What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 18 September 2020 13:18

Q ဝင်တဲ့ ပြည်သူ ၄ဝဝဝ ကျော်ပြီဖြစ်ပြီး တစ်ယောက်မှ ပိုးမတွေ့သေး

Q ဝင်တဲ့ ပြည်သူ၄ဝဝဝကျော်ပြီဖြစ်ပြီး တစ်ယောက်မှ ပိုးမတွေ့သေးသဖြင့် Lucky ကောင်းတဲ့ Quarantine Center ဟု ဆိုကြသည့် Quarantine Center မှာ ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ တပ်မတော်စစ်ကြောရေးနဲ့တည်းခိုရေး Q center ဖြစ်သည်။

 

ယနေ့အထိ ပြည်သူလူထု ၄ဝဝဝကျော် Q ဝင်ခဲ့ပြီးပါပြီ။ထူးဆန်းတာက Q ဝင်တဲ့ပြည်သူတွေ ယနေ့အချိန်အထိ တစ်ယောက်မှပိုးမတွေ့ ကြောင်း အဲဒီတည်းခိုရေးတပ်မှူး ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက ပြောပါတယ်။ နောက်တစ်ခုက ပုသိမ်က လူငယ်တစ်ယောက်ကို Q ဝင်ဖို့ ရန်ကုန်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက လာပို့ပါတယ်။ Q ရက်ပြည့်လို့ပြန်တော့မယ်ဆိုရင် လာပိုတဲ့ ရပ်ကွက် /မြို့ အုပ်ချုပ်ရေးမှူးရုံးတွေကို  တပ်ကကားတွေနဲ့ ပြန်ပို့လေ့ရှိပါတယ်။

 

အဆိုပါ ပုသိမ်မှ လူငယ် Q ရက်ပြည့်လို့ပြန်မယ့်အချိန်မှာ လာပို့ခဲ့တဲ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြန်ပို့ခဲ့ပေမဲ့ အုပ်ချုပ်ရေးမှူးက သူ့ဘာသာသူပြန်ပါစေ လို့ပြောပါတယ်။ သို့ဖြစ်ရာ တပ်မတော်မှတာဝန်ရှိသူတို့က သူ့ကို ပုသိမ်ကားဝင်းအထိ လိုက်ပို့ပေးပြီး ကားခ ပါ ထောက်ပံ့ပေးလိုက်ပါတယ်။

 

တပ်မတော် စစ်ကြောရေးနဲ့တည်းခိုရေးတပ်တွေမှာ အကျွေးအမွေး
--------------

နံနက် စာ

ပဲပြုပ်ထမင်းကြော် နဲ့ကြက်ဥ ကြော် /ပြုပ်။

 

နေ့လည်စာ

အသားဟင်း ၊ ပဲဟင်း၊ အစိမ်းကြော် နဲ့ငါးပိရည် တို့စရာ၊

( နေ့လည် ၂နာရီ လက်ဖက်ရည်တစ်ခွက်စီ)

 

ညနေစာ

အသားဟင်း၊ အစိမ်းကြော် ၊ချည်ရည်ဟင်း ၊ငါးပိရည် တို့စရာ၊

(ည အဆာပြေ ခေါက်ဆွဲပြုတ်)

 

အိပ်ယာလိပ် ယူလာစရာ မလို။

သုံးနေရာ ရှိပါတယ်။

 

-ရန်ကုန် လှိုင်မြို့နယ် အုတ်ကျင်း ရှိ တပ်မတော်စစ်ကြောရေးနှင့်တည်းခိုရေးတပ်။

- နေပြည်တော် ၊ ရွာတော်ရှိ အမှတ် ၃စစ်ကြောရေးနှင့်တည်းခိုရေးတပ် နှင့်

- ရွှေညောင်မြို့ ရှိ တည်းခိုရေးတပ်တို့ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)