What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 06 October 2019 02:11

အကိုက္အခဲေပ်ာက္ေဆးႏွင့္ အစာအိမ္အူလမ္းေၾကာင္းအႏၱရာယ္

စတီး႐ိြဳက္မဟုတ္ေသာ အကိုက္အခဲေပ်ာက္ေဆး ( Non Steroidal Anti-inflammatoryDrug - NSAID) ေတြဟာ ယေန႔ ကမၻာတစ္ဝန္းလံုးမွာ အသံုးအမ်ားဆံုးေဆး မ်ားထဲမွ တစ္ခုအပါအဝင္ျဖစ္ပါတယ္။

ဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြ ျဖစ္တဲ့ အေမရိကန္တု႔ိလို ႏိုင္ငံမ်ဳိးေတြမွာေတာင္ စုစုေပါင္း လူဦးေရရဲ႕ ၅ ဒသမ ၄ ရာခုိင္ႏႈန္း၊ လူ ၁၃ သန္းေက်ာ္ဟာ အကိုက္အခဲေပ်ာက္ေဆးတစ္မ်ဳိးမ်ဳိးကို ေသာက္သံုးေနရၿပီး လူတစ္ေသာင္းမွ ႏွစ္ေသာင္းခန္႔ အထိ အကိုက္အခဲေပ်ာက္ ေဆးရဲ႕ ေဘးထြက္ဆိုးက်ဳိးေတြေၾကာင့္ ႏွစ္စဥ္ေသဆံုး လ်က္ရွိတာကိုေတြ႕ရပါတယ္။ 

 

ဒါ့ေၾကာင့္ အကိုက္အခဲ ေပ်ာက္ေဆးေတြရဲ႕ ေနာက္ဆက္တြဲအႏၱရာယ္ေတြကို ျပည္သူ လူထုအေနနဲ႔ ပိုမိုသတိထားမိေစရန္ရည္ရြယ္ၿပီး ေဖာ္ျပေပး လိုက္ပါတယ္။

 

NSAID အကိုက္အခဲေပ်ာက္ေဆးေတြရဲ႕သမိုင္းေၾကာင္း

 

NSAID အကိုက္အခဲေပ်ာက္ေဆးမ်ားကို ေရွးေခတ္ ၁၉ ရာစုမွ ဂရိေဆးပညာရွင္ Hippocrates မွ Willow Bark ဟုေခၚေသာ မိုးမခပင္ရဲ႕အေခါက္ကို အသံုးျပဳၿပီး ေဖာ္စပ္ခဲ့ပါတယ္။ ဖ်ားနာေနေသာသူမ်ားတြင္ စတင္အသံုး ျပဳခဲ့ၿပီးေနာက္ပိုင္းမွာ ဓာတုပညာရွင္မ်ားက အဆင့္ဆင့္ ဓာတ္ခဲြသန္႔စင္ၿပီးစမ္းသပ္အသံုးျပဳ လာခဲ့ၾကပါတယ္။

 

၁၈၉၇ ခုႏွစ္မွာ Bayer ေဆးကုမၸဏီမွ Salicylic acid ကို Acetylsalicylic acid အျဖစ္ အသြင္ေျပာင္းလိုက္ၿပီး Aspirin ဆိုတဲ့နာမည္ေပးကာ စတင္ထုတ္လုပ္ခဲ့ပါတယ္။ ၁၉၅ဝ ျပည့္ႏွစ္ကစတင္ၿပီး NSAID ေတြကိုပိုမိုတြင္က်ယ္စြာ အသံုးျပဳလာၾကပါတယ္။ 

 

၂ဝဝ၁ ခုႏွစ္မွာဆိုရင္ အေမရိကန္ ႏိုင္ငံမွာ NSAID ႏွစ္စဥ္ ဘီလီယံ ၃ဝ ခန္႔ထိေရာင္းခ်ရ သည္အထိ တြင္က်ယ္လာခဲ့ပါတယ္။ NSAID အကိုက္အခဲေပ်ာက္ေဆးအုပ္စုမ်ား NSAID လို႔ေခၚ တဲ့ အကိုက္အ ခဲေပ်ာက္ေဆးေတြကို ေယဘုယ်အားျဖင့္ အုပ္စုႏွစ္စုခဲြျခားႏိုင္ပါတယ္။

 

ပထမအုပ္စုကေတာ့ ေရွးယခင္က စတင္ထြက္ေပၚခဲ့ ေသာအကိုက္အခဲေပ်ာက္ေဆးမ်ား(Traditional NSA-ID eg; Naproxen, Ibuprofen, Diclofenac) ျဖစ္ၿပီး ဒုတိယအုစ္စုကေတာ့ ယခုေနာက္ပိုင္းမွ ေပၚထြက္လာ ေသာ အကိုက္အခဲေပ်ာက္ေဆးမ်ား( Selecive COX-2 inhibitors eg; Celecoxib, Rofecoxib) တို႔ပဲ ျဖစ္ပါ တယ္။

 

