What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 16 January 2020 15:24

ကြက်သား အစိမ်းများထဲတွင် တွေ့ရသော ဆယ်မိုနဲလားပိုးများက ပဋိဇီဝ ပိုးသတ်ဆေးများ ယဉ်ပါးနေ

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ် နှင့် သင်္ဃန်းကျွန်း

မြို့နယ်ရှိ ဈေးများတွင်ရောင်းချနေသောဗမာကြက်နမူနာ(၂၈)မျိုး နှင့် အသားတိုးမွေးမြူရေးကြက်နမူနာ(၂၈)မျိုး စုစုပေါင်းကြက်သားအစိမ်းနမူနာ(၅၆)မျိုး ကို ကြက်သားဆိုင်(၂၈)ဆိုင်မှ ဝယ်ယူ၍ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်)ရှိအစားအသောက်အဏုဇီဝဗေဒဓါတ်ခွဲဌာနစိတ်တွင် ဓါတ်ခွဲစမ်းသပ်ခဲ့ရာအဆိုပါကြက်သားအစိမ်းများတွင် ဆယ်မိုနဲလားပိုးများတွေ့ရပြီး ထိုပိုးများမှာပဋိဇီဝပိုးသတ်ဆေးများယဉ်ပါးနေသည်ကိုတွေ့ရှိခဲ့ရကြောင်း ၁၃-၁-၂၀၂၀ ရက်နေ့မှ ၁၇-၁-၂၀၂၀ ရက်နေ့အထိ ရန်ကုန်မြို့၊ဇီဝကလမ်းရှိဆေးသုတေသနဦးစီးဌါနတွင်ပြုလုပ်‌နေသော မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသန

ညီလာခံ၌ တင်သွင်းဖတ်ကြားသော စာတမ်းတစ်စောင်မှသိရပါတယ်။

 

အဆိုပါကြက်သားအစိမ်းများထဲမှ အသားတိုးမွေးမြူရေးကြက်နမူနာ(၂၈)ကောင်ထဲမှ (၁၇)ကောင်( ၆၀.၇% )နှင့် ဗမာကြက်နမူနာ(၂၈)ကောင်ထဲမှ (၁၆) ကောင် ရာခိုင်နှုန်းအားဖြင့် (၅၇.၁%) တွင်ဆယ်မိုနဲလားပိုးကို စမ်းသပ်တွေ့ရှိခဲ့ကြောင်းသိရပါတယ်။

 

အဆိုပါဆယ်မိုနဲလားပိုးများတွင် ပဋိဇီဝဆေးယဉ်ပါးမှုကို ထပ်မံစစ်ဆေးခဲ့ရာ အမ်ပက်ဆလင်(Ampicillin) ဆေးနှင့်တထွာဆိုင်ကလင်း(Tetracycline) ဆေးကို ၆၃.၆ % ၊လီဗိုဖလောက်ဆစင်(Levofloxacin) ဆေးကို ၂၄.၂%စစ်ပရိုဖလောက်ဆစင်(Ciprofloxacin) ဆေးကို ၂၁.၂%၊ အမောက်စီစလင်နှင့် ကလက်ဗျာလဲနစ် အက်ဆစ်(Amoxicillin and clavulanic acid)ဆေးကို ၁၂.၂ % ၊ အဇီသရိုမိုင်ဆင် (Azithoromycin) ဆေးကို ၁၂.၂%၊ ကလိုရမ်ဖီနီကာဆေးကို (၃.၁%) စသဖြင့် ဆေးယဉ်ပါးနေကြောင်း တွေ့ရှိရကြောင်းလည်း အဆိုပါစာတမ်း၌ဖော်ပြထားပါတယ်။

 

ဆယ်မိုနဲလားပိုးကို ကြက်သားအစိမ်း ၃၃ ကောင်၌တွေ့ရှိခဲ့ရာ ၁၄ ကောင်( ၄၂.၄% )သည် ပဋိဇီဝဆေးမျိုး (၃)မျိုးနှင့်အထက် ဆေးယဉ်ပါးနေသည်ကိုတွေ့ရှိရကြောင်းလည်းဖော်ပြထားပါတယ်။

 

