What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 22 September 2020 13:16

ပြည်သူများသို့ အသိပေးခြင်း (၁)

• (၂၀-၉-၂၀၂၀)ရက်နေ့ညတွင် ရန်ကုန်တိုင်းဒေသကြီးအတွက် ထုတ်ပြန်ကြေညာခဲ့သော နေအိမ်တွင်နေထိုင်ရေး (Stay at home) အစီအစဉ်၏ ထိရောက်မှုမှာ အနည်းဆုံး (၂)ပတ်အကြာမှ သိသာထင်ရှားသော အကျိုးရလဒ် ပေါ်ပေါက်လာမည် ဖြစ်ပါသည်။

 

• ယခုလောလောဆယ်၌ လူနာများသေဆုံးမှု နည်းပါးစေရန် မိမိတို့၏ ဆရာဝန်ကြီးများ၊ သူနာပြုများ၊ နှီးနွှယ်ဘာသာရပ်အမျိုးမျိုးမှ ကျွမ်းကျင်ဝန်ထမ်းများနှင့် ဆေးရုံအုပ်ကြီးများက ဆေးရုံများ၌ လူနာများအား နေ့မအား၊ ညမနား အစွမ်းကုန် ကုသပေးလျက်ရှိပါသည်။


• ထို့အပြင် ကုသရေးပိုင်းဆိုင်ရာ ဝန်ထမ်းများနှင့် ပညာရှင်များ အဆင်ပြေစွာ လုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနမှ အထူးပံ့ပိုးဆောင်ရွက်ပေးလျက် ရှိပါသည်။


• ဤကပ်ရောဂါသည် မြန်မာနိုင်ငံ၌ မည်သည့်အချိန်၌ ပြီးဆုံးမည်ကို အတိအကျ မပြောနိုင်သော်လည်း ပြည်သူများ ပူးပေါင်းပါဝင်မှုနှင့် စည်းကမ်းလိုက်နာမှု ကောင်းလျှင် ကောင်းသလို၊ များလျှင်များသလို ဤကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု အရှိန်အဟုန် ကျဆင်းသွားပြီး နိုင်နင်းသောအခြေအနေသို့ အမြန်ဆုံးရောက်ရှိမည်မှာ သေချာပါသည်။


• ယခုအချိန်၌ အထိရောက်ဆုံးနှင့် ငွေကုန်ကြေးကျမရှိဆုံး နည်းဗျူဟာမှာ ပြည်သူများ မိမိအိမ်တွင်သာ နေထိုင်ပြီး မဖြစ်မနေကိစ္စရပ်များအတွက် ပြင်ပသို့ ထွက်ရသည့်အခါ ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ခြင်းပင် ဖြစ်ပါသည်။


• ဤကပ်ရောဂါ ထပ်မံပျံ့နှံ့ကူးစက်မှုကို အနည်းဆုံးဖြစ်စေရန် မိမိတို့၏ ပြည်သူ့ကျန်းမာရေး ပညာရှင်များက လုပ်သင့်လုပ်ထိုက်သည်များအားလုံးကို ဆောင်ရွက်နေသည့်အပြင် ကပ်ရောဂါဗေဒ သဘောသဘာဝအရ ပြောင်းလဲနေသည့်ဖြစ်စဉ်ပေါ်မူတည်၍ မိမိတို့သည် နည်းဗျူဟာများကို လိုအပ်လျှင် လိုအပ်သလို ပြောင်းလဲကျင့်သုံးလျက်ရှိပါသည်။


• ယခုအချိန်၌ မိမိတို့သည် လူအများ စုဝေးရာနေရာများဖြစ်သည့် ဈေးများမှ တစ်ဆင့် ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် စက်ရုံအလုပ်ရုံများ၌ ကူးစက် ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးတို့ကို အားဖြည့်ဆောင်ရွက်လျက်ရှိပါသည်။

 

• ယခုအချိန်၌ အဓိက ဆောင်ရွက်နေသည့် အချက် (၃)ချက်မှာ -

(က) ဆေးရုံများ၌ ကျန်းမာရေးဝန်ထမ်းများအား ရောဂါကူးစက်မှု မဖြစ်စေရေးနှင့် လူနာများ အသက်သေဆုံးမှု မရှိစေရေး၊

(ခ) အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုသည့်နေရာ၊ အဆောက်အဦ (Quarantine center) များ ပိုမိုရရှိရေးနှင့် စနစ်တကျ ပီပြင်စွာ စီမံခန့်ခွဲမှု ရရှိနိုင်ရေး၊

(ဂ) ဓါတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်မှုရှိခဲ့သူများကို စုံစမ်း၊ ဖော်ထုတ်ရှာဖွေကာ (Contact tracing) ဓါတ်ခွဲစစ်ဆေးပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။

 

ပြည်ထောင်စုဝန်ကြီး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

Image may contain: text

Image may contain: text that says 'ယခုအချိန်၌ အဓိက ဆောင်ရွက်နေသည့် အချက် (၃)ချက်မှာ- (က) ဆေးရုံများ၌ ကျန်းမာရေးဝန်ထမ်းများအား ရောဂါကူးစက်မှု မဖြစ်စေရေးနှင့် လူနာများ အသက်သေဆုံးမှု မရှိစေရေး၊ (ခ) အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုသည့်နေရာ၊ အဆောက်အဦ (Quarantine center) များ ပိုမိုရရှိရေးနှင့် စနစ်တကျ ပီပြင်စွာ စီမံခန့်ခွဲမှု ရရှိနိုင်ရေး၊ (ဂ) ဓါတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်မှုရှိခဲ့သူများကို စုံစမ်း၊ ဖော်ထုတ်ရှာဖွေကာ (Contact tracing) ဓါတ်ခွဲစစ်ဆေးပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။ ပြည်ထောင်စုဝန်ကြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန'

Read times
Rate this item
(0 votes)