NSAID အကိုက္အခဲေပ်ာက္ေဆးမွရရွိေသာ ေကာင္းက်ဳိးမ်ား

 

NSAID အကိုက္အခဲေပ်ာက္ေဆးေတြက ရရွိတဲ့ ေကာင္းက်ဳိးေတြကေတာ့ နာက်င္ကိုက္ခဲျခင္းအမ်ဳိးမ်ဳိးကို သက္သာေစႏိုင္ပါတယ္။ ဥပမာ- ဒူးနာျခင္း၊ ခါးနာျခင္း၊ ေခါင္းကိုက္ျခင္း၊ သြားကိုက္ျခင္း၊ ခြဲစိတ္ၿပီးနာက်င္ကိုက္ခဲ ျခင္း၊ ဓမၼတာလာစဥ္ကိုက္ခဲျခင္း စသည္တို႔ကို သက္သာေစႏိုင္ ပါတယ္။ ဒါ့အျပင္ NSAID အကိုက္အခဲေပ်ာက္ ေဆးေတြဟာ အဖ်ားက်ေစျခင္း၊ အေရာင္က်ေစျခင္းစတဲ့ ေကာင္းက်ဳိး ေတြကိုလည္းရရွိေစပါတယ္။ 

 

ဥပမာ-အမ်ဳိးမ်ဳိးေသာ အေၾကာ ေရာင္၊ အဆစ္အမ်က္ေရာင္ေရာဂါမ်ား၊ အ႐ိုးေရာဂါအမ်ဳိးမ်ဳိး၊ ၾကြက္သားေရာဂါ အမ်ဳိးမ်ဳိးတို႔ကို သက္သာေစႏိုင္ပါတယ္။ တခ်ဳိ႕ NSAID အကိုက္အခဲေပ်ာက္ေဆးေတြဆိုရင္ ေသြးက်ဲ ေစတဲ့ အာနိသင္ရွိတဲ့ အတြက္ေၾကာင့္ ႏွလံုးႏွင့္ပတ္သက္ေသာ ေရာဂါမ်ား၊ ေလျဖတ္ေရာဂါကို ကာကြယ္ရန္ႏွင့္ အူမႀကီး ကင္ဆာကာကြယ္ရန္ တြင္တြင္က်ယ္က်ယ္အသံုးျပဳေနၾကၿပီ ျဖစ္ပါတယ္။ 

 

NSAID အကိုက္အခဲေပ်ာက္ေဆးမွရရွိေသာဆိုးက်ဳိးမ်ား

 

NSAID အကိုက္အခဲေပ်ာက္ေဆးေတြဟာ အထက္ ေဖာ္ျပပါေကာင္းက်ဳိးေတြသာမက ဆိုးက်ဳိးေတြကိုလည္း ရရွိ ေစႏိုင္ပါတယ္။ NSAID အကိုက္အခဲေပ်ာက္ေဆးမွရရွိႏုိင္တဲ့ ဆိုးက်ဳိး ေတြကေတာ့ အစာအိမ္ႏွင့္အူလမ္းေၾကာင္း ေရာဂါေတြျဖစ္တဲ့ အစာအိမ္အနာျဖစ္ျခင္း၊ အစာအိမ္ေသြးေၾကာေပါက္ျခင္း၊ အစာအိမ္ႏွင့္ အူသိမ္ေပါက္ျခင္း၊ အူမႀကီးအနာျဖစ္ျခင္း ေပါက္ျခင္း၊ အစာေရမ်ဳိျပြန္ေရာင္ျခင္းတို႔ကို ျဖစ္ေစပါတယ္။ 

 

ဒါ့အျပင္ ေက်ာက္ကပ္မွ ေသြးရရွိမႈနည္းၿပီး ေက်ာက္ကပ္ ပ်က္စီးျခင္း၊ ဦးေႏွာက္ေသြးယိုစီးမႈျဖစ္ေစျခင္း၊ ကိုယ္ဝန္ေဆာင္ ႏွင့္ ႏုိ႔တုိက္မိခင္ေတြမွာ မိခင္သာမကသေႏၶသားႏွင့္ ကေလး ငယ္ကိုပါ အႏၱရာယ္ျဖစ္ေစျခင္း၊ တခ်ဳိ႕ေသာသူေတြမွာ ဓာတ္ မတည့္တဲ့ လကၡဏာေတြခံစားရျခင္းနဲဲ႔ တျခားေသာဆိုးက်ဳိး မ်ားစြာကိုလည္း ရရွိေစႏုိင္ပါတယ္။

 

