What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 11 December 2019 15:09

ဦးေခါင္းမွ အရိုး ေငါ့ထြက္လာသည္အထိ အႏၱာရယ္ ရွိလာတဲ့ စမတ္ဖုန္း အသံုးျပဳျခင္း

ကမၻာ႔ေပၚမွာ စမတ္ဖုန္းေၾကာင့္ လူေပါင္း ရာနဲ႔ခ်ီျပီး အသက္ဆံုးရႈံးၾကတယ္ဆို သင္ယံုပါသလား။

စမတ္ဖုန္း အသံုးျပဳမ်ားတာေၾကာင့္ လူေတြ နေမာ္နမဲ့ျဖစ္ရာမွ ေသေၾကျခင္း ၊ ထိခိုက္ဒဏ္ရာရျခင္း နဲ႔ စမတ္ဖုန္းမွထြက္ရွိတဲ့ လႈိင္းေတြေၾကာင့္ ဦးေႏွာက္ထိခိုက္ျခင္း စတဲ့အရာ အားလံုးကို သိရွိျပီးျဖစ္မယ္ ထင္ပါတယ္။ ဒါေတြက မီဒီယာေတြရဲ႕ ေဖာ္ျပခ်င္ေတြက တစ္ဆင့္သိရွိရတဲ့ အရာေတြပဲ ျဖစ္ပါတယ္။ တခ်ိဳ႕ေတြ သတင္းမီဒီယာေတြမွာ ပံုၾကီးခ်ဲ႕ကား ေျပာဆိုျပီး သတင္းမဟုတ္သည္ကို သတင္းလုပ္ျပီး ေဖာ္ျပတာေၾကာင့္ ခ်က္ခ်င္းလက္ငင္းဆိုသလို သိသိသာသာထင္ရွားျခင္း မရွိတဲ့အတြက္ လူေတြက ဂရုမစုိက္ၾကပါဘူး။

Related image

၂၀၁၉ ခုႏွစ္ ၾသဂုတ္လ အိမ္အနီးရွိ လမ္းေပၚမွာ ဗရိုေဗာက္က ဓာတ္တုိင္ကို ဝင္တိုက္ျပီး ဓာတ္တိုင္က်ိဳးသြားခဲ့ပါတယ္။ လူက ေဆးရံုေရာက္သြားပါတယ္။ ဓာတ္တိုင္ကို ကားဝင္တိုက္သြားတဲ့ အေၾကာင္းရင္က ကားေမာင္းလာစဥ္ ဖုန္းကို ေဘးမွာခ်ထားပါတယ္။ ဖုန္းလာတဲ့ အခ်ိန္မွာ ေဘးက ဖုန္းကို လွမ္းယူလိုက္တဲ့ အခ်ိန္မွာ ကားကို ေဘးဆြဲခ်သလို ျဖစ္ျပီး ဓာတ္တိုင္ကို ဝင္တိုက္သလိုျဖစ္သြားတာပါ။ ဒါကေတြ ဘာေၾကာင့္ျဖစ္သလဲလို႔ စဥ္စားလိုက္ရင္ ဖုန္းအသံုးျပဳျခင္းရရွိလာတဲ့ အက်ိဳးရလဒ္ေတြပဲ ျဖစ္ပါတယ္။

ေနာက္ထပ္ ျပႆနာ တစ္ခုကေတာ့ စြဲလမ္းမႈကို ျဖစ္ေပၚေစတာဘဲ ျဖစ္ပါတယ္။ လူ႔စိတ္သဘာဝေတြက စြဲလမ္းမႈေတြနဲ႔သာ ေနထိုင္ေလ့ရွိပါတယ္။ ဥပမာအေနျဖင့္ ေျပာရမယ္ဆိုရင္ တီဗီ အစီအစဥ္ေတြ ၊ ဇာတ္လမ္းတြဲေတြ ၊ ေဆးလိပ္ကို စြဲတာေတြ ၊ အရက္စြဲတာေတြ နဲ႔ အလားတူပင္ ဖုန္းကိုပါ စြဲလန္းလာၾကပါတယ္။ စမတ္ဖုန္းမွာရွိတဲ့ အက္ပ္မ်ားက စြဲလန္းမႈကို ျဖစ္ေပၚေစတာ ျဖစ္ပါတယ္။ ဒါ့အျပင္ စမတ္ဖုန္းကို အသံုးျပဳေနခ်ိန္မွာ ေဘးပတ္ဝန္းက်င္တြင္ ျဖစ္ပ်က္ေနသမွ်ကို အာရံုမေရာက္ႏိုင္တဲ့ အျပင္ ဖုန္းမ်က္ႏွာျပင္ကို စိတ္ေရာက္ေနေအာင္ ဖန္းတီးထားတဲ့ Mesmeric Effect အျပည့္အဝ ပါဝင္ေနပါတယ္။

