What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 12 August 2020 20:17

(၁၂-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ ၊ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ (၁၂-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၅၇၉) ခု၊

- ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၂၀၅) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၃၁) ခုနှင့်

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၅၄) ခု

- စုစုပေါင်း (၁,၁၆၉)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦး တွေ့ရှိပါသည်။

၂။ (၁၂-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၆၁) ဦးရှိပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၅)ဦး (Case-261, 341, 344, 351 နှင့် 352) ရှိသဖြင့် ယနေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၃၁၈) ဦးရှိပါသည်။ ၎င်းတို့အနက် (၃၁၀) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ် နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

၅။ (၁၁-၈-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၂-၈-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၆) ဦးရှိပါသည်။

 No photo description available.

Image may contain: text that says '(ယခုသတင်းထုတ်ပြန်ချိန်အထိ) COVID-19 လူနာများအခြေအနေ (၁၂-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အသစ် COVID-19 ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း (confirmed) ယခုအထိ စုစုပေါင်း (၁) ဦး (၃၆၁) ဦး ကုသမှုခံယူပြီး ရောဂါပိုးကင်းစင်လာသူ (recovered) (၅) ဦး (၃၁၈) ဦး သေဆုံးလူနာ (death) (ဝ) ဦး (၆) ဦး'

Image may contain: text that says '(၁၂-၈ ရက်နေ့ COVID- လူနာ အမှတ် စဥ် အသက် ကျား/ နေရပ်လိပ်စာ ဓာတ်ခွဲစစ်ဆေးမှုများတွင် ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ (၁၂-၈-၂ ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 COVID- ရောဂါ ပြည်ပသို့ အတည်ပြု ခရီးသွား လူနာများနှင့် ရာဇဝင် ရှိ/မရှိ ထိတွေ့မှု ၃၅နှစ် ဆေးကုသမှု ခံယူစေမည့်ဆေးရုံ ကျား COVID- COVID-19 ဓာတ်ခွဲအဖြေ ရန်ကင်းမြို့ နယ်၊ ရန်ကုန်တိုင်းဒေသကြီ မှတ်ချက် မရှိ (အိန္ဒိယ) ဝေဘာဂီ အထူးကုဆေးရုံကြီး တွေ့ရှိ အသွားအလာ ကန့်သတ်ထားရှိသူ (ဒဂုံမြို့နယ်)'

Ministry of Health and Sports, Myanmar

Read times Last modified on Wednesday, 12 August 2020 20:26
Rate this item
(0 votes)