သို့သော်အမီကာစင်(Amikacin) နှင့် ဆဖ်ဘွိုင်ရာဖုန်း (Ceftriaxone) ဆေးတို့သည် ( ၁၀၀% )၊ ဆဖ်တာဇီဒင်း(Ceftazidine)ဆေးသည် ( ၉၇% ) ဆယ်မိုနဲလားပိုးကို သတ်နိုင်ကြောင်းလည်းသိရပါတယ်။

 

အဆိုပါ သုတေသနနှင့်ပတ်သတ်၍လူတို့အပေါ်အန္တရာယ်ဖြစ်စေနိုင်မှုကို ဆေးသုတေသနဦးစီးဌါနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်းကို မေးမြန်းခဲ့ရာ " ကြက်သားအစိမ်းတွေမှာ ဆယ်မိုနဲလားပိုးတွေတွေ့ရပေမဲ့ ဒီကြက်သားကို ကျက်အောင်ချက်ရင် ဆယ်မိုနဲလားပိုးတွေကသေသွားနိုင်ပါတယ်။ ဒါပေမဲ့ ဆယ်မိုနဲလားပိုးပါတဲ့ကြက်သားကိုကိုင်နေရင်းနဲ့ အခြားအစားအသောက်တွေကိုင်လိုက်မယ်ဆိုရင်တော့ ဒီပိုးက ဗိုက်ထဲတန်းရောက်သွားပါမယ်။ ဒါကြောင့် အသားစိမ်းတွေကိုင်ပြီးရင် လက်ကိုရေစင်အောင်ဆေးကြောဖို့လိုတယ်။ အသားစိမ်းတွေနဲ့ ချက်ပြီးသားအစားအစာတွေ၊ မုန့်ပဲသရေစာတွေ၊ အသီးအရွက်တွေအတူတူရောမထားရပါဘူး" ဟုပြောပြခဲ့ပါတယ်။

 

"အခုတွေ့ရတဲ့ ဆယ်မိုနဲလားပိုးတွေမှာ ဆေးယဉ်ပါးနေတယ်ဆိုတာကတော့ ဘာကြောင့်ယဉ်ပါးတာလဲ၊ ဥပမာ သူတို့ကိုကျွေးတဲ့အစာတောင့်ကလား ဆိုတာ ဆက်လက်သုတေသနလုပ်ရပါဦးမယ်"ဟုလည်း ဒေါက်တာဇော်သန်းထွန်းက ဖြည့်စွက်ပြောကြားသွားခဲ့ပါတယ်။

 

တိုက်ဖွိုက်မဖြစ်စေသော ဆယ်မိုနဲလားပိုးကြောင့်ဖြစ်သောအစာအဆိပ်သင့်ခြင်းသည်ကမ္ဘာ့ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်လာပြီး ၎င်းသည် ပိုးကူးစက်ထားသောအသား (အထူးသဖြင့်ကြက်သား)များကို စားမိခြင်းနှင့် ဆက်နွယ်လျက်ရှိကြောင်း၊ ထို့အပြင် ဆယ်မိုနဲလားပိုး၏ပဋိဇီဝပိုးယဉ်ပါးမှုများလာခြင်း၊ ဆေးယဉ်ပါးဆယ်မိုနဲလားပိုးများသည် ကြက်ငှက်တိရစ္ဆာန်များမှတဆင့် လူသို့ကူးစက်ခြင်းသည် ပြင်းထန်သောကမ္ဘာ့ကျန်းမာရေး ပြဿနာဖြစ်လာပြီဖြစ်ကြောင်းလည်း အဆိုပါစာတမ်း၌ဖော်ပြထားပါတယ်။

 

Health Digest Journal

(Zawgyi)

=======

ၾကက္သား အစိမ္းမ်ားထဲတြင္ ေတြ႕ရေသာ ဆယ္မိုနဲလားပိုးမ်ားက ပဋိဇီဝ ပိုးသတ္ေဆးမ်ား ယဥ္ပါးေန

 

