What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 12 September 2020 22:03

ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ မိမိခန္ဓာကိုယ်မှာ ကူးစက်ခံရ ရှိမရှိ အလွယ်တကူ သိရှိနိုင်သော နည်းလမ်း

အဖျားရှိပြီး ချောင်းဆိုးလို့ ဆေးရုံ ရောက်သွားပြီးမှ ဆိုရင် သူတို့ အဆုတ်ရဲ့ ၅၀ ရာခိုင်နှုန်းက

 

အမာရွတ် fibrosis (တွယ်ဆက်တစ်သျှူး များ သိပ်သည်းထူပြောလာခြင်း) ဖြစ်ပေါ် နေတဲ့ အတွက် နောက်ကျလွန်းနေပါပြီ။ ဒါကြောင့် ထိုင်ဝမ်မှ ဆရာဝန်တွေက မနက်အိပ်ရာထ တိုင်း မိမိ ကိုယ်တိုင် စမ်းသပ်နိုင်တဲ့ နည်းလမ်းလေးတွေကို အောက်ပါအတိုင်း ဖော်ထုတ်ထားပါတယ်။

 

အသက် ပြင်းပြင်း ရှူပြီး ၁၀ စက္ကန့်ကြာအောင် အသက် အောင့်ထားပါ။ ချောင်းမဆိုးဘဲ၊ ရင်မကျပ်ဘဲ၊ မမောပန်းဘဲ အလွယ်တကူ ပြုလုပ် နိုင်တယ်ဆိုရင် သင့်အဆုတ်မှာ အမာရွတ် မရှိသေးတဲ့ အတွက် သင့်မှာ အဆုတ်ရောင် ရောဂါ ဖြစ်မနေ သေးသလို ရောဂါ ကူးစက် မခံရ သေးဘူးလို့ ယူဆနိုင်ပါတယ်။ ဒီစမ်းသပ်နည်းကို နေ့စဉ် နေ့တိုင်း မနက် အိပ်ယာ ထခါစ မှာ ရက်ဆက်ပြုလုပ်ပေးပါ။

 

ယခု လက်ရှိ ကမ္ဘာ့နိုင်ငံ တော်တော် များများမှာ ကူးစက်ခံ နေရတဲ့ COVID-19 လို့ခေါ်တဲ့ နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ်အသစ်ဟာ ရောဂါပိုး ဝင်ရောက်ပြီး ဝ-၂၄ ရက် အတွင်းမှာသာ ရောဂါ လက္ခဏာ ပြတတ်ပါတယ်။ ရောဂါ ကူးစက် ခံရခါ စ မှာ ရောဂါပိုး ဝင်ရောက်တဲ့ လက္ခဏာတွေ မတွေ့ရှိ ရသေးတဲ့ အတွက် ရောဂါရှိနေကြောင်း ဘယ်သူမှ မသိရှိနိုင်ကြပါဘူး။

 

COVID-19 virus ကြောက်တဲ့ အရာ ၇ မျိုး

ခရမ်းလွန်ရောင်ခြည် UV ကိုကြောက်ရွံ့တယ်။ အပူချိန် ၅၆ ဒီဂရီ စင်တီဂရိတ် / အပူချိန် မြင့်တာကို ကြောက်ရွံ့တယ်။ လေဝင် လေထွက် ရှိတဲ့‌နေရာ ကိုကြောက်တယ်။ ကလိုရင်း ပိုးသတ်ဆေးကို ကြောက်ရွံ့တယ်။ အရက်၊ အယ်လကိုဟောလ် ၇၅% ကိုကြောက်ရွံ့တယ်။ လက်များကို မကြာခဏ ဆေး‌ကြောခြင်း ကိုကြောက်တယ်၊ ခံနိုင်ရည်ရှိခြင်း၊ ကိုယ်ခံအား ကောင်းခြင်းကို ကြောက်ရွံ့တယ်၊ ကိုယ်ခံအား ကောင်းခြင်းဟာ အကောင်းဆုံး ကြိုတင်ကာကွယ်ခြင်းပဲ ဖြစ်တယ်။