smartphone-with-apps.jpg

ဖုန္းကို စစဖြင့္လိုက္ခ်ိန္မွာ လူေတြကို စိတ္ဝင္စားမႈ ရရွိေအာင္ စခရင္မွာေပၚလာတဲ့ အက္ပ္ ေလးငါးခု ေနရာခ်ထားေလ့ ရွိပါတယ္။ လူေတြက အဒီ အက္ပ္ေတြကို တေန႔မွာ အႀကိမ္ေရ ရာနဲ႔ခ်ီျပီး အသံုးျပဳၾကပါတယ္။ အဒီအက္ပ္ ေလး ၊ ငါးခုမွာ ဖုန္းဆက္ဖို႔ နဲ႔ SMS မက္ေဆ့ၾကည့္ဖို႔က ႏွစ္ခု ေနရာယူထားျပီး ဆိုေတာ့ က်န္တဲ့ ႏွစ္ခု သံုးခုက ဘယ္လို အက္ပ္ေတြ ျဖစ္မလဲ။ အ့ဒီ ေလး ၊ ငါးခုမွာ ကိုယ့္ရဲ႕ အက္ပ္ ပါဝင္ဖို႔ ၾကိဳးစားေနတဲ့ ကုမၸဏီေတြ အမ်ားႀကီး ရွိပါတယ္။ ျဖစ္ႏိုင္ေျခ အမ်ားဆံုးကေတာ့ ဆိုရွယ္မီဒီယာ အက္ပ္ နဲ႔ မက္ေဆ့ပို႔တဲ့ အက္ပ္ပဲ ျဖစ္တယ္လို႔ Gillespie ေစ်းကြက္ သုေတသန အစီရင္ခံစာတြင္ေဖာ္ျပထားပါတယ္။

ဖုန္းသံုးစြဲမႈ ပိုဆိုးလာသည္မွာ ကေလးၿငိမ္ေဆးအျဖစ္ ဖုန္းကို ကစားစရာ တစ္ခုအျဖစ္ ေပးသံုးလာၾကျခင္းျဖစ္ပါတယ္။ ဖုန္းမွာပါတဲ့ အလြယ္ေဆာ့လို႔မယ့္ ဂိမ္းမ်ား ေပးေဆာ့ထားျပီး ၿငိမ္ေဆး ေကၽြးၾကပါတယ္။ သြားေလရာ ေကာက္ေကာက္ပါေနသျဖင့္ ေရာက္ရာအရပ္ ဖုန္းဝင္လွ်င္ ဖုန္းစခရင္ကို တစ္ခ်က္ၾကည့္ရတယ္။ မက္ဆင္ဂ်ာ ၊ ဝီခ်ပ္ ၊ ဝွပ္စ္အက္ပ္ ကဲ့သုိ႔ေသာ မက္ေဆ့ အက္ပ္မွ မက္ေဆ့ဝင္လာလွ်င္ ဖြင့္ၾကည့္ရျပန္ပါတယ္။ တစ္ေနရာ နဲ႔ တစ္ေနရာ သို႔ ခပ္ၾကာၾကာ သြားတဲ့အခါ ဖုန္းမယူလာမိလွ်င္ တစ္ခုခု လိုေနသလို ခံစားရမိျပန္ပါတယ္။ ဓာတ္ပံုမွတ္တမ္း တင္ဖို႔နဲ႔ ဂိမ္းကစားဖို႔ အသံုးျပဳၾကရျပန္ပါတယ္။