ရန္ကုန္ၿမိဳ႕၊ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္ ႏွင့္ သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ ေဈးမ်ားတြင္ေရာင္းခ်ေနေသာဗမာၾကက္နမူနာ(၂၈)မ်ိဳး ႏွင့္ အသားတိုးေမြးျမဴေရးၾကက္နမူနာ(၂၈)မ်ိဳး စုစုေပါင္းၾကက္သားအစိမ္းနမူနာ(၅၆)မ်ိဳး ကို ၾကက္သားဆိုင္(၂၈)ဆိုင္မွ ဝယ္ယူ၍ အစားအေသာက္ႏွင့္ေဆးဝါး ကြပ္ကဲေရးဦးစီးဌာနခြဲ(ရန္ကုန္)ရွိအစားအေသာက္အဏုဇီဝေဗဒဓါတ္ခြဲဌာနစိတ္တြင္ ဓါတ္ခြဲစမ္းသပ္ခဲ့ရာအဆိုပါၾကက္သားအစိမ္းမ်ားတြင္ ဆယ္မိုနဲလားပိုးမ်ားေတြ႕ရၿပီး ထိုပိုးမ်ားမွာပဋိဇီဝပိုးသတ္ေဆးမ်ားယဥ္ပါးေနသည္ကိုေတြ႕ရွိခဲ့ရေၾကာင္း ၁၃-၁-၂၀၂၀ ရက္ေန႕မွ ၁၇-၁-၂၀၂၀ ရက္ေန႕အထိ ရန္ကုန္ၿမိဳ႕၊ဇီဝကလမ္းရွိေဆးသုေတသနဦးစီးဌါနတြင္ျပဳလုပ္‌ေနေသာ ျမန္မာနိုင္ငံက်န္းမာေရးဆိုင္ရာသုေတသန

ညီလာခံ၌ တင္သြင္းဖတ္ၾကားေသာ စာတမ္းတစ္ေစာင္မွသိရပါတယ္။

 

အဆိုပါၾကက္သားအစိမ္းမ်ားထဲမွ အသားတိုးေမြးျမဴေရးၾကက္နမူနာ(၂၈)ေကာင္ထဲမွ (၁၇)ေကာင္( ၆၀.၇% )ႏွင့္ ဗမာၾကက္နမူနာ(၂၈)ေကာင္ထဲမွ (၁၆) ေကာင္ ရာခိုင္ႏႈန္းအားျဖင့္ (၅၇.၁%) တြင္ဆယ္မိုနဲလားပိုးကို စမ္းသပ္ေတြ႕ရွိခဲ့ေၾကာင္းသိရပါတယ္။

 

အဆိုပါဆယ္မိုနဲလားပိုးမ်ားတြင္ ပဋိဇီဝေဆးယဥ္ပါးမႈကို ထပ္မံစစ္ေဆးခဲ့ရာ အမ္ပက္ဆလင္(Ampicillin) ေဆးႏွင့္တထြာဆိုင္ကလင္း(Tetracycline) ေဆးကို ၆၃.၆ % ၊လီဗိုဖေလာက္ဆစင္(Levofloxacin) ေဆးကို ၂၄.၂%စစ္ပရိုဖေလာက္ဆစင္(Ciprofloxacin) ေဆးကို ၂၁.၂%၊ အေမာက္စီစလင္ႏွင့္ ကလက္ဗ်ာလဲနစ္ အက္ဆစ္(Amoxicillin and clavulanic acid)ေဆးကို ၁၂.၂ % ၊ အဇီသရိုမိုင္ဆင္ (Azithoromycin) ေဆးကို ၁၂.၂%၊ ကလိုရမ္ဖီနီကာေဆးကို (၃.၁%) စသျဖင့္ ေဆးယဥ္ပါးေနေၾကာင္း ေတြ႕ရွိရေၾကာင္းလည္း အဆိုပါစာတမ္း၌ေဖာ္ျပထားပါတယ္။

 

ဆယ္မိုနဲလားပိုးကို ၾကက္သားအစိမ္း ၃၃ ေကာင္၌ေတြ႕ရွိခဲ့ရာ ၁၄ ေကာင္( ၄၂.၄% )သည္ ပဋိဇီဝေဆးမ်ိဳး (၃)မ်ိဳးႏွင့္အထက္ ေဆးယဥ္ပါးေနသည္ကိုေတြ႕ရွိရေၾကာင္းလည္းေဖာ္ျပထားပါတယ္။

