What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 22 September 2020 15:50

မြန်မာ့အာမခံလုပ်ငန်းတွင် ကျန်းမာရေး အာမခံထားရှိသူ ပိုမိုများပြားလာ

မြန်မာ့အာမခံလုပ်ငန်းတွင် ကျန်းမာရေး အာမခံထားရှိသူ ပိုမိုများပြားလာ MRTV

မြန်မာ့အာမခံလုပ်ငန်းတွင် ကျန်းမာရေးအာမခံထားရှိသူများ COVID-19 ရောဂါဖြစ်ပါက အကျိုးခံစားခွင့် (၄၀) ရာခိုင်နှုန်း ထပ်ဆောင်းရရှိမည်၊ မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့အာမခံလုပ်ငန်းတွင် ကျန်းမာရေး အာမခံထားရှိသူ ပိုမိုများပြားလကြောင်း သိရပါတယ်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းတွင် ကျန်းမာရေး အာမခံထားရှိသူများအနေဖြင့် COVID-19 ရောဂါဖြစ်ပါက မူလအကျိုးခံစားခွင့်၏ (၄၀)ရာခိုင်နှုန်း အပိုဆောင်းခံစားခွင့် ရရှိမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်း၊ တိုင်းဦးစီးမှူး ဒေါ်ခင်ခင်ချိုထံမှ သိရသည်။

မည်သူမဆို ပရီမီယံကြေး အပိုထပ်သွင်းရန်မလိုဘဲ မူလကျန်းမာရေးအာမခံ၏ ပေါ်လစီအရ ကျသင့်ပရီမီယံအတိုင်းသာ COVID-19 အပိုဆောင်းခံစားခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်အား COVID-19 ရောဂါဖြစ်ပွားမှု များပြားလာခြင်းကြောင့် ပြည်သူများ ၊ နိုင်ငံ့ဝန်ထမ်းများ ၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးအတွက် အဆင်ပြေစေရန် လုပ်ဆောင်ပေးရခြင်းဖြစ်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့အာမခံလုပ်ငန်းတွင် ကျန်းမာရေးအာမခံ ထားရှိသူ ပိုမိုများပြားလာကြောင်း သိရသည်။

#မန္တလေးသတင်းဌာနခွဲ
#MRTV

Read times
Rate this item
(0 votes)