Image result for all social media

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖုန္းစခရင္ကို ငံု႕ၾကည့္ရဖန္မ်ားတဲ့ အခါမွာ လူ႔ခႏၶာကိုယ္အတြင္း အရိုးတည္ေဆာက္ပံု ေျပာင္လဲမႈ စတင္ျဖစ္ေပၚလာပါတယ္။ ၾသစေတးလ်ႏိုင္ငံမွ သုေတသီ ႏွစ္ျဖစ္တဲ့ Dr.Shahar နဲ႔ Dr.Sayers တို႔က အသက္ ၁၈ ႏွစ္ႏွင့္ ၃၀ ႏွစ္ၾကား ရွိသူဦးေရ ရာဂဏာန္းကို ဦးေခါင္း ေနာက္ဘက္ပိုင္း ဓာတ္မွန္ရိုက္ခဲ့ရာမွာ ထက္ဝက္နီးပါး တို႔တြင္ အရိုးတစ္ခု ေငါ့ထြက္ေနေၾကာင္း ေတြ႕ခဲ့ရပါတယ္။

undefined

ဒီအရိုးေငါ့ထြက္ရျခင္းက ခါးကုန္းၿပီး ေက်ာမွ ဘုလံုးထြက္ေနသူတို႔ေတြမွာ ေတြ႕ရေလ့ရွိပါတယ္။ သုေတသီ ပညာရွင္ ေဒါက္တာ ရွဟာရဲ႕ ေျပာၾကားခ်က္အရ အသက္ ၁၈ ႏွစ္ နဲ႔ ၃၀ ၾကားရွိတဲ့ လူဦးေရ ၁၂၈ ဦးတို႔ရဲ႕ ၄၁ ရာခိုင္ႏႈန္းတြင္ အရိုးေငါ့ထြက္ေနသည္ကို ေတြ႕ရတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒီေငါ့ထြက္တဲ့အရိုးကေတာ့ ဦးေခါင္းအေနာက္ဘက္ပိုင္းမွာ ေတြ႕ရပါတယ္။ အရိုးအလ်ားမွာ ၁၀ မွ ၃၀ မီလီမီတာအထိ ရွိပါတယ္။

undefined

ဒီလို အရိုးေငါ့ထြက္ျခင္းမ်ိဳးကို သက္ႀကီးပိုင္းတြင္ ယခင္က ေတြ႔ရေလ့ရွိၿပီး ကိုယ္ခႏၶာ အေနအထား ဟန္မက်သျဖင့္ ဒဏ္ပိသည္ကို ခံႏိုင္ရည္ရွိရန္ ယခုလို အရိုးတစ္ခု ေငါ့ထြက္ေပးျခင္း ျဖစ္ပါတယ္။ ယခုလို အရိုးထြက္သည္မွာ အခ်ိန္ေတာ္ၾကာျမင့္ၿပီး သက္ႀကီးပိုင္း အရြယ္ ေရာက္တဲ့အခါ မွာ သိသာထင္ရွား ေစပါတယ္။ ယခုအခါမွာေတာ့ သက္ငယ္ပိုင္း ႏွင့္ သက္လတ္ပိုင္တို႔မွာ စတင္ေတြ႕လာေနရျပီး ျဖစ္ပါတယ္။

undefined

ေဒါက္တာ ရွဟာက ရွင္းျပသည္မွာ ‘‘ကၽြန္ေတာ္တို႔ ေတြးဆၾကည့္တာ ေခါင္းကို ေရွ႕ကို ကိုင္းၿပီး ငုံ႔တာ မ်ားလာတဲ့အခါ တြဲထားတဲ့ ႂကြက္သားေတြမွာ ၀န္ပိုမ်ားသြားေစတယ္။ ေန႔စဥ္ေန႔တိုင္း ၾကာခ်ိန္ေတြ ေပါင္းလိုက္ရင္ အေတာ္မ်ားေနမယ္။ ဒီေတာ့ ေခါင္းကို ေရွ႕ကိုင္းၿပီး ငုံ႕ထားတဲ့အခါ ဦးေခါင္းအေလးခ်ိန္က ေက်ာ႐ိုးရဲ႕ အ႐ိုးေတြထံမွာ ေလ်ာ့သြားတယ္။ လည္ပင္းေနာက္ဘက္က ႂကြက္သားေတြေပၚကို ေရာက္သြားတယ္။ ဇက္ေၾကာတက္မယ္။ အဲဒါ အၿမဲလိုလို ျဖစ္လာတဲ့အခါ အခုလို အ႐ိုးစထြက္လာၿပီး အေလးခ်ိန္ကို အဲဒီ အ႐ိုးနဲ႔ ျပန္ထမ္းေပးထားဖို႔ ျပဳျပင္ေျပာင္းလဲမႈတစ္ရပ္ အ႐ိုးစုမွာ ျဖစ္ေပၚတာ ျဖစ္ပါလိမ့္မယ္” ရွင္းျပသြားခဲ့ပါတယ္။