 

သို႔ေသာ္အမီကာစင္(Amikacin) ႏွင့္ ဆဖ္ဘြိုင္ရာဖုန္း (Ceftriaxone) ေဆးတို႔သည္ ( ၁၀၀% )၊ ဆဖ္တာဇီဒင္း(Ceftazidine)ေဆးသည္ ( ၉၇% ) ဆယ္မိုနဲလားပိုးကို သတ္နိုင္ေၾကာင္းလည္းသိရပါတယ္။

 

အဆိုပါ သုေတသနႏွင့္ပတ္သတ္၍လူတို႔အေပၚအႏၲရာယ္ျဖစ္ေစနိုင္မႈကို ေဆးသုေတသနဦးစီးဌါနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာေဇာ္သန္းထြန္းကို ေမးျမန္းခဲ့ရာ " ၾကက္သားအစိမ္းေတြမွာ ဆယ္မိုနဲလားပိုးေတြေတြ႕ရေပမဲ့ ဒီၾကက္သားကို က်က္ေအာင္ခ်က္ရင္ ဆယ္မိုနဲလားပိုးေတြကေသသြားနိုင္ပါတယ္။ ဒါေပမဲ့ ဆယ္မိုနဲလားပိုးပါတဲ့ၾကက္သားကိုကိုင္ေနရင္းနဲ႕ အျခားအစားအေသာက္ေတြကိုင္လိုက္မယ္ဆိုရင္ေတာ့ ဒီပိုးက ဗိုက္ထဲတန္းေရာက္သြားပါမယ္။ ဒါေၾကာင့္ အသားစိမ္းေတြကိုင္ၿပီးရင္ လက္ကိုေရစင္ေအာင္ေဆးေၾကာဖို႔လိုတယ္။ အသားစိမ္းေတြနဲ႕ ခ်က္ၿပီးသားအစားအစာေတြ၊ မုန႔္ပဲသေရစာေတြ၊ အသီးအ႐ြက္ေတြအတူတူေရာမထားရပါဘူး" ဟုေျပာျပခဲ့ပါတယ္။

 

"အခုေတြ႕ရတဲ့ ဆယ္မိုနဲလားပိုးေတြမွာ ေဆးယဥ္ပါးေနတယ္ဆိုတာကေတာ့ ဘာေၾကာင့္ယဥ္ပါးတာလဲ၊ ဥပမာ သူတို႔ကိုေကြၽးတဲ့အစာေတာင့္ကလား ဆိုတာ ဆက္လက္သုေတသနလုပ္ရပါဦးမယ္"ဟုလည္း ေဒါက္တာေဇာ္သန္းထြန္းက ျဖည့္စြက္ေျပာၾကားသြားခဲ့ပါတယ္။

 

တိုက္ဖြိုက္မျဖစ္ေစေသာ ဆယ္မိုနဲလားပိုးေၾကာင့္ျဖစ္ေသာအစာအဆိပ္သင့္ျခင္းသည္ကမာၻ႔က်န္းမာေရးျပႆနာတစ္ရပ္ျဖစ္လာၿပီး

 ၎သည္ ပိုးကူးစက္ထားေသာအသား (အထူးသျဖင့္ၾကက္သား)မ်ားကို စားမိျခင္းႏွင့္ ဆက္ႏြယ္လ်က္ရွိေၾကာင္း၊ ထို႔အျပင္ ဆယ္မိုနဲလားပိုး၏ပဋိဇီဝပိုးယဥ္ပါးမႈမ်ားလာျခင္း၊ ေဆးယဥ္ပါးဆယ္မိုနဲလားပိုးမ်ားသည္ ၾကက္ငွက္တိရစာၦန္မ်ားမွတဆင့္ လူသို႔ကူးစက္ျခင္းသည္ ျပင္းထန္ေသာကမာၻ႔က်န္းမာေရး ျပႆနာျဖစ္လာၿပီျဖစ္ေၾကာင္းလည္း အဆိုပါစာတမ္း၌ေဖာ္ျပထားပါတယ္။

 

Health Digest Journal

 

Read times
Rate this item
(0 votes)