မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ (၁၆.၈.၂၀၂၀) ရက်နေ့၊ည (၈:၀၀)နာရီ သတင်း ထုတ်ပြန်ချက်အရ COVID-19 Positive တွေ့ရှိသော လူနာအမှတ်စဉ် (၃၇၅) သည် CB Bank စစ်တွေဘဏ်ခွဲမှ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
သြဂုတ်လ (၁၄) ရက်နေ့ (သောကြာနေ့) တွင် အဆိုပါဝန်ထမ်းသည် အနံ့မရခြင်း၊ အရသာ မသိရှိခြင်း အစရှိသည်တို့ကို ခံစားရသည့်အတွက် ခွင့်ယူ၍ ဆေးခန်းသို့ သွားရောက်ပြသရာမှ သံသယရှိသဖြင့် စစ်ဆေးမှုများပြုလုပ်ရာ ရောဂါပိုး တွေ့ရှိ ခဲ့ခြင်းဖြစ်ပါသည်။
CB Bank အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (Ministry of Health and Sports) ၏ လမ်းညွှန်မှုအတိုင်း အချိန်နှင့်တပြေးညီ တာဝန်ရှိသူများနှင့် လိုက်နာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
အဆိုပါ စစ်တွေဘဏ်ခွဲရှိ ဘဏ်ဝန်ထမ်းများအားလုံးကို ရောဂါပိုး ရှိ/မရှိ ယနေ့တွင် အမြန်ဆုံး စစ်ဆေးသွားမှာဖြစ်ပြီး အဆိုပါ ဘဏ်ခွဲအား (၁၇. ၈. ၂၀၂၀) ရက်နေ့ နှင့် (၁၈.၈.၂၀၂၀) ရက်နေ့ထိ စုစုပေါင်း ( ၂ ) ရက် ယာယီ ပိတ်ထား မည်ဖြစ်ပြီး (၁၉.၈.၂၀၂၀) တွင်ပြန်လည်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
CB Bank Core Banking System ဖြင့် CB Bank ဘဏ်ခွဲအားလုံးတွင် စစ်တွေဘဏ်ခွဲကိုယ်စား ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး CB Bank ATM များ၊ စစ်တွေမြို့ရှိ CB Bank Mobile Agent များတွင်လည်း ငွေထုတ်/ငွေလွှဲ များ ဆောင်ရွက်နိုင်ပါကြောင်း သိရပါတယ်။
ရောဂါပိုးတွေ့ရှိသည့် ဝန်ထမ်းနှင့် ဆေးစစ်ရမည့် ဝန်ထမ်းအားလုံးအား CB Bank အနေဖြင့် အပြည့်အဝ အထောက်အပံ့ ပေးသွားမယ်လို့ သိရပါတယ်။
ဘဏ်ခွဲပြန်လည်ဖွင့်လှစ်နိုင်ရန် ဘဏ်ခွဲ အဆောက်အဦးနေရာ အားလုံး၊ ရုံးသုံးပစ္စည်းအားလုံးကို ညွန်ကြားချက်များနှင့် အညီ စနစ်တကျ ပိုးသတ်ဆေးဖြန်းခြင်းကို ဆောင်ရွက်လျက်ရှိပြီး အစားထိုး ဘဏ်ဝန်ထမ်းများ၊ အစားထိုးငွေသားများဖြင့် ဘဏ်ခွဲတွင် မူလ နေ့စဉ် ရောဂါကာကွယ်ရေး ဆောင်ရွက်သော လုပ်ငန်းစဉ်များအတိုင်း လက်ဆေးဘေစင်၊ Mask ၊ Face Shield ၊ လက်အိတ်၊ Head cap ၊ Counter Glass Shield များ အပြည့်အစုံဖြင့် ဝန်ဆောင်မှု ပေးမည်ဖြစ်ပြီး Customer များ အန္တရာယ်ကင်း ယုံကြည်စိတ်ချစွာ ဝန်ဆောင်မှုရယူနိုင်မည် ဆောင်ရွက်နေပြီးလို့ သိရပါတယ်။