What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 24 September 2020 13:26

ရန်ကုန်တိုင်းဒေသကြီး ၊ ၄၄ မြို့နယ်အတွက် တားမြစ်ချက်များ ထုတ်ပြန်ထား

ရန်ကုန်တိုင်းဒေသကြီး ၊ မြို့နယ် ၄၄ ခုတွင် စက်တင်ဘာလ ၂၄ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့ အထိ

 

ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ ကုန်စိမ်း/ကုန်ခြောက်ဆိုင်များ၊ ဆေးဆိုင်များ၊ လျှပ်စစ်ပစ္စည်းရောင်းချသော ဆိုင်များအပ ကျန်သော ဆိုင်များ ဖွင့်လှစ် ရောင်းချခြင်းမပြုရန် ၊ ကွမ်းယာဆိုင်များ ပိတ်ထားရန်၊ ဆောက်လုပ်ရေးလုပ်ငန်းများ ယာယီရပ်နားထားရန်၊ Stay at Home နေထိုင်ကြရန်၊ မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြရန်နှင့် အပြင်ထွက်သည့်အခါအတိုင်း Mask တပ်ဆင်ရန်၊ ဧည့်သည်နှင့် အိမ်ပြောင်း/ရွှေ့ဝင်ထွက်ခြင်းများ မပြုလုပ်ရန် တင်းကျပ်စွာ ပြဌာန်းတားမြစ်ထားပါသည်။

 

ညွှန်ကြားချက်များကို ဖောက်ဖျက်သူများကို တည်ဆဲဥပဒေများအရ လည်းကောင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

 

ကွမ်းယာဆိုင်များ ဖွင့်လှစ်လျှင် ဆေးရွက်ကြီးဆိုင်ရာဥပဒေနှင့်လည်းကောင်း၊ ညွှန်ကြားချက်များကို ဖောက်ဖျက်သူများကို တည်ဆဲဥပဒေများအရ လည်းကောင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

 

မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်တွင် ဝေငှထားသော အမိန့်စာရွက်ကို နမူနာအဖြစ် ဖော်ပြအပ်ပါသည်။

 

Read times Last modified on Thursday, 24 September 2020 13:29
Rate this item
(0 votes)