What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Saturday, 18 January 2020 15:12
အမျိုးသမီး သားကြောဖြတ်ရန် ခွင့်ပြုသည့် အခြေအနေများ
အမျိုးသမီးတစ်ဦးသည် အောက်ဖော်ပြပါ အခြေအနေများထဲမှ တစ်ခု (သို့မဟုတ်) တစ်ခုထက် ပိုသော အခြေအနေများနှင့် ကိုက်ညီမှုရှိပါက အမျိုးသမီး သားကြောဖြတ်ခြင်း ခွင့်ပြုရန်အတွက် လျှောက်ထားနိုင်ပါသည်။
၁။ Lower Segment Cesarian Section (LSCS) ခွဲစိတတ်နည်းဖြင့် အနည်းဆုံး (၂) ကြိမ် မွေးဖွားမှု ခံယူပြီးသော ကိုယ်ဝန် ဆောင်မိခင် (အသက်ကန့်သတ်ချက်မရှိပါ) 
၂။ အသက် (၃၀) ပြည့်ပြီး SS ခွဲစိတ်နည်းဖြင့် (၁) ကြိမ် မွေးဖွားမှုခံယူပြီးအသက်ရှင်လျက်ရှိသောကလေး အနည်းဆုံး (၁) ဦးရှိသည့် ကိုယ်ဝန်ဆောင်မိခင် 
၃။ Upper Segment Cesarian Section ခွဲစိတ်နည်းဖြင့် အနည်းဆုံး (၁) ကြိမ်မွေးဖွားမှု ခံယူပြီးသောအမျိုးသမီး 
၄။ သက်ဆိုင်ရာ အထူးကုဆရာဝန် (Registered Specialist) (သို့မဟုတ်)မြို့နယ်ဆရာဝန်မှ ကိုယ်ဝန်မဆောင်သင့်ကြောင်း ထောက်ခံချက်ပေးထားသော Medical or Surgical Conditions or Gynaecological or Psychiatric Disorders ရှိနေသည့် အမျိုးသမီး 
၅။ ယခင်မွေးဖွားမှုတွင် အသက်အန္တရာယ် ဖြစ်ပေါ်ခဲ့မှုကြောင့် နောက်တစ်ကြိမ်ကိုယ်ဝန်ဆောင်ရာတွင် အသက်အန္တရာယ် ဖြစ်ပေါ်နိုင်သော အမျိုးသမီး 
၆။ အသက်ရှင်လျက်ရှိသော ကလေး (၃) ဦးရှိသည့် အမျိုးသမီး (အသက်ကန့်သတ်ချက်မရှိပါ) 
၇။ အသက် (၃၀) နှစ်ပြည့်ပြီး အသက်ရှင်လျက်ရှိသော ကလေး (၂) ဦးရှိသည့် အမျိုးသမီး 
၈။ အသက် (၃၅) နှစ်ပြည့်ပြီး အသက်ရှင်လျက်ရှိသော ကလေး (၁) ဦးရှိသည့်အမျိုးသမီး 
၉။ အသက် (၄၀) နှင့်အထက် အမျိုးသမီး (ကလေးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ) 
၁၀။ ယခင်ကိုယ်ဝန်တွင် မျိုးရိုးဗီဇဆိုင်ရာ ချို့ယွင်းမှု (သို့) ရောဂါဖြစ်ခဲ့၍ နောက်ကိုယ်ဝန်တွင် ထပ်မံဖြစ်ပေါ်ရန် အလားအလာရှိသည့် အမျိုးသမီး 
၁၁။ အထက်ပါ အချက်များနှင့် တိုက်ရိုက် မကိုက်ညီသော်လည်း နှီးနွယ်နေသည့်အခြေအနေများ ရှိပါက တစ်ဦးချင်းအနေဖြင့် စိစစ်ဆောင်ရွက်ပေးရန် တို့ဖြစ်သည်။
(Zawgyi)
======
Read times
Rate this item
(0 votes)