What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 07 August 2020 15:54

တောင်အာဖရိကတွင် အလောင်းများထားဖို့အတွက် ကွန်တိန်နာကို အသုံးပြုနေရ

တောင်အာဖရိကတွင် အလောင်းများထားဖို့အတွက် ကွန်တိန်နာကို အသုံးပြုနေရ New York Post

COVID-19 ကပ်ရောဂါကြောင့် လူသေဆုံးမှုများ မြင့်တတ်လာခဲ့ပြီး အလောင်းများကို သင်္ဂြိုဟ်ရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ကွန်တိန်နာတွေကို အသုံးပြုလာကြရပါတယ်။

 

တောင်အာဖရိကတိုက် မှာ COVID-19 ဒဏ်ကို အဆိုးဆုံး ရင်ဆိုင်နေရပြီး လက်ရှိမှာဆိုရင် COVID-19 ရောဂါ ပိုးကူးစက်ခံရသူ ၅ သိန်းကျော်ရှိနေပြီး သေဆုံးသူဦးရေကတော့ ၁ သောင်းကျော်လာတယ်လို့ New York Post သတင်းဖော်ပြချက် အရသိရပါတယ်။

 

ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ တောင်အာဖရိကတိုက်တွင် မေလအစောပိုင်းနှင့် ဇူလိုင်းလလယ်များအကြား မျှော်မှန်းထားသည်ထက် ပိုပြီး သေဆုံးမှုနှုန်း ၅၉ ရာခိုင်းနှုန်း မြင့်တတ်လာတယ်လို့ ဇူလိုင်လ ဖော်ပြချက်တွင် ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ တရားဝင်ကိန်းဂဏန်းက ၎င်းတို့ ဖော်ပြချက်ထက် သေဆုံးသူဦးရေ ပိုများတယ်လို့လည်း ဆိုပါတယ်။

S.Africa's funeral parlours turn to makeshift mortuaries as virus ...

အဆိုပါ နိုင်ငံတွင် COVID-19 ရောဂါပိုး ကူးစက်မှုကြောင့် သေဆုံးမှုနှုန်းမြင့်တတ်လာတဲ့ အခက်ခဲများနှင့် ကြုံတွေ့နေရပြီး အစုလိုက် အပြုံလိုက် သေဆံးမှုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် သိပ်နောက်ကျသွားခဲ့ပြီး ၊ ယခုလို ကွန်တိန်နာတွေနဲ့ ဖြေရှင်းလိုက်တာက ငွေကြေးကုန်ကျများပြီး အလောင်းကို ကိုင်တွယ်သူတွေနဲ့ ကွယ်လွန်းသွားတဲ့ မိသားစုတွေအတွက် ဂုဏ်သိက္ခာရှိရှိ ဖြေရှင်းလိုက်နိုင်တာပါတယ်လို့ New York Post သတင်းတွင် ရေးသား ဖော်ပြထားတာကိုတွေ့ရပါတယ်။

 

COVID-19 ကပ်ရောဂါကြောင့် ​သေဆုံသူ ၂၅ ရာခိုင်းနှုန်းခန့်ကို မြှုပ်နှံခဲ့ပြီး ဇူလိုင်လတွင် မြှုပ်နှံမှု ၆၀ ရာခိုင်နှုန်းမြင့်တတ်ခဲ့တယ်လို့ နာရေးကူညီမှုအသင်းတာဝန်ခံ၏ ပြောကြားချက်အရာ သိရပါတယ်။ လက်ရှိမှာတော့ ရေကြောင်းပို့ဆောင်ရေး ကွန်တိန်နာတွေထဲမှာ အလောင်းတွေကို ထည့်ထားနေပြီး တခြားကွန်တိန်နာတွေကိုလည်း ထပ်မံတည်ဆောက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

 

Translated By Aung Win (Health Products Guide)

Ref: New York Post

Read times
Rate this item
(1 Vote)