What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 22 April 2020 20:10

(၂၂-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂၂-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီCOVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
 
၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၂၂-၄-၂၀၂၀) ရက်နေ့၊ ညနေတွင် (ပထမအသုတ်) စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၈၀) ခုအနက် (၂) ဦး၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ပြီး ကျန် (၁၇၈) ခုတွင် COVID-19 ရောဂါပိုးမတွေ့ရှိ (မတွေ့ရှိ) ပါ။
၂။ (၂၂-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြု လူနာ (၁၂၃)ဦးရှိပြီ ဖြစ်ပါသည်။
၃။ ယခုအခါ မြန်မာနိုင်ငံရှိ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်သူ (၉) ဦး ရှိပြီး ၎င်းတို့အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး အသွားအလာ ဆက်လက်ကန့်သတ်ထားရှိပါသည်။ ဓာတ်ခွဲ အတည်ပြုလူနာများအနက် သေဆုံးသူ (၅)ဦးရှိပြီ ဖြစ်ပါသည်။ ကျန်လူနာ (၁၀၉) ဦးအား ဖော်ပြပါ ဇယားအတိုင်း သက်ဆိုင်ရာဆေးရုံများတွင် ဆက်လက်စောင့်ကြည့်ကုသမှုပေးလျက်ရှိပါသည်။ လူနာ (၁၀၉) ဦးအနက် ဝေဘာဂီအထူးကုဆေးရုံကြီးတွင် အထူးကြပ်မတ်ကုသမှုပေးလျက်ရှိသူ (၃) ဦးရှိပြီး ကျန် (၁၀၆) ဦး၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။
၄။ ယနေ့ ပထမအသုတ် ဓာတ်ခွဲစစ်ဆေးမှုတွင် တွေ့ရှိရသော လူနာသစ် (၂) ဦးကို သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှု ပေးသွားမည်ဖြစ်ပါသည်။
၅။ (၂၁-၄-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၂-၄-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၂၁)ဦး ရှိပါသည်။
 
 
Read times Last modified on Wednesday, 22 April 2020 20:17
Rate this item
(0 votes)