What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 11 September 2020 22:07

အသွားအလာ ကန့်သတ်ခြင်း ကာလလျှော့ချခြင်းနှင့် စပ်လျဉ်း၍ အကြောင်းကြားစာ ထုတ်ပြန်

အသွားအလာ ကန့်သတ်ခြင်း ကာလကို ယခင် ၂၁ ရက်အစား

၁၄ ရက်သို့ လျှော့ချသတ်မှတ်ပေးရာ၌

Facility Quarantine (၁၄) ရက် + Home Quarantine (၇) ရက်

ထားရှိဆောင်ရွက်ရမည် ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန 

ပြည်သူ့ကျန်းမာရေးဦးစီးဌာန

စာအမှတ်။ ပကရ/ ရန-ကစ ၅၁၈ /၂ဝ၂ဝ 

ရက်စွဲ။ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၁ ရက်

သို့

တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး 

---------တိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန

---------မြို့

နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး

နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်။ 

 

အကြောင်းအရာ။ အသွားအလာ ကန့်သတ်ခြင်း (Quarantine) ကာလလျှော့ချခြင်းနှင့် ပတ်သက်၍ အကြောင်းကြားခြင်း။ 

ရည်ညွှန်းချက်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏(၁၀-၉-၂၀၂၀) ရက်စွဲပါ စာအမှတ်၊ ၃မက(ဆ)၂၀၂၀/၁၆၃၅၃ 

 

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် COVD-19ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား ဆောင်ရွက်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် UsCDC မှ ထုတ်ပြန်ချက်များ သုတေသနလေ့လာတွေ့ရှိချက်များအား ကိုးကား၍လည်းကောင်း၊ မြန်မာနိုင်ငံ တွင် လက်ရှိဖြစ်ပွားလျက်ရှိသော အနေအထားများနှင့် ရောဂါကူးစက်မှုအခြေအနေ (Epidemiological Situation) ပေါ်မူတည်၍လည်းကောင်း၊ ရရှိနိုင်သော Resources များပေါ်တွင် မူတည်၍လည်းကောင်း ပြန်လည်သုံးသပ်၍ Facility Quarantine ကာလအား မူလသတ်မှတ် ထားသော (၂၁) ရက်မှ (၁၄) ရက်သို့ လျှော့ချ၍ Facility Quarantine (၁၄) ရက်နှင့် Home Quarantine (၇) ရက် ထားရှိဆောင်ရွက်ရန်နှင့် ဓာတ်ခွဲနမူနာရယူ ဆောင်ရွက်မည့် အစီအစဉ်များအား ဆက်လက်ဆောင်ရွက် နိုင်ပါရန် အထက်ရည်ညွှန်းပါစာဖြင့် အကြောင်းကြားလာပါသည်။

 ၂။ သို့ဖြစ်ပါ၍ တိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ အနေဖြင့် အသွား အလာ ကန့်သတ်ခြင်းနှင့် ပတ်သက်၍ ပြောင်းလဲဆောင်ရွက်မည့်အစီအစဉ်အား သိရှိလိုက်နာဆောင်ရွက်နိုင်ပါရန် အကြောင်းကြားပါသည်။

(ဒေါက်တာစိုးဦး) 

ညွှန်ကြားရေးမှူးချုပ်

 Q.jpg

 

Read times
Rate this item
(0 votes)