What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 04 September 2020 11:32

Batman မင်းသား Robert Pattinson ကိုဗစ်ကူးစက်ခံရ

အခုဆိုရင်တော့ ဗြိတိန်မင်းသား ဖြစ်သူ Robert Pattinson ဟာ လောလောလတ်လတ်မှာ

ကိုဗစ် ရှိတယ်ဆိုတဲ့ ဆေးစစ်ချက် ထွက်လာတာမို့ အင်္ဂလန်ရှိ Batman ဇာတ်ကား ရိုက်ကွင်းကို လောလော ဆယ်မှာ ရပ်နားထားလိုက်ရပါပြီ။ အဲဒါကြောင့် လင်းနို့မှတစ်ဆင့် ကိုဗစ် ကူးစက်တယ်လို့ ဆိုကြတာကို လင်းနို့လူသားက သက်သေထူလိုက်တာလို့ အချို့မီဒီယာတွေမှာ ဖော်ပြကြပါတယ်။

Warner Bros ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေးရဲ့ ပြောကြားချက် အရ Robert Pattinson အနေနဲ့ ဗြိတိန် မှာ Batman ဇာတ်ကားရိုက်ကူးစဉ်ရိုက်ကူး ထုတ်လုပ်မှု့ တာဝန်ခံ အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကိုဗစ်ကူး စက်ခံရပါတယ် ၊ အခုချိန်မှာတော့ တစ်ကိုယ်တည်း သီးသန့်ခွဲနေ ခိုင်းထားပါတယ် မည်သူ မည်ဝါဆိုတာနာမည် ထုတ်ဖော် ပြောကြားခြင်းတော့ မရှိခဲ့ပါဘူး ဆိုကာ ပြောကြားထားပါတယ်။

Vanity Fair နဲ့ Hollywood Reporter အစရှိတဲ့ သတင်းဌာန များရဲ့ သတင်းဖော်ပြချက်မှာတော့ တကယ်တမ်း Batman ဇာတ်ကား ရိုက်ကွင်းမှာ ကိုဗစ်ဖြစ်ပွားခဲ့တာက ရုပ်ရှင်မင်းသား Robert Pattinson ဖြစ်တဲ့ ဆိုကာ ခိုင်မာတဲ့ နေရာက Source ရရှိခဲ့တယ်သိရပါတယ်။

Batman ရုပ်ရှင်ထုတ်လုပ်မှုဟာ လန်ဒန်မြို့နားမှာ ပြန်စခဲ့ပြီး ကိုဗစ်ဖြစ်နေခဲ့စဉ် ၆ လ အကြာမှာ ပြန်စထားတဲ့ ရိုက်ကွင်းဖြစ်ပါတယ်။အဆိုပါ ရုပ်ရှင်ဟာ DC ရဲ့ ကောမစ်ရုပ်ရှင်ကို ပြန်ရိုက်ထားတာဖြစ်ပြီး ဒီနှစ်အစောပိုင်းမှာ Glasgow မှာရိုက်ကူးခဲ့တာပါ။အဆိုပါ ဇာတ်ကား ရဲ့ ဒါရိုက်တာ ဖြစ်သူ Matt Reeves ပြောကြားချက်အရ အဆိုပါရုပ်ရှင်ရဲ့ တစ်ဝက်နဲ့ တော်တော်များများကို ရိုက်ကူးနေရဆဲပါ။

Twilight ရုပ်ရှင်ကားရဲ့ မင်းသားဖြစ်သူ Robert Pattinson ဟာ သူ့ရဲ့ ယခင် Senior Batman သရုပ်ဆောင် တွေ ဖြစ်တဲ့ Christian Bale, Ben Affleck, Val Kilmer နဲ့ George Clooney တို့ရဲ့ လမ်းစဉ်ကို လိုက်နိုင်မည့် အရည်အချင်း ရှိသူတစ်ဦးပါ။

အမှန်တကယ်ဆို ယခု Robert ရိုက်ကူးနေတဲ့ Batman ရုပ်ရှင်ကားဟာ လာမည့် ၂၀၂၁ ဇွန်လမှာ ရုပ်ရှင် ရုံတင်ရမှာဖြစ်ပြီး အခုဆိုရင်တော့ ၂၀၂၁ အောက်တိုဘာ ၁ ရက်ကို ပြောင်းသွားခဲ့ပါပြီ။အဆိုပါ ရုပ်ရှင်မှာ ဗီလိန် ဇာတ်ပို့များအဖြစ် Paul Dano က The Riddler အဖြစ်ပါဝင်မှာဖြစ်ပြီး Zoe Kravitz က Catwoman ပါဝင်ထားကာ Penguin အဖြစ် Colin Farrell က ပါဝင်ထားပါတယ်။

အဆိုပါ ၂ မိနစ် ဗီဒီယို ထဲတွင် Nirvana ရဲ့ 1991 က သီချင်းဖြစ်တဲ့ Something In The Way သီချင်းပါဝင်တယ်သိရပါတယ်။၂၀၂၀ ဩဂုတ်လက ထွက်ရှိလာတဲ့ ရုပ်ရှင်အမြည်းကားတိုထဲတွင် Robert Pattinson ကို ငယ်ရွယ် ဖျတ်လက်တဲ့ Bruce Wayne အငယ်စား အဖြစ်မြင် ရကာ Batman စီးတော်ယာဥ် နဲ့ Batman စီးတဲ့ ဆိုင်ကယ်ကို မြင်တွေ့ရမှာပါ။

Read times
Rate this item
(0 votes)