What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 14 September 2020 20:13

(၁၄-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ ၊ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ (၁၄-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၁,၀၁၁)ခု၊

- ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ (ပထမအသုတ်) (၂၈၄) ခု

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၅၁၂) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၂၅၀) ခု

- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၉၉) ခု

- ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ (၅) ခု

- ပြည်သူ့ဆေးရုံကြီး၊ ဗန်းမော်မြို့မှ ဓာတ်ခွဲနမူနာ (၄) ခု

- ပြည်သူ့ဆေးရုံကြီး၊ မြိတ်မြို့မှ ဓာတ်ခွဲနမူနာ (၆) ခု

- ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ (၅) ခု

- ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု

- ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့မှ ဓာတ်ခွဲနမူနာ (၁၁) ခု

- ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့မှ ဓာတ်ခွဲနမူနာ (၈) ခုနှင့်  နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၁၈) ခု စုစုပေါင်း (၂,၂၁၄)ခု အား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -  COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၈၀) ဦး တွေ့ရှိရပါသည်။

၂။ (၁၄-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃,၁၉၅) ဦးရှိပြီ ဖြစ်ပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း (၇၉၀) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

၄။ မြောက်ဥက္ကလာပအထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးတွင် တက်ရောက် ကုသမှုခံယူခဲ့‌သော အသက် (၅၉) နှစ်အရွယ် ဆီးချို၊ သွေးတိုးနှင့် ကျောက်ကပ် ရောဂါအခံရှိသူ အမျိုးသမီး (Case-2848) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်းဖြင့် (၁၁-၉-၂၀၂၀) ရက်နေ့၊ ညနေ (၆:၂၀) နာရီအချိန်တွင် သေဆုံး သွားခဲ့ပါသည်။

၅။ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့သော အသက် (၆၆) နှစ် အရွယ် ပန်းနာရင်ကြပ်ရောဂါ၊ သွေးတိုးရောဂါနှင့် အသည်းရောင်အသားဝါ (စီ) ရောဂါပိုး အခံရှိသူ အမျိုးသား (Case-2827) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးခြင်းဖြင့် (၁၂-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၅၀) နာရီအချိန် တွင် သေဆုံးသွားခဲ့ပါသည်။

၆။ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့‌သော အသက် (၈၄) နှစ် အရွယ် သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီး (Case-2828) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်းဖြင့် (၁၂-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါ သည်။

၇။ COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် တက်ရောက် ကုသမှုခံယူလျက်ရှိ‌သော အသက် (၆၇) နှစ်အရွယ် သွေးတိုးရောဂါနှင့် နှလုံးသွေးကြောကျဉ်း ရောဂါအခံရှိသူ အမျိုးသား (Case-2308) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်းဖြင့် (၁၄-၉-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါ သည်။

၈။ တောင်ဥက္ကလာပအထူးကုဆေးရုံကြီးတွင် တက်ရောက် ကုသမှုခံယူလျက်ရှိ‌သော အသက် (၅၀) နှစ်အရွယ် ဆီးချို၊ နှလုံးနှင့် သွေးတိုး ရောဂါအခံရှိသူ အမျိုးသမီး (Case-1351) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်း ပျက်စီးခြင်း ဖြင့် (၁၄-၉-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၈) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။

၉။ မြောက်ဥက္ကလာပအထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးတွင် တက်ရောက် ကုသမှုခံယူလျက်ရှိ‌သော အသက် (၈၀) နှစ်အရွယ် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူ အမျိုးသား (Case-2847) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်းဖြင့် (၁၄-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။

၁၀။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၃၂)ဦး ရှိပြီဖြစ်ပါ သည်။

၁၁။ (၁၃-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၄-၉-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၂၁၀) ဦးရှိပါသည်။

Image may contain: text

No photo description available.

Read times
Rate this item
(0 votes)