What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 21 August 2020 08:46

သွေးရည်ကြည်ဖြင့် COVID-19 လူနာများအားကုသရေး လုပ်ဆောင်လျက်ရှိ

ပြန်လည်သက်သာ ကောင်းမွန်သွားသူ COVID- 19 လူနာများ၏ သွေးရည်ကြည်ဖြင့်

COVID-19 ရောဂါပိုးပြင်းထန် သူများကို ဆက်လက်ကုသပေးမည်ဖြစ်ကြောင်း ဆေးသုတေသန တွင် ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် သွေးရည်ကြည်ဖြင့် COVID-19 လူနာများအားကုသရေး Ad-hoc အကြံပေးအဖွဲ့ ၏ ပြောကြားချက်အရ သိရသည်။

သွေးရောဂါ ပညာဌာနက အငြိမ်းစားဌာနမှူး ၊ COVID-19လူနာများအားကုသရေး Ad-hoc အကြံပေးအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာရဲမြ က “ကျွန်တော်တို့ သွေးရည်ကြည်ကုထုံး နဲ့ COVID-19 ရောဂါပြင်းထန်စွာ ခံစားရသူ ၈ ဦးကို အောင်မြင်စွာကုသနိုင်ခဲ့ပြီး ၄ ဦးက ဆေးရုံက ဆင်းခွင့်ရခဲ့ပါတယ်။ ကျန်တဲ့ ၄ ဦးကလည်း ရောဂါသက်သာနေပါပြီ။ သူတို့တွေဟာ ရောဂါအခံတွေ ရှိကြပြီး COVID-19 ရောဂါ ကိုပြင်းပြင်းထန်ထန်ခံစား ခဲ့ရသူတွေဖြစ်ပြီး ကျွန်တော်တို့ ခက်ခက်ခဲခဲ ကုသခဲ့ရသူတွေဖြစ်တယ်’’ ဟုပြောသည်။

သွေးရည်ကြည်ကုထုံးသည် ခုခံအားစနစ်ကို အသုံးပြု၍ ကုသသည့် ကုထုံး တစ်ခုဖြစ်သည်။ ခန္ဓာကိုယ်အတွင်းသို့ ရောဂါပိုးတစ်ခုဝင်ရောက်ပါက ပြန်လည် တိုက်ထုတ်ရန် ခန္ဓာကိုယ်မှ ပဋိပစ္စည်း ထွက်ပေါ်ပြီး ထိုပဋိပစ္စည်းက ရောဂါပိုးကို အနိုင်ယူတိုက်ထုတ်ခြင်းဖြစ်သည်။ ထိုပဋိပစ္စည်းကျန်ခဲ့သည့် သွေးရည်ကြည် ကို ထုတ်ယူ၍ အခြားရောဂါပိုးရှိလူနာအား ကုသမှုပေးခြင်းဖြစ်ကြောင်း ဆေးပညာရှင်များထံမှ သိရသည်။

“သွေးရည်ကြည်ကုဖို့ ဆိုတဲ့အခါ မှာ ရောဂါလက္ခဏာများတဲ့သူတွေ ကို ကြည့်ရတယ်။ ကျင့်ဝတ်ဆိုင်ရာ နည်းလမ်း နဲ့ ကုသရပါတယ်။ ရောဂါလက္ခဏာများတာက အောက်ဆီဂျင်ရာခိုင်နှုန်း၊ အသက်ရှူနှုန်း၊ အဆုတ်ရောင်တဲ့ ရာခိုင်နှုန်း၊ သွေးဖြူဥ ဘယ်လောက်ရှိရမယ်။ သွေးခဲတဲ့နှုန်း ဘယ်လောက်ရှိရမယ် ဆိုတဲ့ အသေးစိတ်တွေကို ကြည့်ပြီး သတ်မှတ်ပါတယ်။ နောက်လည်း ရောဂါလက္ခဏာပြင်းထန်သူတွေ ကို ကုသပေးမှာဖြစ်ပါတယ်။ ဒီ ၈ ယောက် ပြီးနောက်ပိုင်း ဒီနေ့ အထိ သွေးရည်ကြည်ကုထုံးနဲ့ ကုသဖို့ လိုအပ်တဲ့ သူ မရှိသေးပါဘူး’’ ဟု ပါမောက္ခဒေါက်တာရဲမြ က ရှင်းပြသည်။

သွေးရည်ကြည်ကုထုံး အတွက် COVID-19 ကူးစက်ခံရပြီးဆေးရုံက ဆင်းသွားသူများအား အလှူခံ၍ ၎င်းတို့၏ Antibody အားတိုင်းတာကြည့်ကာ ရောဂါအားချေဖျက်နိုင်သည့် ပဋိပစ္စည်းပါဝင်မှုများသူ ထံမှ သွေးရည်ကြည်အား အလှူခံမည်ဖြစ်ကြောင်း၊ အလှူခံပြီး သွေးရည်ကြည်သည် ၁ နှစ် အထိ သိမ်းဆည်းထားနိုင် မည်ဖြစ်ကြောင်း သိရသည်။

ရင်းမြစ် ဆင်ဟွာ

 

Read times
Rate this item
(0 votes)