What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 21 August 2020 21:43

စစ်တွေမြို့ကအတည်ပြုလူနာ၃၇၈နဲ့ထိတွေ့မိသူ ရန်ကုန်က၃၃ဦးကိုဓာတ်ခွဲစစ်ဆေးနေ

စစ်တွေမြို့ကနေရန်ကုန်ကိုဆေးလာကုခဲ့တဲ့အတည်ပြုလူနာ၃၇၈နဲ့ဆက်စပ်သူ မြောက်ဥက္ကလာပမြို့နယ်က

၁၅ဦးနဲ့လမ်းမတော်ရွှေလမင်းဆေးရုံက ဆရာဝန် ကျန်းမာရေးဝန်ထမ်း၁၀ဦး စတဲ့သူနဲ့အဆက်အစပ်ရှိခဲ့သူအရေအတွက်၃၃ဦးကို လှိုင်မြို့နယ်ကွာရန်တင်းစင်တာမှာ အသွာအလာကန့်သတ်ခဲ့ပြီး ဒီကနေ့သြဂုတ်လ၂၁ရက်နံနက်ပိုင်းမှာ ရောဂါပိုးရှိမရှိနှာခေါင်းတို့ဖတ်နမူနာရယူပြီးရောဂါဓာတ်ခွဲရှာဖွေစစ်ဆေးထားတယ်လို့ ကျန်းမာရေးဌာနကတာဝန်ရှိသူ ကပြောပါတယ်။

 

" မြောက်ဥက္ကလာခေမာကျောင်းလမ်းက ၁၅ဦးကိုရောဂါပိုးစစ်ဆေးပြီးပြီသူတို့ထဲက၂ဦးမှာရောဂါပိုးတွေ့တယ်လို့ လူမှုကွန်ယက်မှာဖော်ပြနေတာတွေကသတင်းအမှားတွေပါ။သူတို့ကသြဂုတ်လ၂၀ရက်မနက်ပိုင်းကမှ လှိုင်မြို့နယ် ကွာရန်တင်းစင်တာမှာအသွားအလာကန့်သတ်တာဖြစ်တော့ သူတို့တွေရဲ့နာမည်စာရင်းအတိအကျတွေယူနေရသေးပါတယ်။ရွှေလမင်းဆေးရုံက professor ဆရာဝန်တစ်ဦးနဲ့ staff ၁၀ဦးကလည်း အတည်ပြုလူနာ၃၇၈နဲ့ထိတွေ့မိလို့ဒီလှိုင်စင်တာမှာပဲ ကွာရန်တင်းလာဝင်နေပါတယ်။အဲ့ဒါကြောင့်အခု ၃၇၈နဲ့ထိတွေ့မိတဲ့ရန်ကုန်ကအားလုံးစုစုပေါင်း၃၃ဦးကို သြဂုတ်၂၁အခုနံနက်မှာ ရောဂါပိုးဓာတ်ခွဲနမူနာရယူပြီးစစ်ဆေးနေပါတယ်။ ရလဒ်အဖြေမထွက်သေးပါဘူးလို့ " ကျန်းမာရေးဌာနကတာဝန်ရှိသူကပြောပါတယ်။

 

အတည်ပြုလူနာနံပါတ်၃၇၈ဟာ သြဂုတ်လ၁၆ရက်နေ့ကပြည်ပခရီးသွားရာဇဝင်မရှိပဲစစ်တွေ ဆေးရုံကနေစောင့်ကြည့်လူနာအဖြစ် ရောဂါပိုးဓာတ်ခွဲစစ်ဆေးရာကနေတွေ့ရှိရသူ CBဘဏ်ဝန်ထမ်းအတည်ပြုလူနာ ၃၇၅ ရဲ့ လုပ်ဖော်ကိုင်ဖက်CB ဘဏ်ဝန်ထမ်းမိန်းကလေးတစ်ဦးရဲ့ အမေဖြစ်ပြီး ၃၇၅ နဲ့ တိုက်ရိုက်ထိတွေ့သူ သမီးဖြစ်သူမှာရောဂါစစ်ဆေးမှုအဖြေအရ Covid19 Negativeဖြစ်ခဲ့ပေမယ့် အသက်၅၀အရွယ်နောက်ခံရောဂါရှိသူအမေမှာ ရောဂါပိုးတွေ့ရှိရပြီး လူနာနံပါတ်၃၇၈အဖြစ်အတည်ပြုခဲ့တာဖြစ်ပါတယ်။

 

မေစု (DVB TV News)

Read times
Rate this item
(0 votes)