NSAID အကိုက္အခဲေပ်ာက္ေဆးမွရရွိေသာဆိုးက်ဳိး မ်ားကိုပိုမိုခံစားရႏိုင္ေသာသူမ်ားမွာ အသက္အရြယ္ႀကီး သူမ်ား ( အသက္ ၆ဝ ေက်ာ္)၊ အရင္ကအစာအိမ္ေရာဂါျဖစ္ဖူးသူမ်ား၊ အစာအိမ္ေသြးေၾကာေပါက္ဖူးသူမ်ား၊ အကိုက္အခဲေပ်ာက္ ေဆးအလြန္အကြၽံသံုးစြဲသူမ်ား၊ အကိုက္အခဲေပ်ာက္ေဆး တစ္မ်ဳိးထက္ပိုၿပီးသံုးစဲြသူမ်ား၊ ေသြးက်ဲေဆး၊ စတီး႐ိြဳက္ေဆး မ်ားႏွင့္ NSAID အကိုက္အခဲေပ်ာက္ေဆးကို တြဲေသာက္ ေနရသူမ်ား၊ အစာအိမ္ေရာဂါပိုးရွိသူမ်ား၊ ႏွလံုးေရာဂါအခံ ရွိသူမ်ား၊ ျပင္းထန္ေသာ အ႐ိုးေလးဖက္နာေရာဂါရွိသူမ်ား ျဖစ္ၾကပါတယ္။ ဒါ့ေၾကာင့္ အထက္ပါေရာဂါရွိသူမ်ားနဲ႔ အသက္ အရြယ္ႀကီးသူေတြမွာ NSAID အကိုက္အခဲေပ်ာက္ေဆးကို ဆရာဝန္ရဲ႕ညႊန္ၾကားခ်က္မပါဘဲ မိမိဘာသာ အလြယ္တကူ မေသာက္သံုး သင့္ပါဘူး။ 

 

ေဘးထြက္ဆိုးက်ဳိးမ်ားကို ကာကြယ္ျခင္း

 

အထက္ပါဆိုးက်ဳိးေတြကိုကာကြယ္ႏုိင္ဖို႔အတြက္ လူနာ မ်ားအေနနဲ႔ NSAID အကိုက္အခဲေပ်ာက္ေဆးမ်ားကို မိမိသေဘာျဖင့္ နီးစပ္ရာေဆးဆိုင္ေတြမွ ဝယ္ယူၿပီးမေသာက္ သင့္ပါ။ လတ္တေလာ ေငြကုန္ေၾကး က်သက္သာႏုိင္ေပမယ့္ ေရရွည္မွာ ဆုိးက်ဳိးေတြခံစားရႏိုင္ပါတယ္။ အကိုက္အခဲ ေပ်ာက္ေဆးမ်ားကို ဆရာဝန္ရဲ႕ ညႊန္ၾကားခ်က္ႏွင့္သာ ေသာက္ သံုးရပါမယ္။ 

 

မလိုအပ္ဘဲေသာက္သံုးျခင္း၊ အကိုက္အခဲ ေပ်ာက္ေဆး တစ္မ်ဳိးထက္ပိုၿပီး ေသာက္သံုးျခင္းတုိ႔ကို ေရွာင္ ၾကဥ္ၿပီး ဆရာဝန္၏ ညႊန္ၾကားခ်က္ျဖင့္ လိုအပ္ေသာ အနည္းဆံုး ပမာဏကိုသာ ေသာက္သံုးသင့္ၿပီးအခ်ိန္တိုတိုနဲ႔ ေဆးကို ရပ္သင့္ပါတယ္။ သက္ႀကီးရြယ္အိုေတြမွာ အကိုက္ အခဲေပ်ာက္ ေဆးအသံုးျပဳတဲ့အခါ အထူးဂ႐ုစိုက္သင့္ပါတယ္။ အစာအိမ္ ေသြးယိုစီးမႈ လကၡဏာေတြျဖစ္တဲ့ ေကာ္ဖီေရာင္အန္ျခင္း၊ ဝမ္းမည္းမည္းသြားျခင္း၊ ႐ုတ္တရက္ေသြးေပါင္က်ျခင္း စတဲ့ လကၡဏာေတြ ေပၚေပါက္ လာရင္ အကိုက္အခဲေပ်ာက္ေဆး ကိုခ်က္ခ်င္းရပ္ၿပီး နီးစပ္ရာေဆး႐ုံေတြမွာ အျမန္ဆံုးကုသမႈ ခံယူသင့္ပါတယ္။ အေရးႀကီးဆံုးကေတာ့စပ္ေဆးေတြ အထူး သျဖင့္ စတီး႐ိြဳက္ေတြပါဝင္တဲ့ ေဆးေတြနဲ႔ တြဲေသာက္တာကို လံုးဝေရွာင္ၾကဥ္သင့္ပါတယ္။

 

စပ္ေဆးေတြမွာမ်ားေသာအားျဖင့္ အကိုက္အခဲေပ်ာက္ ေဆးေတြနဲ႔ စတီး႐ိြဳက္ပါဝင္တဲ့ေဆးေတြ ပါဝင္တဲ့အတြက္ ေၾကာင့္ ေဘးထြက္ဆိုးက်ဳိးမ်ားၿပီး အလြန္အႏၱရာယ္ရွိပါတယ္။

 

ျဖစ္ပြားပါကကုသျခင္း

 