 

Written By: Health products Directory

 

{Unicode}

======

ကမ္ဘာ့ပေါ်မှာ စမတ်ဖုန်းကြောင့် လူပေါင်း ရာနဲ့ချီပြီး အသက်ဆုံးရှုံးကြတယ်ဆို သင်ယုံပါသလား။ စမတ်ဖုန်း အသုံးပြုများတာကြောင့် လူတွေ နမော်နမဲ့ဖြစ်ရာမှ သေကြေခြင်း ၊ ထိခိုက်ဒဏ်ရာရခြင်း နဲ့ စမတ်ဖုန်းမှထွက်ရှိတဲ့ လှိုင်းတွေကြောင့် ဦးနှောက်ထိခိုက်ခြင်း စတဲ့အရာ အားလုံးကို သိရှိပြီးဖြစ်မယ် ထင်ပါတယ်။ ဒါတွေက မီဒီယာတွေရဲ့ ဖော်ပြချင်တွေက တစ်ဆင့်သိရှိရတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ တချို့တွေ သတင်းမီဒီယာတွေမှာ ပုံကြီးချဲ့ကား ပြောဆိုပြီး သတင်းမဟုတ်သည်ကို သတင်းလုပ်ပြီး ဖော်ပြတာကြောင့် ချက်ချင်းလက်ငင်းဆိုသလို သိသိသာသာထင်ရှားခြင်း မရှိတဲ့အတွက် လူတွေက ဂရုမစိုက်ကြပါဘူး။

Related image

၂၀၁၉ ခုနှစ် သြဂုတ်လ အိမ်အနီးရှိ လမ်းပေါ်မှာ ဗရိုဗောက်က ဓာတ်တိုင်ကို ဝင်တိုက်ပြီး ဓာတ်တိုင်ကျိုးသွားခဲ့ပါတယ်။ လူက ဆေးရုံရောက်သွားပါတယ်။ ဓာတ်တိုင်ကို ကားဝင်တိုက်သွားတဲ့ အကြောင်းရင်က ကားမောင်းလာစဉ် ဖုန်းကို ဘေးမှာချထားပါတယ်။ ဖုန်းလာတဲ့ အချိန်မှာ ဘေးက ဖုန်းကို လှမ်းယူလိုက်တဲ့ အချိန်မှာ ကားကို ဘေးဆွဲချသလို ဖြစ်ပြီး ဓာတ်တိုင်ကို ဝင်တိုက်သလိုဖြစ်သွားတာပါ။ ဒါကတွေ ဘာကြောင့်ဖြစ်သလဲလို့ စဉ်စားလိုက်ရင် ဖုန်းအသုံးပြုခြင်းရရှိလာတဲ့ အကျိုးရလဒ်တွေပဲ ဖြစ်ပါတယ်။

 

နောက်ထပ် ပြဿနာ တစ်ခုကတော့ စွဲလမ်းမှုကို ဖြစ်ပေါ်စေတာဘဲ ဖြစ်ပါတယ်။ လူ့စိတ်သဘာဝတွေက စွဲလမ်းမှုတွေနဲ့သာ နေထိုင်လေ့ရှိပါတယ်။ ဥပမာအနေဖြင့် ပြောရမယ်ဆိုရင် တီဗီ အစီအစဉ်တွေ ၊ ဇာတ်လမ်းတွဲတွေ ၊ ဆေးလိပ်ကို စွဲတာတွေ ၊ အရက်စွဲတာတွေ နဲ့ အလားတူပင် ဖုန်းကိုပါ စွဲလန်းလာကြပါတယ်။ စမတ်ဖုန်းမှာရှိတဲ့ အက်ပ်များက စွဲလန်းမှုကို ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ ဒါ့အပြင် စမတ်ဖုန်းကို အသုံးပြုနေချိန်မှာ ဘေးပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသမျှကို အာရုံမရောက်နိုင်တဲ့ အပြင် ဖုန်းမျက်နှာပြင်ကို စိတ်ရောက်နေအောင် ဖန်းတီးထားတဲ့ Mesmeric Effect အပြည့်အဝ ပါဝင်နေပါတယ်။