 

ဗိုင်းရပ်စ်ပိုးမှ ကြိုတင် ခုခံ၊ ကာကွယ်ရန် လွယ်ကူတဲ့ နည်း ၈ ခု ရှိပါတယ်၊

ဒီတနှစ် အချိန် အတောအတွင်းမှာ အိပ်ရေးဝအောင် အိပ်ပါ။ နံနက်စာ ပုံမှန်စားပါ၊ ဒိန်ချဉ်စား‌ပေးပါ။ ကြက်သွန်ဖြူ များများစား‌‌ပေးပါ။ ပျားရည်နဲ့ ဂျင်းရေ၊ သံပုရာရည်ကိုသောက်ပါ။ နေ့လည် လက်ဖက်ရည် သောက်ပေးပါ။ လေ့ကျင့်ခန်းမှန်မှန်၊ အနည်းဆုံး တပတ် တစ်ခါလုပ်ပေးပါ။ နေရောင်ခြည်ကို မကြာခဏ ထိတွေ့ပေးပါ။ တက်ကြွ၊ ရွှင်လန်းတဲ့စိတ်ကို ပိုင်ဆိုင်နိုင်ပါ‌စေ။အကောင်းမြင်တတ်ပါစေ၊

 

COVID-19 ဗိုင်းရပ်စ်ပိုးဟာ ၀ - ၂၄ ရက် အတွင်းပေါက်ဖွားရန် အရှိန်ယူလာပြီး၊ ရောဂါကူးစက်ပြီး တဲ့နောက်မှာရောဂါ၊ လက္ခဏာတွေကို မပြပေမယ့် အဆုတ်ဆဲလ်တွေက ပူပြင်းတဲ့ဒဏ်ကို မခံနိုင်တော့လို့ ကိုယ်ပူ၊ အပြင်းဖျား၊ ချောင်းဆိုး စ ပြုလာပါမယ်။ ဆေးရုံမှာ လာစစ်ဆေးတဲ့အချိန်မှာ အဆုတ်ရဲ့ တဝက်‌ကျော်လောက် မှာ ရောဂါတွေ ကူးစက် ပြန့်ပွားလို့ နေခဲ့ပါပြီ၊ ကုသရန် အချိန်အလွန် နောက်ကျသွားပြီ။

 

ကျွမ်းကျင်သူများက သင့်ရဲ့အဆုတ်ကို မထိခိုက်စေရန် တတ်နိုင်သမျှ နက်ရှိုင်းစွာ အသက်ရှူရန်၊ အသက်ပြင်းပြင်းရှူရန် အကြံပြုထားပါတယ်။ တကယ်လို့ သင်က ချောင်းဆိုးခြင်း / ရင်ဘတ်မှာ နေထိုင်ရတာ အဆင်မပြေခြင်း / အသက်ရှူကြပ်ခြင်း လက္ခဏာများ မပြပါဘဲ၊ နေ့စဉ်ပုံမှန် နေရင်းထိုင်ရင်းနဲ့လည်း အဆုတ်မှာ ရောဂါကူးစက် နိုင်သေးကြောင်းဖော်ပြထားပါတယ်။

 

နံနက်‌စော‌စောတိုင်း ကြည်လင်တဲ့ ရာသီဥတု၊ နေရောင်ခြည်အောက်မှာ ကိုယ့်ကိုယ်ကိုစစ်ဆေးကြည့်ပါ။အသက်ရှူ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ၊ 

 

ယခုလိုအချိန်မှာ မြန်မာနိုင်ငံ က လူတိုင်းသိထားသင့်လို့ သင့်ရဲ့ Share တချက်နဲ့ ကူညီပါ။

 

ဒေါက်တာခင်မိုးမိုး

Read times
Rate this item
(1 Vote)