NSAID အကိုက္အခဲေပ်ာက္ေဆးေတြဟာ အစာအိမ္ ႏွင့္ အူလမ္းေၾကာင္းဆိုင္ရာေရာဂါမ်ားကို ျဖစ္ေစတဲ့အတြက္ ေၾကာင့္ အစာအိမ္ေသြးယိုစိမ့္မႈ လကၡဏာေတြျဖစ္တဲ့ ေကာ္ဖီ ေရာင္အန္ျခင္း၊ ဝမ္းမည္းမည္းသြားျခင္း၊ ႐ုတ္တရက္ ေသြးေပါင္ က်ျခင္းတို႔ျဖစ္ပြားပါက အကိုက္အခဲေပ်ာက္ေဆးကို ခ်က္ခ်င္း ရပ္ၿပီး နီးစပ္ရာ ေဆး႐ုံေတြမွာ အျမန္ဆံုးကုသမႈခံယူသင့္ပါတယ္။ 

 

အစာစားၿပီးမွ အကိုက္အခဲေပ်ာက္ေဆး ေသာက္ျခင္း၊ အစာေၾကေဆး (Antacid; eg.Sodamint)မ်ား ေသာက္ျခင္း ဟာ အကိုက္အခဲေပ်ာက္ေဆးေၾကာင့္ျဖစ္တဲ့ ဆိုးက်ဳိးေတြကို မကာကြယ္မကုသႏုိင္ပါဘူး။ အစာအိမ္ အက္ဆစ္ထိန္းေပး ေသာေဆးမ်ားျဖစ္ၾကတဲ့ Proton pump inhibitors (ome-prazole, pantoprazole, lansoprazole, rabe-prazole, esomeprazole), H2 receptor blockers (Cimetidine, Ranitidine, Famotidine)နဲ႔ Prostagladin Inhibitors (Misoprastol)တို႔ကသာ အကိုက္အခဲေပ်ာက္ေဆးေၾကာင့္ျဖစ္တဲ့ အစာအိမ္ေဘးထြက္ ဆိုးက်ဳိးေတြကို ကာကြယ္ႏုိင္မွာျဖစ္ပါတယ္။

 

အထက္ပါေဆးေတြျဖစ္ၾကတဲ့ အစာအိမ္အက္ဆစ္ ထိန္းေပးတဲ့ေဆးေတြဟာ အူသိမ္လမ္းေၾကာင္းႏွင့္ အူမႀကီး လမ္းေၾကာင္းထိခိုက္မႈေတြကို ကာကြယ္ကုသႏုိင္ျခင္းမရွိပါဘူး။ ဒါေၾကာင့္ အကိုက္အခဲေပ်ာက္ေဆး ေၾကာင့္ျဖစ္တဲ့ အူသိမ္အူမႀကီး ေဘးထြက္ဆိုးက်ဳိးေတြကို တတ္ကြၽမ္း နားလည္ေသာဆရာဝန္မ်ားႏွင့္ သီးသန္႔တုိင္ပင္ ေဆြးေႏြး ကုသဖို႔ လိုအပ္ပါတယ္။

 

မွတ္သားထားသင့္ေသာအခ်က္မ်ား

 

NSAID အကိုက္အခဲေပ်ာက္ေဆး ေရရွည္ေသာက္ ဖို႔လိုသူေတြဟာ အစာအိမ္ေရာဂါရွိ မရွိ၊ အစာအိမ္ပိုးရွိ မရွိ အရင္စစ္ေဆးသင့္ပါတယ္။

ႏွလံုးေရာဂါ၊ ေက်ာက္ကပ္ေရာဂါ၊ ေသြးတိုးေရာဂါ၊ အသည္းေရာဂါ၊ ေသြးေရာဂါရွိသူေတြဟာ ဆရာဝန္ႏွင့္ ေသခ်ာတိုင္ပင္ေဆြးေႏြးၿပီးမွသာ အကုိက္အခဲေပ်ာက္ေဆး ေတြကို ေသာက္သံုးသင့္ပါတယ္။ စတီး႐ိြဳက္ ေဆးမ်ား၊ ေသြးက်ဲေဆးမ်ားႏွင့္ အကိုက္အခဲေပ်ာက္ေဆးတြဲေသာက္ေန ရတဲ့သူေတြဟာ ေဆးပမာဏကိုထိန္း ညိႇရန္ ဆရာဝန္ကိုအထူးသတိေပး ဖို႔လိုအပ္ပါတယ္။

 

သာမန္နာက်င္ကိုက္ခဲမႈမ်ားကို အကိုက္အခဲေပ်ာက္ ေဆးမ်ားမေသာက္ ဘဲေဆးလိမ္းျခင္း၊ အပူေပးျခင္း၊ အနီ ေအာက္ေရာင္ျခည္ေပးျခင္း၊ ေလ့က်င့္ခန္းလုပ္ျခင္း၊ ပါရာစီ တေမာလ္ေသာက္ျခင္းႏွင့္ အျခားနည္းလမ္းမ်ားျဖင့္ လည္းသက္သာေစႏုိင္ပါတယ္။

 

