What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 25 August 2020 13:56

Facemask တပ်တာများလို့ ဖြစ်လာနိုင်တဲ့ Mask Mouth ပြဿနာနဲ့ သင့် ခံတွင်း ကျန်းမာရေး

Facemask တပ်တာများလို့ ဖြစ်လာနိုင်တဲ့ Mask Mouth ပြဿနာနဲ့ သင့် ခံတွင်း ကျန်းမာရေး Google

အခုအချိန်မှာ Covid 19 ရောဂါပိုးတွေ ကမ္ဘာတစ်ဝှမ်းဖြစ်ပေါ်နေတဲ့အတွက် လူအများစုက Facemask ကို အပြင်ထွက်ချိန်တိုင်း တပ်ဆင်လာရပါတယ်။

 

ထိုအချိန်မှာ သင့်ခံတွင်း ကျန်းမာရေးအတွက် “Mask Mouth” လို့ခေါ်တဲ့ ပြဿနာတစ်ခုကို ကြုံတွေ့ရနိုင်ပါတယ်။ Covid ရောဂါကူးစပ်ပြန့်ပွါးမှုကို လျော့ချနိုင်ဖို့ Facemask တပ်ဆင်ထားရတဲ့ အချိန်မှာ အသက်ရှူရခက်ခဲခြင်းကြောင့် လူအများစုက လေကို ပါးစပ်ဖြင့်ရှူမိကြခြင်း၊ ရေသောက်နည်းခြင်းတို့ ဖြစ်လာပါတယ်။

 

ထိုအချိန်မှာ သင့်ခံတွင်းအတွင်း ခြောက်သွေ့မှုများလာပြီး တံတွေးထွက်နှုန်း ကျဆင်းလာကာ Bacteria ပိုးများ ပေါက်ပွါးမှု ပိုမိုများပြားလာပါတယ်။ (တံတွေးက သင့်ခံတွင်းကို မခြောက်သွေ့အောင် ကာကွယ်ပေးပြီး သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါများကို တစ်ဖက်တစ်လမ်းက ကာကွယ်ပေးပါတယ်။ ) ထို့ကဲ့သို့ ခံတွင်းခြောက်သွေ့ခြင်းက အချိန်ကြာမြင့်လာရင်တော့ Bacteria ပေါက်ပွါးမှုများလာပြီး ခံတွင်းအနံ့ဆိုးများဖြစ်ပေါ်လာခြင်း၊ သွားနှင့်သွားဖုံးရောဂါများဖြစ်ပေါ်လာခြင်း စသဖြင့် ပြဿနာများစွာအပြင် နောက်ဆက်တွဲရောဂါများစွာဖြစ်ပေါ်လာနိုင်ပါတယ်။

 

ထိုအခြေအနေကို နိုင်ငံတကာမှ ဆရာဝန်များကြား “Mask Mouth” လို့ ခေါ်ဆိုလာကြပါတယ်။ ထို့အပြင် Covid ကာလအတွင်း Homestay Period များမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်း၊ ဆေးလိပ်နှင့် အရက်များ အလွန်အကျွံသောက်သုံးခြင်းကြောင့်လဲ အထက်ပါပြဿနာများကို ပိုဆိုးစေနိုင်ပါတယ်။

 

ထို့ကြောင့် အခုလို Covid ကာလအတွင်း သွားနှင့်ခံတွင်း ပြဿနာများ မကြုံတွေ့ရအောင်

တတ်နိုင်သလောက် နှာခေါင်းဖြင့် အသက်ရှူခြင်း၊

ဆေးလိပ်၊အရက်၊ကော်ဖီ၊လက်ဖက်ရည်သောက်သုံးမှုတို့ကို တတ်နိုင်သမျှ လျော့ချခြင်း၊

သွားနှင့်ခံတွင်းကို ပုံမှန်စနစ်တကျသန့်ရှင်းရေးပြုလုပ်ခြင်း၊

Alcohol percentage ပါဝင်မှုနည်းပါးသော ခံတွင်းသန့်ဆေးရည် ကို သွားနှင့် ခံတွင်း ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း သုံးပေးခြင်း၊

ရေများများသောက်ပေးခြင်းတို့ဖြင့် ကာကွယ်နိုင်ပါတယ်လို့ အကြံပြုလိုက်ပါတယ်။

 

ထို့အပြင် ကာကွယ်ခြင်းက ကုသခြင်းထက်ပိုထိရောက်တဲ့အတွက် ၆ လ ၁ ကြိမ်ခန့် နီးစပ်ရာ သွားနှင့်ခံတွင်းဆေးခန်းမှာ သင့်သွား/ခံတွင်းကျန်းမာရေးကို ပုံမှန်သွားရောက် စစ်ဆေးသင့်ပါတယ်။

အကယ်လို့ သင့်အနေနဲ့လဲ သွားကျန်းမာရေးကို ပုံမှန်စစ်ဆေးလိုလျှင် (သို့မဟုတ်) သွားနှင့် ခံတွင်းပြဿနာများအတွက် ပြသလိုလျှင် “Dent Asia Royal - သွားနှင့်ခံတွင်းဆေးခန်း”တွင် ကြိုတင်ရက်ချိန်းရယူကာ ပြသနိုင်ပါတယ်။

 

လိပ်စာ

အာရှတော်ဝင်ဆေးရုံကြီး၏ ရှေ့ဘက် မျက်နှာချင်းဆိုင်လမ်းမပေါ်ရှိ

အမှတ်(၁၁) ၊ အခန်းအမှတ်(BSH-02)၊ ဗဟိုလမ်း ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့ "

ဖုန်း :

09255255533

09255255544

ကြိုတင်ရက်ချိန်းရယူကာ ပြသနိုင်ပါတယ်။

Read times
Rate this item
(0 votes)