What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 18 September 2020 17:51

ဆေးပစ္စည်းရောင်းချသူများ အားလုံးသိသာရန်

အကြောင်းအရာ။ ။ Covid -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင်လိုအပ်သော KN95 (GB 19083-2010)(Medical Use) အရေးပေါ်ဝယ်ယူလိုပါသဖြင့် Quotation ပေးပို့နိုင်ပါရန်ကိစ္စ။

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ (၁၇၊ ၉၊ ၂၀၂၀)ရက်နေ့စွဲ၊ စာအမှတ်-ပကရ/ စဘ/၀ဖ-၈၀၇/၂၀၂၀ ဖြင့်ပေးပို့လာသော အကြောင်းကြားစာအရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် လိုအပ်သော KN95 (GB 19083-2010)(Medical Use)အရေးပေါ်ဝယ်ယူလိုပါ၍ မြန်မာနို်င်ငံဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းမှ ကူညီဆောင်ရွက်ပေးပါရန် ညှိနှိုင်းအကြောင်းကြားလာပါသည်။

သို့ပါ၍ ကုမ္ပဏီများမှ (၇) ရက်အတွင်း တင်သွင်းနို်ငမည့် ပစ္စည်းအရေအတွက်၊ လက်ဝယ်ရှိသည့် ပစ္စည်းအရေအတွက် တို့၏ စျေးနှုန်း နှင့် ပူးတွဲပါ Specification နှင့်ကိုက်ညီသော Quotation များကို Password ဖြင့်လုံခြုံစွာစီမံ၍ ဆက်သွယ်ရမည့် ပုဂ္ဂိုလ်အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် တို့အား မိမိတို့ကုမ္ပဏီ Letter Head ပေါ်တွင် ပြည့်စုံစွာဖော်ပြပြီး မြန်မာနို်ငငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း Email : This email address is being protected from spambots. You need JavaScript enabled to view it. သို့ (၁၉-၉-၂၀၂၀)ရက်၊ နေ့လည် (၂:၀၀)နာရီ နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ပါသည်။

Quotation များဖွင့်ဖောက်မည့်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝယ်ယူဖြန့်ဖြူးရေးဌာနမှ သက်ဆိုင်ရာကုမ္ပဏီ၏ ဆက်သွယ်ရမည့်ဖုန်းသို့ တိုက်ရိုက်ဆက်သွယ်၍ Password ကို တောင်းခံမည် ဖြစ်ပါသည်။

သက်ဆိုင်ရာကုမ္ပဏီများအနေဖြင့် မိမိတို့တင်သွင်းထားသော Quotation နှင့်ပတ်သက်သည့် Sample ပစ္စည်းများကို မိမိတို့၏ကိုယ်ပိုင်အစီအစဉ်ဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရုံးအမှတ်(၄၇) လုံခြုံရေးဂိတ်၊ ပစ္စည်းလက်ခံဌာနသို့ (၁၉-၉-၂၀၂၀)ရက်၊ နေ့လည် (၂)နာရီမှ ညနေ(၄)နာရီအတွင်း ဖုန်းနံပါတ်-၀၉၄၅၇၄၉၄၅၃၇ နှင့် ၀၉၄၅၇၄၉၄၅၃၃ ကိုဆက်သွယ်၍ ပေးပို့ရပါမည်။

တင်သွင်းသူများအနေဖြင့် KN95 (GB 19083-2010)(Medical Use)အတွက် Quotation များ ပေးပို့ကြရာတွင် အထက်ပါ သတ်မှတ်စည်းကမ်းသတ်မှတ်ချက်အတိုင်း သေချာစွာလိုက်နာ၍ အချိန်မှီပေးပို့ကြပါရန် အသိပေး အကြောင်းကြားအပ် ပါသည်။

MCCPMD

 

Image may contain: text

No photo description available.

Read times Last modified on Friday, 18 September 2020 17:54
Rate this item
(0 votes)