What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 01 October 2020 09:34

ကမ္ဘောဇဘဏ်နှင့် ရွှေသံလွင် (Skynet) တို့ မှ ငွေကျပ် သိန်း (၁၀၀၀၀) ကနဦး မတည်၍ အင်းယားလိတ် Covid Center တည်ဆောက်လှူဒါန်းမည်

ကမ္ဘောဇဘဏ်နှင့် ရွှေသံလွင် (Skynet) တို့ မှ ငွေကျပ် သိန်း (၁၀၀၀၀) ကနဦး မတည်၍ အင်းယားလိတ် Covid Center တည်ဆောက်လှူဒါန်းမည် Pyi Myanmar

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ လမ်းညွှန်မှုဖြင့် COVID-19 ရောဂါ ကုသရေးအတွက် ကမ္ဘောဇဘဏ်နှင့် ရွှေသံလွင်ကုမ္ပဏီ (Skynet) တို့မှ ဦးဆောင်၍ ငွေကျပ် သိန်း (၁၀၀၀၀) ကနဦး မတည်ကာ (၅၅၉) ခုတင် ပါဝင်သည့် အင်းယားလိတ် Covid Center ကို Yangon Convention Center (YCC) တွင် တည်ဆောက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

အင်းယားလိတ် Covid Center တည်ဆောက်ရေးအတွက် ကမ္ဘောဇဘဏ်မှ ငွေကျပ် သိန်း (၇၀၀၀)၊ ရွှေသံလွင်ကုမ္ပဏီ (Skynet)မှ ငွေကျပ် သိန်း (၃၀၀၀) ကနဦး မတည်လှူဒါန်းထားသည်။ ထို့အတူ Yangon Convention Center ကုမ္ပဏီကလည်း YCC ခန်းမအား အင်းယားလိတ် Covid Center ဖွင့်လှစ်နိုင်ရေးအတွက် လှူဒါန်းထားကြောင်း သိရသည်။

 

ယခု Center ကို (၁၀) ရက်အတွင်း ပြီးစီးနိုင်ရန် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များက စနစ်တကျ စီမံချက်ရေးဆွဲကာ ဆောင်ရွက်လျက်ရှိပြီး အရေးပေါ်လူနာများကို ကုသပေးနိုင်ရန်အတွက် High-Dependency Unit (၁၆) ခုတင် ပါဝင်မည်ဖြစ်သည်။

 

Center တွင် လိုအပ်လာမည့် တစ်ကိုယ်ရေသုံးဆေးဝါးများနှင့် အစားအသောက်များကိုပါ တစ်ပါတည်း စနစ်တကျ ပြင်ဆင်ထားသည့်အပြင် ဆရာဝန်များ၊ ဆေးဘက်ပညာရှင်များနှင့် စေတနာ့ဝန်ထမ်းများအတွက် သီးသန့်အဆောက်အအုံများလည်း ပါဝင်မည်ဖြစ်သည်။

 

လိုအပ်ပါက ယခု Center အား အဆောင်များတိုးချဲ့ကာ ခုတင် (၁၀၀၀) အထိ ထားရှိသွားရန် လျာထားကြောင်း သိရသည်။

MRTV

Read times
Rate this item
(0 votes)