နိဂံုးခ်ဳပ္အေနနဲ႔ ေျပာၾကားလိုတာကေတာ့ သာမန္ ကိုက္ခဲမႈေဝဒနာခံစားရရင္ စပ္ေဆးမ်ားဝယ္ေသာက္ျခင္း၊ မိမိပတ္ဝန္းက်င္မွာရွိတဲ့ သူငယ္ခ်င္း၊ မိတ္ေဆြ၊ အိမ္နီးနား ခ်င္းတို႔က ႏႈတ္ျဖင့္ညႊန္ၾကားတဲ့ေဆးဝါးေတြကို အလြယ္ တကူဝယ္ေသာက္ျခင္းတို႔ကို လံုးဝေရွာင္ၾကဥ္ရပါမယ္။ NSAID အကိုက္အခဲေသာက္ေဆးမ်ားသာမက မည္သည့္ ေသာက္ေဆး၊ ထိုးေဆး၊ စအိုထည့္ေဆးမ်ားအားလံုးဟာ လည္းအစာအိမ္နဲ႔ အူလမ္းေၾကာင္း ဆိုးက်ဳိးေတြရရွိႏိုင္တဲ့ အျပင္ အသည္းကိုလည္း အဆိပ္အေတာက္ျဖစ္ေစပါ တယ္။ ဒါေၾကာင့္ NSAID အကိုက္အခဲ ေပ်ာက္ေဆးမ်ားရဲ႕ ေကာင္းက်ဳိး၊ ဆိုးက်ဳိး၊ ကာကြယ္ႏိုင္တဲ့နည္းလမ္းေတြကို ေသခ်ာနားလည္ သေဘာေပါက္ၿပီး နာက်င္ကိုက္ခဲျခင္း ေဝဒနာမ်ား ေပ်ာက္ကင္းသက္သာႏိုင္ပါေစလို႔ ဆုမြန္ ေကာင္းေတာင္း ေပးလိုက္ပါတယ္။

 

ပါေမာကၡ ေဒါက္တာသိန္းျမင့္ (YGH-GI)

(Unicode)

========

အကိုက်အခဲပျောက်ဆေးနှင့် အစာအိမ်အူလမ်းကြောင်းအန္တရာယ်

 

စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေး ( Non Steroidal Anti-inflammatoryDrug - NSAID) တွေဟာ ယနေ့ ကမ္ဘာတစ်ဝန်းလုံးမှာ အသုံးအများဆုံးဆေး များထဲမှ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေ ဖြစ်တဲ့ အမေရိကန်တု့ိလို နိုင်ငံမျိုးတွေမှာတောင် စုစုပေါင်း လူဦးရေရဲ့ ၅ ဒသမ ၄ ရာခိုင်နှုန်း၊ လူ ၁၃ သန်းကျော်ဟာ အကိုက်အခဲပျောက်ဆေးတစ်မျိုးမျိုးကို သောက်သုံးနေရပြီး လူတစ်သောင်းမှ နှစ်သောင်းခန့် အထိ အကိုက်အခဲပျောက် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် နှစ်စဉ်သေဆုံး လျက်ရှိတာကိုတွေ့ရပါတယ်။ 

 

ဒါ့ကြောင့် အကိုက်အခဲ ပျောက်ဆေးတွေရဲ့ နောက်ဆက်တွဲအန္တရာယ်တွေကို ပြည်သူ လူထုအနေနဲ့ ပိုမိုသတိထားမိစေရန်ရည်ရွယ်ပြီး ဖော်ပြပေး လိုက်ပါတယ်။

 

NSAID အကိုက်အခဲပျောက်ဆေးတွေရဲ့သမိုင်းကြောင်း

 

NSAID အကိုက်အခဲပျောက်ဆေးများကို ရှေးခေတ် ၁၉ ရာစုမှ ဂရိဆေးပညာရှင် Hippocrates မှ Willow Bark ဟုခေါ်သော မိုးမခပင်ရဲ့အခေါက်ကို အသုံးပြုပြီး ဖော်စပ်ခဲ့ပါတယ်။ ဖျားနာနေသောသူများတွင် စတင်အသုံး ပြုခဲ့ပြီးနောက်ပိုင်းမှာ ဓာတုပညာရှင်များက အဆင့်ဆင့် ဓာတ်ခွဲသန့်စင်ပြီးစမ်းသပ်အသုံးပြု လာခဲ့ကြပါတယ်။

 

၁၈၉၇ ခုနှစ်မှာ Bayer ဆေးကုမ္ပဏီမှ Salicylic acid ကို Acetylsalicylic acid အဖြစ် အသွင်ပြောင်းလိုက်ပြီး Aspirin ဆိုတဲ့နာမည်ပေးကာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ ၁၉၅ဝ ပြည့်နှစ်ကစတင်ပြီး NSAID တွေကိုပိုမိုတွင်ကျယ်စွာ အသုံးပြုလာကြပါတယ်။ 

 

