သြဂုတ် ၁၆ ရက် ညနေ ၈ နာရီ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးက သတင်းထုတ်ပြန်သည့် ဓာတ်ခွဲအတည်ပြု ရောဂါပိုးတွေ့ရှိသလူနာအမှတ် (၃၇၅) အမျိုးသမီးသည် စစ်တွေမြို့တွင် နေထိုင်ပြီး မြို့နယ် ၂ ခုကို ခရီးသွားရာမှ အပြန်တွင် ရောဂါ လက္ခဏာပြသခဲ့ပြီး အနီးကပ်ထိတွေ့သူ ၁၃ ဦးထိရှိကြောင်း သိရသည်။
အသက်(၂၆)နှစ်အရွယ် CB ဘဏ်ဝန်ထမ်းအမျိုးသမီးမှာ ၎င်းဘဏ်ဝန်ထမ်း ၆ ဦးနှင့်အတူ ဇူလိုင်လ ၃၁ ရက်တွင် ကျောက်ဖြူမြို့သို့သွားရောက်ခဲ့ပြီး၊ သြဂုတ်လ ၃ရက်တွင် ပုဏ္ဏားကျွန်းမြို့သို့သွားရောက်ခဲ့သူဖြစ်ကာ သြဂုတ်လ ၁၂ ရက်နေ့တွင် ဖျားနာပြီး အနံ့ခံနိုင်ခြင်းမရှိဖြစ်လာ၍ မိခင်ဖြစ်သူ စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူလာခြင်းဖြစ်ကြောင်းကြောင်းသိရသည်။
သူမသည် ဘဏ်ဝန်ထမ်း ၆ ဦးနှင့်အတူခရီးသွားခဲ့ပြီး ၎င်းတို့နေအိမ်တွင် မိဘ (၂) ဦး၊ မောင်(၁) ဦး၊ ညီမ (၁) ဦး၊ အိမ်ငှားလင်မယား (၂) ဦးနှင့်အိမ်ငှားလင်မယားနှစ်ဦး၏ ၃ နှစ်သား ကလေးငယ် ၁ ဦး၊ စုစုပေါင်း (၇) ဦး နှင့် အတူနေထိုင်ရာ သူမနှင့် အနီးကပ်ထိတွေ့သူ ၁၃ ဦးရှိကြောင်း
သူ့အမေရဲ့ စစ်ဆေးချက်တွေ ကိုတော့ မနက်ဖြန်စစ်ဆေးဖို့ပါမယ်။secondary contact တွေဖြစ်တဲ့ နောက်ထပ် ထိတွေ့ဆက်ဆံဖူးသူတွေကိုတော့ ပြည်သူ့ကျန်းမာရေးဌာနနဲ့ပူးပေါင်းပြီးဆေးရုံမှာ ကွာရန်တင်းဝင်ဖို့ရှိကြောင်းစစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ကပြောသည်။
Transcom News Journal