What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 01 October 2019 09:57

အရေပြားအတွက် အာဟာရဖြည့်ဝစေမယ့် Bio-Oil

အရေပြားအလှအပအတွက် လိုအပ်တဲ့ အာဟာရကို

ပြန်လည်ဖြည့်ဆည်းပေးတဲ့ ဒြပ်သတ္တိတွေရှိတဲ့ Bio-Oil က အရေပြားပေါ်မှာ ထင်ကျန်ရစ်တတ်တဲ့ အမာရွတ်တွေ၊ အသားရောင် မညီတာတွေ၊ အရေပြား အိုမင်းရင့်ရော်တာတွေနဲ့ အစိုဓာတ်ခမ်းခြောက်တဲ့ ပြဿနာတွေနဲ့ အကြောပြတ်ရာတွေကို သက်သာ ပျောက်ကင်းစေပါသေးတယ်။ ဟော်မုန်းဓာတ် ထုတ်လုပ်မှု မညီညာတာ၊ အသားဖြူဆေးတွေ သုံးစွဲလို့ ဖြစ်လာတဲ့ ပြဿနာတွေ၊ နေလောင်ဒဏ်တွေကိုလည်း ပြန်လည် ကုစားပေးနိုင်ပါသတဲ့။ ရာသီဥတုဒါဏ်နဲ့ ဓာတုဗေဒဆေးဝါးတွေ သုံးစွဲထားမိရင်လည်း ဖြစ်တတ်တဲ့ အရေပြား ခြောက်သွေ့တာတွေအတွက် အာဟာရပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။

 

သာမန်အချိန်တွေ အတွက်တင်မကပါဘူး။ Bio-Oil ရဲ့ အားသာချက်က ကိုယ်ဝန်ဆောင်ချိန်တွေ၊ ဆယ်ကျော်သက်တွေ ကြီးထွားဖွံ့ဖြိုးချိန်နဲ့ ကိုယ်အလေးချိန် အလျင်အမြန် တိုးလာချိန်တို့မှာ ဖြစ်တတ်တဲ့ အရေပြားပေါ်က အကြောပြတ်ရာတွေနဲ့ အကြောပြတ်ရာ ဖြစ်ပွားနိုင်ခြေတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

 

ကြိုကြိုတင်တင်သာ လိမ်းထားမိပါစေပေါ့။ အခုလို အပြောင်းအလဲများတဲ့ ရာသီဥတုအောက်မှာ ရေချိုးမှားတာ၊ ရေချိုးများတာ၊ အဲကွန်းတွေအပြည့်နဲ့ အလုံပိတ်ရုံးခန်းထဲ တစ်နေကုန် အလုပ်ဆင်းရတာမို့ အသားအရေ ခြောက်တာစတဲ့ ပြဿနာတွေကို Bio-Oil က အကူအညီ ပေးနိုင်ပါတယ်တဲ့။ သူ့မှာက သဘာဝအဆီအနှစ်တွေ ပါတယ်လေ။

 

Bio-oil.jpg

 

Bio-Oil မှာက ဗီတာမင် အီး၊ ဗီတာမင် အေ၊ ရို့စ်မာရီ ပန်းအဆီ၊ ကာလန်ဒျူလာပန်းအဆီ၊ လာဗင်ဒါပန်းအဆီ၊ ကမ်မိုမိုင်းလ်ပန်းအဆီ၊ ပါလ်ဆယ်လင်းပန်းအဆီတွေ ပါတယ်။ အရေပြားကို အသစ်ဖြစ်စေတဲ့၊ အာဟာရဖြည့်တင်းပေးတဲ့ ဂုဏ်သတ္တိတွေ ရှိတာဆိုတော့ တစ်နေ့ပြီးတစ်နေ့ လေဒဏ်၊ ရေဒဏ်၊ ပတ်ဝန်းကျင်ဒဏ်တွေအောက် ပျက်စီးယိုယွင်းလာတဲ့ အရေပြားအတွက် နေ့စဉ် ကြိုတင် သုံးစွဲထားမယ်ဆိုရင် အရေပြားကြောင့် ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို စိုးရွံ့စရာ မလိုတော့ဘူးပေါ့။

 

(Zawgyi)

-----------



 


 


 

Bio-oil.jpg

 


Read times Last modified on Friday, 07 February 2020 14:47
Rate this item
(1 Vote)