What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 01 May 2020 07:31

(၁-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀) နာရီ COVID-19 သတင်းထုတ်ပြန်ခြင်း

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀) နာရီ
 
၁။ (၁-၅-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်း၌ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၂၀၈) ခုကို စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁) ဦး တွေ့ရှိခဲ့ပါသည်။
၂။ သို့ဖြစ်ပါ၍ (၁-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၅၁) ဦး တွေ့ရှိခဲ့ပြီဖြစ်ပါသည်။
၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) အနေဖြင့် ထိုသို့ စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်ထားရှိသူများ၏ ဓာတ်ခွဲနမူနာများအပြင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများအားလည်း ရယူကာ ပိုးကင်းစင်လာမှု အခြေအနေအား စစ်ဆေးလျက်ရှိပါသည်။
 


 

Read times Last modified on Friday, 01 May 2020 07:38
Rate this item
(0 votes)