What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 25 April 2020 13:14

ဂျပန်နိုင်ငံရောက် မြန်မာနိုင််ငံသားများ မြန်မာနိုင်ငံသို့ပြန်လည်ထွက်ခွါ နိုင်ရေးနှင့် စပ်လျဉ်း၍ အသိပေးကြေငြာချက်ထုတ်ပြန်

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ပြန်လည်ထွက်ခွါ နိုင်ရေးနှင့်
စပ်လျဉ်း၍ အသိပေးကြေငြာချက်ကို တိုကျိုရှိ မြန်မာသံရုံးမှ ယနေ့ထုတ်ပြန်သည်။
COVID – 19 ကူးစက်မှုကို ကန့်သတ် ထိန်းချုပ်နိုင်ရန် ချမှတ်ထားသည့် အစီအမံများကြောင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့ပြန်လည်ထွက်ခွာနိုင်ခြင်းမရှိဘဲ အခက်အခဲများကြုံတွေ့နေသောကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြထားခဲ့ပါကြောင်း။
မြန်မာသံရုံးအနေဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းချက်အရ All Nippon Airways ရုံးချုပ်နှင့် ၂၀၂၀ပြည့်နှစ်၊မေလ ပထမပတ်တွကင် တိုကျိုမြို့၊ Narita International Airport မှ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လူသားချင်းစာနာမှုအကူအညီလေယာဉ် ( Relief Flight )ပြေးဆွဲပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျှက်ရှိပြီး ထွက်ခွါမည့်နေ့ရက်အား အသိပေးသွားမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် ခရီးသည်အရေအတွက်အပေါ်မူတည်၍ လေယာဉ်စီစဉ်သွားမည်ဖြစ်ရာ All Nippon Airways လေယဉ်လက်မှတ်ဝယ်ယူထားသူများအနေဖြင့် မြန်မာသံရုံးသို့ ဆောလျင်
စွာ အသိပေးရန်လိုအပ်ပါကြောင်း။
မြန်မာနိုင်ငံသို့ပြန်လည်ထွက်ခွါလိုသူသည် မြန်မာသံရုံးအီးမေးလ် This email address is being protected from spambots. You need JavaScript enabled to view it.သို့ ၂၀၂၀ပြညိ့နှစ်၊ဧပြီလ ၂၈ ရက်၊၁၂၀၀နာရီနောက်ဆုံးထား၍
(က) အမည် (Passport ပါ အမည်/အင်္ဂလိပ်ဘာသာဖြင့် )
(ခ) Passport အမှတ်
(ဂ) Passport ထုတ်ပေးသည့် နေ့စွဲ( ရက်/လ/နှစ် )
(ဃ) ဂျပန်နိုင်ငံသို့ စတင်ရောက်ရှိသည့်နေ့စွဲ ( ရက်/လ/နှစ် )
(င) ပြန်လည်ထွက်ခွါ မည့်နေ့စွဲ ( ရက်/လ/နှစ် )
(စ) ပြန်လည်ထွက်ခွါလိုသည့် အကြောင်းရင်း
(ဆ) ANA Ticket Reservation အမှတ် ( ဥပမာ၊ NH/ VGQ5VR…. )
အထက်ပါ အချက်များအပြင် Passport ၏ ဓာတ်ပုံပါ စာရွက်မိတ္တူနှင့် All Nippon Airways လေယာဉ်လက်မှတ်မိတ္တူ ပူးတွဲပေးပို့ပါရန်။
မေလပထမပတ်တွင် ပျံသန်းမည်ဆိုပါက တိုကျိုမြို့၊ Narita International Airportမှ နံနက် ၀၈:၁၅ချိန်ထွက်ခွာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မွန်းလွဲ ၁၃:၁၅ချိန် ဆိုက်ရောက်မည်ဖြစ်ပြီး
Narita International Airport၊ANA Check-in Counterသို့ နံနက် ၀၆၀၀နာရီထက်နောက်မကျပဲရောက်ရှိရန်လိုအပ်မည်ဖြစ်ပြီး လေဆိပ်ကောင်တာသည် ၀၇:၃၀ အချိန်တွင် ပိတ်မည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် လူထုအခြေပြု ကုသစောင့်ရှောက်မှုပေးခြင်း( Community Based Facility Quarantine )(၂၁)ရက်နှင့်
မိမနေအိမ်တွင် သီးခြားနေထိုင်ခြင်း( Home Quarantine ) (၇)ရက် စုစုပေါင်း(၂၈)ရက်ကို မပျက်မကွက်လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်းဟူ၍ဖေါ်ပြပါရှိသည်။
Read times Last modified on Saturday, 25 April 2020 13:18
Rate this item
(0 votes)