What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 17 February 2020 13:49

စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်နိုင်တဲ့ ရောဂါဝေဒနာများ

စိတ်ဖိစီးမှုဆိုဒါ မဖိတ်ခေါ်ဘဲ နေ့စဉ်ကြုံတွေ့နေရတဲ့ ဝေဒနာတစ်ခုလည်း ဖြစ်ပါတယ်။

တခါတလေ ရုပ်ပိုင်းဆိုင်ရာများဖြင့် တုန့်ပြန်တတ်ကြတဲ့အပြင် စိတ်ဖိစီးမှုက ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ဖြစ်ပေါ်တတ်တဲ့ ဝေဒနာတစ်ခုလည်းဖြစ်ပါတယ်။ စိတ်ဖိစီးမှုများကြောင့် ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ထိခိုက်နိုင်သလို စိတ်ဝေဒနာရှင်အဖြစ်သို့ ပြောင်းလဲဖြစ်ပေါ်နိုင်တဲ့အတွက် စိုးရိမ်စရာကောင်းပါတယ်။

 

စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါဝေဒနာများ

ခေါင်းကိုက်တာ ၊ ဗိုက်အောင့်တာ ၊ ဆံပင်ကျွတ်တာ ၊ ဒေါသကြီးတာ ၊ မှတ်ဉာဏ်လျော့နည်းတာ ၊ နှလုံးရောဂါ ၊ ပန်းနာရင်ကျပ်ရောဂါ ၊ အဝလွန်တာ ၊ ဆီးချိုသွေးချို ၊ စိတ်ဓာတ်ကျတာ ၊ အစာအိမ် ၊ အူလမ်းကြောင်းဆိုင်ရာပြဿနာများ ၊ စိတ်ကျရောဂါ ၊ အိပ်စက်မှုထိခိုက်တာ ၊ အနာကျက်နှေးတာ ၊ ခဏခဏဖျားတာ၊ ရုပ်ရည်အိုမင်းလွယ်တာ ၊ အရွယ်မတိုင်ခင်သေဆုံးလွယ်တာ စတဲ့ဝေဒနာများ ဖြစ်ပေါ်နိုင်ပါတယ်။

 

Drug Stores & Pharmacies (ဆေးဆိုင်ပေါင်း ၁၀၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Drug Stores & Pharmacies

 

စိတ်ဖိစီးမှုများမှ လျော့ချနည်း

ရေများများသောက်တာ ၊ အသက်ပြင်းပြင်းရှူတာ ၊ တရားထိုင်တာ ၊ လေ့ကျင့်ခန်းများပြုလုပ်ပေးတာ၊ အိပ်ရေး၀၀အိပ်တာ ၊ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အသီးအရွက်များစားတာ ၊ သွေးခုန်နှုန်းပုံမှန်တိုင်းတာ ၊ ချောကလက် အနက်ရောင်စားတာ ၊ ထောပတ်သီးစားတာ ၊ အစေ့အဆန်များစားခြင်းဖြင့် စိတ်ဖိစီးမှုများကို လျော့ချနိုင်ပါတယ်။

 

ဒါအပြင် မိမိကိုယ်ကို လက်ခံနိုင်စွမ်းထားရှိတာ ၊ အရက် ၊ ဆေးလိပ်များသောက်ခြင်းမှ ရှောင်ကျဉ်တာ ၊ အားလပ်ချိန်တွင် ဝါသနာပါရာအလုပ်ကို လုပ်ကိုင်တာ ၊ ခရီးထွက်တာ ၊ တိတ်ဆိတ်ပြီး လေကောင်းလေသန့် ရရှိသောနေရာများတွင် အနားယူတာ ၊ သူငယ်ချင်း ၊ မိသားစုများ နဲ့ အချိန်ပေးတွေ့ဆုံခြင်းများ ပြုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုများကို လျော့ချနိုင်ပါတယ်။ စိတ်ကျပိုင်းရာဖြစ်ပေါ်လာပြီး လိုအပ်လျှင် ဆရာဝန် နဲ့ပြသကာ ဆေးဝါးကုသမှု ကိုခံယူနိုင်ပါတယ်။

Written By Health Products Directory

 

(Zawgyi)
=====


 


 


ခေါင်းကိုက်တာ ၊ ဗိုက်အောင့်တာ ၊ ဆံပင်ကျွတ်တာ ၊ ဒေါသကြီးတာ ၊ မှတ်ဥာဏ်လျော့နည်းတာ ၊ နှလုံးရောဂါ ၊ ပန်းနာရင်ကျပ်ရောဂါ ၊ အ၀လွန်တာ ၊ ဆီးချိုသွေးချို ၊ စိတ်ဓာတ်ကျတာ ၊ အစာအိမ် ၊ အူလမ်းကြောင်းဆိုင်ရာပြဿနာများ ၊ စိတ်ကျရောဂါ ၊ အိပ်စက်မှုထိခိုက်တာ ၊ အနာကျက်နှေးတာ ၊ ခဏခဏဖျားတာ၊ ရုပ်ရည်အိုမင်းလွယ်တာ ၊ အရွယ်မတိုင်ခင်သေဆုံးလွယ်တာ စတဲ့ဝေဒနာများ ဖြစ်ပေါ်နိုင်ပါတယ်။

 



 



 

 



Read times Last modified on Monday, 17 February 2020 17:45
Rate this item
(1 Vote)