smartphone-with-apps.jpg

ဖုန်းကို စစဖွင့်လိုက်ချိန်မှာ လူတွေကို စိတ်ဝင်စားမှု ရရှိအောင် စခရင်မှာပေါ်လာတဲ့ အက်ပ် လေးငါးခု နေရာချထားလေ့ ရှိပါတယ်။ လူတွေက အဒီ အက်ပ်တွေကို တနေ့မှာ အကြိမ်ရေ ရာနဲ့ချီပြီး အသုံးပြုကြပါတယ်။ အဒီအက်ပ် လေး ၊ ငါးခုမှာ ဖုန်းဆက်ဖို့ နဲ့ SMS မက်ဆေ့ကြည့်ဖို့က နှစ်ခု နေရာယူထားပြီး ဆိုတော့ ကျန်တဲ့ နှစ်ခု သုံးခုက ဘယ်လို အက်ပ်တွေ ဖြစ်မလဲ။ အ့ဒီ လေး ၊ ငါးခုမှာ ကိုယ့်ရဲ့ အက်ပ် ပါဝင်ဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီတွေ အများကြီး ရှိပါတယ်။ ဖြစ်နိုင်ခြေ အများဆုံးကတော့ ဆိုရှယ်မီဒီယာ အက်ပ် နဲ့ မက်ဆေ့ပို့တဲ့ အက်ပ်ပဲ ဖြစ်တယ်လို့ Gillespie ဈေးကွက် သုတေသန အစီရင်ခံစာတွင်ဖော်ပြထားပါတယ်။

Image result for all social media

ဖုန်းသုံးစွဲမှု ပိုဆိုးလာသည်မှာ ကလေးငြိမ်ဆေးအဖြစ် ဖုန်းကို ကစားစရာ တစ်ခုအဖြစ် ပေးသုံးလာကြခြင်းဖြစ်ပါတယ်။ ဖုန်းမှာပါတဲ့ အလွယ်ဆော့လို့မယ့် ဂိမ်းများ ပေးဆော့ထားပြီး ငြိမ်ဆေး ကျွေးကြပါတယ်။ သွားလေရာ ကောက်ကောက်ပါနေသဖြင့် ရောက်ရာအရပ် ဖုန်းဝင်လျှင် ဖုန်းစခရင်ကို တစ်ချက်ကြည့်ရတယ်။ မက်ဆင်ဂျာ ၊ ဝီချပ် ၊ ဝှပ်စ်အက်ပ် ကဲ့သို့သော မက်ဆေ့ အက်ပ်မှ မက်ဆေ့ဝင်လာလျှင် ဖွင့်ကြည့်ရပြန်ပါတယ်။ တစ်နေရာ နဲ့ တစ်နေရာ သို့ ခပ်ကြာကြာ သွားတဲ့အခါ ဖုန်းမယူလာမိလျှင် တစ်ခုခု လိုနေသလို ခံစားရမိပြန်ပါတယ်။ ဓာတ်ပုံမှတ်တမ်း တင်ဖို့နဲ့ ဂိမ်းကစားဖို့ အသုံးပြုကြရပြန်ပါတယ်။

