မော်လမြိုင်မြို့တွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၃၀၀) ခန့် ထားရှိမည့် ယာယီဆေးရုံအား အ.ထ.က (၁) ကျောင်း ဘောလုံးကွင်း အတွင်း၌ ဆောက်လုပ်လျက် ရှိကြောင်း သိရသည်။
မော်လမြိုင်မြို့မှ ဒေသခံ ပြည်သူတစ်ဦး၏ လှူဒါန်းမှုဖြင့် စက်တင်ဘာ (၂၅) ရက်နေ့က စတင်ဆောက်လုပ်လျက်ရှိသည့် အဆိုပါ ယာယီဆေးရုံသည် ပေ (၈၀)၊ ပေ (၃၂၀) Steel Structure အမျိုးအစားဖြစ်ပြီး နှစ်ပတ်အတွင်း ပြီးစီးအောင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ (၂၉) ရက်ည ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၂၆၆) ဦး ရှိပြီး၊ သေဆုံးသူ (၃) ဦးရှိကြောင်း သိရသည်။
Ref; ကိုဟိန်း(ပေါင်)
MRTV