆိုတာဘဲ ဖြစ်ပါတယ်။ လေဆာ နဲ့ ပါဝါဖျောက်မယ်ဆိုင် အန္တရာယ်မရှိနိုင်ပါဘူး။ လေဆာ နဲ့ ပါဝါ ဖျောက်တဲ့အခါ မေ့ဆေးပေးပြီး ခွဲစိတ်စရာမလို သလို နာကျင်မှုမရှိပဲ အပြင်ဆုံးမှာရှိတဲ့ မျက်ကြည်လွှာကိုသာ လေဆာနဲ့ ပြုပြင်တာ ဖြစ်ပါတယ်။

 

လေဆာဖြင့် မျက်စိပါဝါဖျောက်တဲ့အခါမှာ နာကျင်မှုမရှိတာကြောင့် ဆေးရုံတွင် ညအိပ်စရာမလိုတာကတော့ အားသာချက်တစ်ခုလိုလည်း ပြောလို့ ရပါတယ်။

 

လေဆာ နဲ့ မျက်စိပါဝါဖျောက်ချင်တဲ့သူ အနေဖြင့် အနည်းဆုံး အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ပြီး ၊ ကျန်းမာရေး ကောင်းသူ ဖြစ်ရပါမယ်။ မျက်စိ နဲ့ ပတ်သက်ပြီး တခြားသော ရောဂါဝေဒနာ ၊ မျက်စိရောဂါ မရှိသူဖြစ်ဖို့ လိုပါတယ်။ ဒါ့အပြင် မျက်မှန် ပါဝါတည်ငြိမ်သူဖြစ်ဖို့လည်း လိုပါတယ်။

လေဆာ နဲ့ မျက်စိပါဝါ ဖျောက်တော့မယ်ဆိုရင် မျက်စိ နှင့် ပတ်သက်ပြီး အကြိုစစ်ဆေးခြင်းများ ပြုလုပ်ခြင်း ၊ ကျွမ်းကျင်ဆရာဝန်များဖြင့် တိုင်ပင်ဆေးနွေးခြင်းများကို ပြုလုပ်ဖို့ လိုပါတယ်။

 

ကျွမ်းကျင်ဆရာဝန်များ နဲ့ တိုင်ပင်ပြီး အဖြေကောင်းထွက်လျှင် ရက်ပိုင်းအတွင်း လေဆာဖြင့် မျက်စိပါဝါကို ဖျောက်လို့ ရပါပြီး။

Written by Aung Win (Health Products Directory)

Read times Last modified on Monday, 30 December 2019 15:36
Rate this item
(3 votes)