undefined

အကြောင်းအမျိုးမျိုးကြောင့် ဖုန်းစခရင်ကို ငုံ့ကြည့်ရဖန်များတဲ့ အခါမှာ လူ့ခန္ဓာကိုယ်အတွင်း အရိုးတည်ဆောက်ပုံ ပြောင်လဲမှု စတင်ဖြစ်ပေါ်လာပါတယ်။ သြစတေးလျနိုင်ငံမှ သုတေသီ နှစ်ဖြစ်တဲ့ Dr.Shahar နဲ့ Dr.Sayers တို့က အသက် ၁၈ နှစ်နှင့် ၃၀ နှစ်ကြား ရှိသူဦးရေ ရာဂဏာန်းကို ဦးခေါင်း နောက်ဘက်ပိုင်း ဓာတ်မှန်ရိုက်ခဲ့ရာမှာ ထက်ဝက်နီးပါး တို့တွင် အရိုးတစ်ခု ငေါ့ထွက်နေကြောင်း တွေ့ခဲ့ရပါတယ်။

undefined

ဒီအရိုးငေါ့ထွက်ရခြင်းက ခါးကုန်းပြီး ကျောမှ ဘုလုံးထွက်နေသူတို့တွေမှာ တွေ့ရလေ့ရှိပါတယ်။ သုတေသီ ပညာရှင် ဒေါက်တာ ရှဟာရဲ့ ပြောကြားချက်အရ အသက် ၁၈ နှစ် နဲ့ ၃၀ ကြားရှိတဲ့ လူဦးရေ ၁၂၈ ဦးတို့ရဲ့ ၄၁ ရာခိုင်နှုန်းတွင် အရိုးငေါ့ထွက်နေသည်ကို တွေ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီငေါ့ထွက်တဲ့အရိုးကတော့ ဦးခေါင်းအနောက်ဘက်ပိုင်းမှာ တွေ့ရပါတယ်။ အရိုးအလျားမှာ ၁၀ မှ ၃၀ မီလီမီတာအထိ ရှိပါတယ်။

undefined

ဒီလို အရိုးငေါ့ထွက်ခြင်းမျိုးကို သက်ကြီးပိုင်းတွင် ယခင်က တွေ့ရလေ့ရှိပြီး ကိုယ်ခန္ဓာ အနေအထား ဟန်မကျသဖြင့် ဒဏ်ပိသည်ကို ခံနိုင်ရည်ရှိရန် ယခုလို အရိုးတစ်ခု ငေါ့ထွက်ပေးခြင်း ဖြစ်ပါတယ်။ ယခုလို အရိုးထွက်သည်မှာ အချိန်တော်ကြာမြင့်ပြီး သက်ကြီးပိုင်း အရွယ် ရောက်တဲ့အခါ မှာ သိသာထင်ရှား စေပါတယ်။ ယခုအခါမှာတော့ သက်ငယ်ပိုင်း နှင့် သက်လတ်ပိုင်တို့မှာ စတင်တွေ့လာနေရပြီး ဖြစ်ပါတယ်။

ဒေါက်တာ ရှဟာက ရှင်းပြသည်မှာ ‘‘ကျွန်တော်တို့ တွေးဆကြည့်တာ ခေါင်းကို ရှေ့ကို ကိုင်းပြီး ငုံ့တာ များလာတဲ့အခါ တွဲထားတဲ့ ကြွက်သားတွေမှာ ဝန်ပိုများသွားစေတယ်။ နေ့စဉ်နေ့တိုင်း ကြာချိန်တွေ ပေါင်းလိုက်ရင် အတော်များနေမယ်။ ဒီတော့ ခေါင်းကို ရှေ့ကိုင်းပြီး ငုံ့ထားတဲ့အခါ ဦးခေါင်းအလေးချိန်က ကျောရိုးရဲ့ အရိုးတွေထံမှာ လျော့သွားတယ်။ လည်ပင်းနောက်ဘက်က ကြွက်သားတွေပေါ်ကို ရောက်သွားတယ်။ ဇက်ကြောတက်မယ်။ အဲဒါ အမြဲလိုလို ဖြစ်လာတဲ့အခါ အခုလို အရိုးစထွက်လာပြီး အလေးချိန်ကို အဲဒီ အရိုးနဲ့ ပြန်ထမ်းပေးထားဖို့ ပြုပြင်ပြောင်းလဲမှုတစ်ရပ် အရိုးစုမှာ ဖြစ်ပေါ်တာ ဖြစ်ပါလိမ့်မယ်” ရှင်းပြသွားခဲ့ပါတယ်။

Read times Last modified on Wednesday, 11 December 2019 15:42
Rate this item
(1 Vote)