နား၊နှာခေါင်း၊လည်ချောင်း အထူးကု ပါရဂူ ဒုတိယဗိုလ်မှူးကြီး ဒေါ်ခင်အေး မြင့်ဦး (ငြိမ်း)သည်
စက်တင်ဘာလ ၃ ရက်တွင် အမှတ် (၇၀) မြေနီကုန်းဈေးလမ်း စမ်းချောင်းမြို့ နေအိမ်၌ နေမကောင်းဖြစ်ရာမှ
အမှတ်(၁)တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀)သို့ တက်ရောက်စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုး တွေ့ရှိရသဖြင့် တပ်မတော်အသည်းရောဂါကု ဆေးရုံကြီး (မင်္ဂလာဒုံ)သို့ လွှဲပြောင်းကုသခဲ့သည်။
ပါရဂူကြီးသည် ဆီးချိုရောဂါအခံရှိပြီး စက်တင်ဘာလ ၁၇ ရက် ညနေပိုင်း တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ၊ ပြင်းထန်အဆုတ် ရောင်ရောဂါကြောင့်
ရုတ်တရက်အသက်ရှူလမ်းကြောင်း ပျက်စီးခြင်းရောဂါ၊ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါများဖြင့် ဆေးရုံ၌ပင် ကွယ်လွန်ခဲ့ပြီး
ဆေးရုံအတူတူ တက်ရောက်နေသော သမီးဖြစ်သူမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည်။
ပါရဂူကြီး ဒုတိယဗိုလ်မှူးကြီး ဒေါ်ခင်အေးမြင့်ဦး(ငြိမ်း)သည် အမှတ်(၁) တပ်မတော် ဆေးရုံကြီး (ကုတင်-၁၀၀၀)တွင် တာဝန်ထမ်းဆောင်ခဲ့ရာမှ ၂၀၀၇ ခုနှစ်၌
ကျန်းမာရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ယခုအသက် ၆၅ နှစ် အစိုးရဝန်ထမ်း အငြိမ်းစားဘဝဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
Tatmadaw Information Team