ယခုအခါ သားအိမ်ကင်ဆာရောဂါကို အမျိုးသမီးအများစုက ရင်ဆိုင်နေရပါတယ်။
သားအိမ်ကင်ဆာရောဂါကြောင့် အစားအသောက်ကို ရှောင်ကျဉ်စားသောက်ခြင်းက ပြဿနာမဟုတ်ပေမဲ့ ဘယ်လိုအစားအသောက်များက သားအိမ်ကင်ဆာနဲ့ သားအိမ်လုံးဖြစ်ပေါ်ခြင်းမှ လျော့ချကာကွယ်နိုင်သလဲဆိုတာ သိနိုင်ရန်ခက်ခဲမှု ရှိသူများအတွက် ဖော်ပြပေးလိုက်ပါတယ်။
အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာများ
အေမျှင်ဓာတ်ပါဝင်တဲ့ အစားအစာများက ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များနဲ့ အညစ်အကြေးများကို ဖယ်ရှားနိုင်ပါတယ်။ ဒါအပြင် အမျှင်ဓာတ်က ခန္ဓာကိုယ်အတွင်း သားအိမ်ကင်ဆာရောဂါကို ဖြစ်ပေါ်စေနိုင်တဲ့ အီစထရိုဂျင်များကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်း အီစထရိုဂျင်များ မြင့်တက်ခြင်းက သားအိမ်လုံးကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ပဲအမျိုးမျိုး ၊ ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံများတွင် အမျှင်ဓာတ်များစွာ ပါသောကြောင့် သားအိမ်ဝေဒနာရှင်များနေဖြင့် စားသုံးနိုင်ပါတယ်။ ပိုးသတ်ဆေး ၊ဓာတ်တုပစ္စည်းများ သုံးထားသော အသီးအနှံများထက် အော်ဂဲနစ် အသီးများကို ပိုပြီးစားသုံးပေးသင့်ပါတယ်။
လက်ဖက်ရည်ကြမ်း
လက်ဖက်ရည်ကြမ်းတွင် ဓာတ်တိုးဓာတ်များ ပါဝင်သောကြောင့် သားအိမ်ကျန်းမာရေးအတွက် ကောင်းမွန် ယုံသာမက နေ့စဉ် ရှစ်ပတ်ခန့် သောက်သုံးခြင်းက သားအိမ်လုံးကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။
ရှောက်သီး ၊သံပုရာသီး
ရှောက်သီး ၊သံပုရာသီးများတွင် ဗီတာမင်စီများကြွယ်ဝသောကြောင့် သားအိမ်ခုခံအားစနစ်ကို ကောင်းမွန်စေတဲ့အပြင် သားအိမ်အတွင်းရောဂါ ပိုးများလွယ်ကူစွာ ဝင်ရောက်မှုကို တားစီးနိုင်ပါတယ်။
Medical (ဆေးပစ္စည်း ကိရိယာ ရောင်းချသော ဆိုင်ပေါင်း ၃၂၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)
အစိမ်းရောင်အစားအစာများ
ကန်စွန်းရွက် ၊ ဟင်းနုနယ် ၊ ကိုက်လန်လိုမျိုး အစိမ်းရောင်အစားအစာများက အယ်လ်ကာလီ ညီညွှတ်အောင်ထိန်းသိမ်း နိုင်တဲ့အပြင် အာရုံကြောစနစ်ကို ပါကောင်းမွန်စေပါတယ်။
နို့ ၊ နို့ ထွက်ပစ္စည်းများ
ဒိန်ချဉ် ၊ဒိန်ခဲ ၊ နွားနို့ နဲ့ နို့ ထွက်ပစ္စည်းများက ဗီတာမင် ဒီ ၊ ကယ်လ်စီယမ် များပါဝင်ခြင်းကြောင့် သားအိမ်အလုံးမဖြစ်အောင် ကာကွယ်နိုင်ယုံသာမက အရိုးများကိုပါ သန်မာစေခြင်းကြောင့် သားအိမ်ဝေဒနာရှင်များအနေဖြင့် သောက်သုံးရန် အလွန်ကောင်းမွန်တဲ့ အစားအသောက်တစ်ခုလည်းဖြစ်ပါတယ်။
အစေ့အဆန် နဲ့ အခွန်မာအသီးများ
ဗာဒံစေ့ ၊ သီဟိုဠ်စေ့ ၊ဂုန်လျှော်အစေ့ များတွင် အိုမီဂ်သရီးဖက်တီးအက်စစ် နဲ့ ကိုလတ်ထရော များပါဝင်သောကြောင့် သားအိမ်လုံးကိုဖယ်ရှားမှုတွင် အထောက်အကူပြုနိုင်ပြီး သားအိမ်ကင်ဆာဖြစ်ပွားခြင်းမှ လျော့နိုင်ပါတယ်။
ဒေါက်တာခင်မိုးမိုး
(Zawgyi)
=====
သားအိမ်ဝေဒနာရှင်များ စားသုံးသင့်သော အစားအစာများ
လက်ဖက်ရည်ကြမ်း
ရှောက်သီး ၊သံပုရာသီး
ဒေါက်တာခင်မိုးမိုး