၂ဝဝ၁ ခုနှစ်မှာဆိုရင် အမေရိကန် နိုင်ငံမှာ NSAID နှစ်စဉ် ဘီလီယံ ၃ဝ ခန့်ထိရောင်းချရ သည်အထိ တွင်ကျယ်လာခဲ့ပါတယ်။ NSAID အကိုက်အခဲပျောက်ဆေးအုပ်စုများ NSAID လို့ခေါ် တဲ့ အကိုက်အ ခဲပျောက်ဆေးတွေကို ယေဘုယျအားဖြင့် အုပ်စုနှစ်စုခွဲခြားနိုင်ပါတယ်။

 

ပထမအုပ်စုကတော့ ရှေးယခင်က စတင်ထွက်ပေါ်ခဲ့ သောအကိုက်အခဲပျောက်ဆေးများ(Traditional NSA-ID eg; Naproxen, Ibuprofen, Diclofenac) ဖြစ်ပြီး ဒုတိယအုစ်စုကတော့ ယခုနောက်ပိုင်းမှ ပေါ်ထွက်လာ သော အကိုက်အခဲပျောက်ဆေးများ( Selecive COX-2 inhibitors eg; Celecoxib, Rofecoxib) တို့ပဲ ဖြစ်ပါ တယ်။

 

NSAID အကိုက်အခဲပျောက်ဆေးမှရရှိသော ကောင်းကျိုးများ

 

NSAID အကိုက်အခဲပျောက်ဆေးတွေက ရရှိတဲ့ ကောင်းကျိုးတွေကတော့ နာကျင်ကိုက်ခဲခြင်းအမျိုးမျိုးကို သက်သာစေနိုင်ပါတယ်။ ဥပမာ- ဒူးနာခြင်း၊ ခါးနာခြင်း၊ ခေါင်းကိုက်ခြင်း၊ သွားကိုက်ခြင်း၊ ခွဲစိတ်ပြီးနာကျင်ကိုက်ခဲ ခြင်း၊ ဓမ္မတာလာစဉ်ကိုက်ခဲခြင်း စသည်တို့ကို သက်သာစေနိုင် ပါတယ်။ ဒါ့အပြင် NSAID အကိုက်အခဲပျောက် ဆေးတွေဟာ အဖျားကျစေခြင်း၊ အရောင်ကျစေခြင်းစတဲ့ ကောင်းကျိုး တွေကိုလည်းရရှိစေပါတယ်။ 

 

ဥပမာ-အမျိုးမျိုးသော အကြော ရောင်၊ အဆစ်အမျက်ရောင်ရောဂါများ၊ အရိုးရောဂါအမျိုးမျိုး၊ ကြွက်သားရောဂါ အမျိုးမျိုးတို့ကို သက်သာစေနိုင်ပါတယ်။ တချို့ NSAID အကိုက်အခဲပျောက်ဆေးတွေဆိုရင် သွေးကျဲ စေတဲ့ အာနိသင်ရှိတဲ့ အတွက်ကြောင့် နှလုံးနှင့်ပတ်သက်သော ရောဂါများ၊ လေဖြတ်ရောဂါကို ကာကွယ်ရန်နှင့် အူမကြီး ကင်ဆာကာကွယ်ရန် တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ 

 

NSAID အကိုက်အခဲပျောက်ဆေးမှရရှိသောဆိုးကျိုးများ

 

NSAID အကိုက်အခဲပျောက်ဆေးတွေဟာ အထက် ဖော်ပြပါကောင်းကျိုးတွေသာမက ဆိုးကျိုးတွေကိုလည်း ရရှိ စေနိုင်ပါတယ်။ NSAID အကိုက်အခဲပျောက်ဆေးမှရရှိနိုင်တဲ့ ဆိုးကျိုး တွေကတော့ အစာအိမ်နှင့်အူလမ်းကြောင်း ရောဂါတွေဖြစ်တဲ့ အစာအိမ်အနာဖြစ်ခြင်း၊ အစာအိမ်သွေးကြောပေါက်ခြင်း၊ အစာအိမ်နှင့် အူသိမ်ပေါက်ခြင်း၊ အူမကြီးအနာဖြစ်ခြင်း ပေါက်ခြင်း၊ အစာရေမျိုပြွန်ရောင်ခြင်းတို့ကို ဖြစ်စေပါတယ်။ 

 

ဒါ့အပြင် ကျောက်ကပ်မှ သွေးရရှိမှုနည်းပြီး ကျောက်ကပ် ပျက်စီးခြင်း၊ ဦးနှောက်သွေးယိုစီးမှုဖြစ်စေခြင်း၊ ကိုယ်ဝန်ဆောင် နှင့် နို့တိုက်မိခင်တွေမှာ မိခင်သာမကသန္ဓေသားနှင့် ကလေး ငယ်ကိုပါ အန္တရာယ်ဖြစ်စေခြင်း၊ တချို့သောသူတွေမှာ ဓာတ် မတည့်တဲ့ လက္ခဏာတွေခံစားရခြင်းနဲ့ တခြားသောဆိုးကျိုး များစွာကိုလည်း ရရှိစေနိုင်ပါတယ်။

 

