What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 17 September 2020 12:58

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ ကပ်ရောဂါ ပူးတွဲ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်မည်

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ ကပ်ရောဂါ ပူးတွဲ ကာကွယ်ထိန်းချုပ်ရေး တိုးမြှင့်ဆောင်ရွက်ရန်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် မစ္စတာ ချန်းချန်က မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်တို့နှင့်အတူ စက်တင်ဘာ ၁၅ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း မန္တလေးအခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး ဝဘ်ဆိုက်၏ သတင်း ဖော်ပြချက်များအရ သိရသည်။

 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် ချန်းချန်က လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာအရေအတွက် မြင့်တက်လာရာ နှစ်နိုင်ငံ နယ်စပ်ဒေသ ကပ်ရောဂါ ပူးတွဲကာကွယ်ထိန်းချုပ်ရေး အခြေအနေ အခက်အခဲများနှင့် ရင်ဆိုင်လာရကြောင်း၊

 

တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ယခင်လုပ်ငန်းဆောင်ရွက်မှုများတွင် အခြေပြုကာ မြန်မာနိုင်ငံ၏လိုအပ်ချက်အရ ကပ်ရောဂါတိုက်ဖျက်ရေး ကူညီအားပေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ Nucleic acid စစ်ဆေးနိုင်မှုကို ကူညီမြှင့်တင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

တရုတ်-မြန်မာ နှစ်နိုင်ငံသက်ဆိုင်ရာဌာနများ၊ သက်ဆိုင်ရာ ဒေသန္တရအစိုးရများနှင့် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် ကပ်ရောဂါ ပူးတွဲကာကွယ်ထိန်းချုပ်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ တရားမဝင်နယ်စပ်ဒေသဖြတ်ကျော်မှုများကို တိုက်ဖျက် ဆောင်ရွက်၍ ကပ်ရောဂါပြန့်ပွားမှုကို ကြိုးပမ်းတားဆီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ သက်ဆိုင်ရာများအနေဖြင့် ကောင်စစ်ဝန်ချုပ်ရုံး၏ လုပ်ငန်းဆောင်တာများကို ဆက်လက် အားပေးကြရန် မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။

 

သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း တာဝန်ရှိသူများကလည်း ပြည်နယ်နှင့်တိုင်းဒေသများတွင် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်ပေးမှုများအား ကျေးဇူးတင်ရှိကြောင်းနှင့် ကပ်ရောဂါ ပူးတွဲကာကွယ်တိုက်ဖျက်ရေးနှင့် နယ်စပ်စီမံထိန်းချုပ်ရေးလုပ်ငန်းများကို တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

Xinhua

Read times
Rate this item
(1 Vote)