What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 19 September 2020 08:18

အောင်သမာဓိရွှေဆိုင် ဝန်ထမ်းများထံမှာ ကိုဗစ် ရောဂါပိုးတွေ့ရှိ

ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားသော အောင်သမာဓိရွှေဆိုင်မှ ဝန်ထမ်းများထံမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည်။

ဝန်ထမ်းတစ်ဦး ဖျားနာသဖြင့် ကိုဗစ်အရေး စိုးရိမ်ရသောကြောင့် ဆိုင်ပိတ်ခဲ့သည်။ နောက်ထပ် ဝန်ထမ်း ၇ ဦး ဖျားနာကြသည်။ ကျန်းမာရေးဌာနသို့ အကြောင်းကြားပြီး ဟော်တယ်တွင် Quarentine ထားရှိပေးခဲ့သည်။ သုံးလေးရက်အကြာတွင် အနံ့ပျောက်သူများ ရှိသဖြင့် ဆေးရုံတက်စေခဲ့သည်။ ဆေးစစ်ချက်အရ ဝန်ထမ်း ၈ ဦးသည် အတည်ပြုလူနာ ဖြစ်ကြောင်း သိရသည်။
ဆိုင်ရှိ ဝန်ထမ်းများအားလုံးကို Quarentine ထားရှိသည်။ ကိုဗစ်လူနာများနှင့် ထိစပ်သူ တစ်ရာနီးပါးတို့ကို ရွှေပြည်သာမှာရှိ ဇေတဝန်ရွှေကျောင်းတွင် အသွားအလာကန့်သတ် ထားရှိမည်ဖြစ်ပြီး အမျိုးသားဆောင်နှင့် အမျိုးသမီးဆောင် သီးခြားစီစဉ်ပေးထားသည်။
ဝန်ထမ်းများ စားရေးသောက်ရေးကို အောင်သမာဓိက တာဝန်ယူပြီး ပို့ပေးမည် ဖြစ်သည်။

အောင်သမာဓိရွှေဆိုင်၏ ဆိုင်ခွဲအားလုံးကို စက်တင်ဘာလ ၁၂ရက်နေ့မှ စ၍ ယာယီပိတ်ထားပြီ ဖြစ်သည်။

Read times
Rate this item
(0 votes)