NSAID အကိုက်အခဲပျောက်ဆေးမှရရှိသောဆိုးကျိုး များကိုပိုမိုခံစားရနိုင်သောသူများမှာ အသက်အရွယ်ကြီး သူများ ( အသက် ၆ဝ ကျော်)၊ အရင်ကအစာအိမ်ရောဂါဖြစ်ဖူးသူများ၊ အစာအိမ်သွေးကြောပေါက်ဖူးသူများ၊ အကိုက်အခဲပျောက် ဆေးအလွန်အကျွံသုံးစွဲသူများ၊ အကိုက်အခဲပျောက်ဆေး တစ်မျိုးထက်ပိုပြီးသုံးစွဲသူများ၊ သွေးကျဲဆေး၊ စတီးရွိုက်ဆေး များနှင့် NSAID အကိုက်အခဲပျောက်ဆေးကို တွဲသောက် နေရသူများ၊ အစာအိမ်ရောဂါပိုးရှိသူများ၊ နှလုံးရောဂါအခံ ရှိသူများ၊ ပြင်းထန်သော အရိုးလေးဖက်နာရောဂါရှိသူများ ဖြစ်ကြပါတယ်။ ဒါ့ကြောင့် အထက်ပါရောဂါရှိသူများနဲ့ အသက် အရွယ်ကြီးသူတွေမှာ NSAID အကိုက်အခဲပျောက်ဆေးကို ဆရာဝန်ရဲ့ညွှန်ကြားချက်မပါဘဲ မိမိဘာသာ အလွယ်တကူ မသောက်သုံး သင့်ပါဘူး။ 

 

ဘေးထွက်ဆိုးကျိုးများကို ကာကွယ်ခြင်း

 

အထက်ပါဆိုးကျိုးတွေကိုကာကွယ်နိုင်ဖို့အတွက် လူနာ များအနေနဲ့ NSAID အကိုက်အခဲပျောက်ဆေးများကို မိမိသဘောဖြင့် နီးစပ်ရာဆေးဆိုင်တွေမှ ဝယ်ယူပြီးမသောက် သင့်ပါ။ လတ်တလော ငွေကုန်ကြေး ကျသက်သာနိုင်ပေမယ့် ရေရှည်မှာ ဆိုးကျိုးတွေခံစားရနိုင်ပါတယ်။ အကိုက်အခဲ ပျောက်ဆေးများကို ဆရာဝန်ရဲ့ ညွှန်ကြားချက်နှင့်သာ သောက် သုံးရပါမယ်။ 

 

မလိုအပ်ဘဲသောက်သုံးခြင်း၊ အကိုက်အခဲ ပျောက်ဆေး တစ်မျိုးထက်ပိုပြီး သောက်သုံးခြင်းတို့ကို ရှောင် ကြဉ်ပြီး ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော အနည်းဆုံး ပမာဏကိုသာ သောက်သုံးသင့်ပြီးအချိန်တိုတိုနဲ့ ဆေးကို ရပ်သင့်ပါတယ်။ သက်ကြီးရွယ်အိုတွေမှာ အကိုက် အခဲပျောက် ဆေးအသုံးပြုတဲ့အခါ အထူးဂရုစိုက်သင့်ပါတယ်။ အစာအိမ် သွေးယိုစီးမှု လက္ခဏာတွေဖြစ်တဲ့ ကော်ဖီရောင်အန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ ရုတ်တရက်သွေးပေါင်ကျခြင်း စတဲ့ လက္ခဏာတွေ ပေါ်ပေါက် လာရင် အကိုက်အခဲပျောက်ဆေး ကိုချက်ချင်းရပ်ပြီး နီးစပ်ရာဆေးရုံတွေမှာ အမြန်ဆုံးကုသမှု ခံယူသင့်ပါတယ်။ အရေးကြီးဆုံးကတော့စပ်ဆေးတွေ အထူး သဖြင့် စတီးရွိုက်တွေပါဝင်တဲ့ ဆေးတွေနဲ့ တွဲသောက်တာကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။

 

စပ်ဆေးတွေမှာများသောအားဖြင့် အကိုက်အခဲပျောက် ဆေးတွေနဲ့ စတီးရွိုက်ပါဝင်တဲ့ဆေးတွေ ပါဝင်တဲ့အတွက် ကြောင့် ဘေးထွက်ဆိုးကျိုးများပြီး အလွန်အန္တရာယ်ရှိပါတယ်။

 

ဖြစ်ပွားပါကကုသခြင်း

 

NSAID အကိုက်အခဲပျောက်ဆေးတွေဟာ အစာအိမ် နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများကို ဖြစ်စေတဲ့အတွက် ကြောင့် အစာအိမ်သွေးယိုစိမ့်မှု လက္ခဏာတွေဖြစ်တဲ့ ကော်ဖီ ရောင်အန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ ရုတ်တရက် သွေးပေါင် ကျခြင်းတို့ဖြစ်ပွားပါက အကိုက်အခဲပျောက်ဆေးကို ချက်ချင်း ရပ်ပြီး နီးစပ်ရာ ဆေးရုံတွေမှာ အမြန်ဆုံးကုသမှုခံယူသင့်ပါတယ်။ 

