What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 20 September 2020 16:46

မြေနီကုန်း၊ စမ်းချောင်း နှင့် ရန်ကင်းစင်တာ City Mart Supermarket များကို ယာယီပိတ်ထားမည်

ရန်ကင်းစင်တာရှိ City Mart Supermarket၊ City Care နှင့်

City Books & Music ဆိုင်ခွဲများအား စက်တင်ဘာလ ၂၀ရက်နေ့မှ စတင်ကာ ခေတ္တယာယီပိတ်ထားမည်ဖြစ်ပါသည်။

 

၎င်းဆိုင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းတစ်ဦးတွင် Covid-19 ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုခဲ့ပြီး အသေးစိတ်သတင်းအပြည့်အစုံအား ရရှိသည်နှင့်တစ်ပြိုင်နက် ထပ်မံအသိပေးသွားမည် ဖြစ်ပါသည်။ နားလည်ပေးမှုများအတွက် ကျေးဇူးတင်ရှိပါသည်။

 

ထို့အတွက် ဈေးဝယ်သူများအနေဖြင့် နီးစပ်ရာဆိုင်ခွဲဖြစ်သည့် City Mart ဝေဇယန္တာဆိုင်ခွဲ၊ City Mart Neighborhood ရွှေမိုးကောင်းဆိုင်ခွဲနှင့် City Mall online (https://www.citymall.com.mm/) တို့တွင် ဝယ်ယူနိုင်ပါသည်။

 

ဆိုင်ခွဲများ၏ ဆိုင်ဖွင့်ချိန်များကို အောက်တွင် ဖော်ပြထားပါသည်။ ဈေးဝယ်သူများအနေဖြင့်လည်း မိမိတို့၏ကျန်းမာရေးကို ဂရုစိုက်ကာကွယ်ရန် ထပ်မံတိုက်တွန်း အသိပေးအပ်ပါသည်။

 

City Mart Supermarket မြေနီကုန်းဆိုင်ခွဲအား စက်တင်ဘာလ ၁၆ရက်နေ့မှ စတင်ကာ ခေတ္တယာယီပိတ်ထားလျက်ရှိပါသည်။ ထို့အတွက် စျေး၀ယ်သူများအနေဖြင့် နီးစပ်ရာဆိုင်ခွဲများဖြစ်သည့် 

City Mart (မင်းရဲကျော်စွာ) ဗဟိုအမျိုးသမီးဆေးရုံကြီးဆိုင်ခွဲ  

City Mart Junction Square ဆိုင်ခွဲနှင့် City Mall Online (https://www.citymall.com.mm/) တွင်ဖြစ်စေ၀ယ်ယူနိုင်ပါသည်။ မြေနီကုန်း Center အတွင်းရှိအခြားဆိုင်များအားဖွင့်လှစ်ထားလျက်ရှိပါသည်။

စျေး၀ယ်သူများအနေဖြင့်လည်း မိမိတို့၏ကျန်းမာရေးကို ဂရုစိုက်ကာကွယ်ရန် ထပ်မံတိုက်တွန်း အသိပေးအပ်ပါသည်။

 

CityMartSupermarket

Read times
Rate this item
(0 votes)