 

အစာစားပြီးမှ အကိုက်အခဲပျောက်ဆေး သောက်ခြင်း၊ အစာကြေဆေး (Antacid; eg.Sodamint)များ သောက်ခြင်း ဟာ အကိုက်အခဲပျောက်ဆေးကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေကို မကာကွယ်မကုသနိုင်ပါဘူး။ အစာအိမ် အက်ဆစ်ထိန်းပေး သောဆေးများဖြစ်ကြတဲ့ Proton pump inhibitors (ome-prazole, pantoprazole, lansoprazole, rabe-prazole, esomeprazole), H2 receptor blockers (Cimetidine, Ranitidine, Famotidine)နဲ့ Prostagladin Inhibitors (Misoprastol)တို့ကသာ အကိုက်အခဲပျောက်ဆေးကြောင့်ဖြစ်တဲ့ အစာအိမ်ဘေးထွက် ဆိုးကျိုးတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

 

အထက်ပါဆေးတွေဖြစ်ကြတဲ့ အစာအိမ်အက်ဆစ် ထိန်းပေးတဲ့ဆေးတွေဟာ အူသိမ်လမ်းကြောင်းနှင့် အူမကြီး လမ်းကြောင်းထိခိုက်မှုတွေကို ကာကွယ်ကုသနိုင်ခြင်းမရှိပါဘူး။ ဒါကြောင့် အကိုက်အခဲပျောက်ဆေး ကြောင့်ဖြစ်တဲ့ အူသိမ်အူမကြီး ဘေးထွက်ဆိုးကျိုးတွေကို တတ်ကျွမ်း နားလည်သောဆရာဝန်များနှင့် သီးသန့်တိုင်ပင် ဆွေးနွေး ကုသဖို့ လိုအပ်ပါတယ်။

 

မှတ်သားထားသင့်သောအချက်များ

 

NSAID အကိုက်အခဲပျောက်ဆေး ရေရှည်သောက် ဖို့လိုသူတွေဟာ အစာအိမ်ရောဂါရှိ မရှိ၊ အစာအိမ်ပိုးရှိ မရှိ အရင်စစ်ဆေးသင့်ပါတယ်။

နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွေးတိုးရောဂါ၊ အသည်းရောဂါ၊ သွေးရောဂါရှိသူတွေဟာ ဆရာဝန်နှင့် သေချာတိုင်ပင်ဆွေးနွေးပြီးမှသာ အကိုက်အခဲပျောက်ဆေး တွေကို သောက်သုံးသင့်ပါတယ်။ စတီးရွိုက် ဆေးများ၊ သွေးကျဲဆေးများနှင့် အကိုက်အခဲပျောက်ဆေးတွဲသောက်နေ ရတဲ့သူတွေဟာ ဆေးပမာဏကိုထိန်း ညှိရန် ဆရာဝန်ကိုအထူးသတိပေး ဖို့လိုအပ်ပါတယ်။

 

သာမန်နာကျင်ကိုက်ခဲမှုများကို အကိုက်အခဲပျောက် ဆေးများမသောက် ဘဲဆေးလိမ်းခြင်း၊ အပူပေးခြင်း၊ အနီ အောက်ရောင်ခြည်ပေးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ပါရာစီ တမောလ်သောက်ခြင်းနှင့် အခြားနည်းလမ်းများဖြင့် လည်းသက်သာစေနိုင်ပါတယ်။

 

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ သာမန် ကိုက်ခဲမှုဝေဒနာခံစားရရင် စပ်ဆေးများဝယ်သောက်ခြင်း၊ မိမိပတ်ဝန်းကျင်မှာရှိတဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ အိမ်နီးနား ချင်းတို့က နှုတ်ဖြင့်ညွှန်ကြားတဲ့ဆေးဝါးတွေကို အလွယ် တကူဝယ်သောက်ခြင်းတို့ကို လုံးဝရှောင်ကြဉ်ရပါမယ်။ NSAID အကိုက်အခဲသောက်ဆေးများသာမက မည်သည့် သောက်ဆေး၊ ထိုးဆေး၊ စအိုထည့်ဆေးများအားလုံးဟာ လည်းအစာအိမ်နဲ့ အူလမ်းကြောင်း ဆိုးကျိုးတွေရရှိနိုင်တဲ့ အပြင် အသည်းကိုလည်း အဆိပ်အတောက်ဖြစ်စေပါ တယ်။ ဒါကြောင့် NSAID အကိုက်အခဲ ပျောက်ဆေးများရဲ့ ကောင်းကျိုး၊ ဆိုးကျိုး၊ ကာကွယ်နိုင်တဲ့နည်းလမ်းတွေကို သေချာနားလည် သဘောပေါက်ပြီး နာကျင်ကိုက်ခဲခြင်း ဝေဒနာများ ပျောက်ကင်းသက်သာနိုင်ပါစေလို့ ဆုမွန် ကောင်းတောင်း ပေးလိုက်ပါတယ်။

Read times
Rate this item
(1 Vote)