What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 01 October 2020 15:34

အနံ့မရလျှင် လက္ခဏာပြလာလျှင်အောက်ပါအတိုင်းဆောင်ရွက်ပါ

2019 ကိုဖုံးဆက်ပြီး ဆရာဝန်နဲ့မေးဖို့ သုည’0′ ကိုနှိပ်ပါ

(bill မကုန်ဘူး၊ အခမဲ့ပါ၊ ၉ နာရီမှ ညနေ ၅နာရီအထိ ပိတ်ရက်မရှိ) သက်ဆိုင်ရာမြို့နယ်ဆရာဝန်နဲ့ ကျန်းမာ ရေးမှူးဖုံးနံပါတ်ရပြီးရင်ဆက်ပြီးအနံ့မရကြောင်းပြောပြပါ။ သို့မဟုတ် fever clinic ဆရာဝန်ကိုဖုံးဆက်ပါ။

နှာခေါင်းတို့ဖတ်ယူဖို့ မြို့နယ်ဆရာဝန်ကလိုအပ်သလိုစီစဉ်ပေးပါမယ်။ Quarantine ကိုလည်း လိုအပ်သလိုစီစဉ်ပေးပါမယ်။အနံ့မရခြင်းတခုတည်းဆိုလျှင် ဆေးရုံမသွားပါနှင့်။၂ ပတ်ကြာမျှသွေးတွင်းအောက်စီဂျင် အခြေအနေကိုpulse oximeter နဲ့ နေ့စဉ်မကြာခဏတိုင်းပါ။၂ ပတ်ကြာမျှ မိမိဖာသာ သီးသန့် တခန်းထနေ၊ကျန် အိမ်သားတွေနဲ့ မတွေ့မထိ ၊အပြင် လုံးဝ မထွက်ပဲ၊ self isolation လုပ်ပါရန်။

လတ်တလောဆေးရုံတက်ဖို့အခက်အခဲ့ရှိနေသည့်အနံပျောက်သူများသို့

၁။ ။ မိမိ နေအိမ် (သို့မဟုတ်) နေအိမ်ခြံဝင်း အတွင်းတွင်သာ နေထိုင်ပါ၊ နေအိမ်ပြင်ပသို့ လုံးဝ သွားရောက်ခြင်း မပြုရပါ၊ဤအချက်သည် အလွန်အရေးကြီးပါ၍ သတိပြု ရှောင်ကြဉ်ရန် အထူးလိုအပ်ပါသည်။

၂။ ။ ခွဲစိတ်ခန်း သုံး ပါးစပ်နှင့်နှာခေါင်းစည်း(Surgical Mask) ဖြင့် ပါးစပ် နှင့် နှာခေါင်းကိုမဖြစ်မနေ လုံခြုံအောင် ဖုံးအုပ်ပါ။ နှာချေ ၊ ချောင်းဆိုးသည့်အခါတိုင်း တစ်ခါသုံးတစ်ရှူးကို အသုံးပြုပါ။

၃။ ။ အသုံးပြုပြီးသော တစ်ရှူး၊ ပါးစပ်နှင့်နှာခေါင်းစည်း တို့ကို အဖုံးပါသော အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ပါ။ ပြီးလျှင် စနစ်တကျ လက်ပြန်ဆေးပါ။

၄။ ။ အိမ်တွင် လေဝင်/လေထွက် ကောင်းစေရန်ပြတင်းပေါက် များကိုဖွင့်ထားပါ။

၅။ ။ တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းများ(ပန်းကန်ခွက်ယောက်၊မျက်နှာသုတ်ပ ဝါ၊ အိပ်ယာခင်း၊ ခေါင်းအုံးစွပ် … စသည့်) ပစ္စည်းများကို သီးသန့် ထားရှိရပါမည်။

၆။ ။ အိမ်သားများ နှင့်အတူတကွ စားသောက်ခြင်းလုံးဝ (လုံးဝ) မပြုလုပ်ရပါ။

၇။ ။ မိမိ၏ အိမ်သားများ နှင့်အတူ ရောနှောနေထိုင်ခြင်း(သို့မဟုတ်) အခြားသူများနှင့် အနီးကပ် နေထိုင်ပြောဆိုခြင်း လုံးဝ ရှောင်ကြဉ်ပါ။ မိမိအိမ်သားများ နှင့် မဖြစ်မနေစကားပြောဆိုရမည်ဆိုပါက ခွဲစိတ်ခန်းသုံး ပါးစပ် နှင့်နှာခေါင်းစည်း ( Surgical Mask) ဖြင့် ပါးစပ်နှင့်နှာခေါင်း ကို လုံခြုံအောင် ဖုံးအုပ်ပြီး တစ်ဦး နှင့် တစ်ဦး (၂) မီတာ (၆ပေ) ခန့် အကွာမှ စကားပြောဆိုရပါမည်။

၈။ ။ အိမ်တွင် ဧည့်သည်လက်ခံခြင်း လုံးဝမပြုပါနှင့်။မိတ်ဆွေများနှင့် မိုဘိုင်းဖုန်း (သို့မဟုတ်) Online မှသာ ဆက်သွယ်ပြောဆိုပါ။

၉။ ။ အိမ်ရှိ အများသုံးပစ္စည်း တစ်ခုခုကို မကိုင်တွယ်မီ နှင့် ကိုင်တွယ်ပြီးတိုင်း ဆပ်ပြာ နှင့် ရေကို အသုံးပြု၍အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် လက်ကိုစနစ်တကျ ဆေးကြောပါ ၊ အကယ်၍ ဆပ်ပြာ နှင့် ရေ မရနိုင်ပါက အနည်းဆုံး အယ်ကိုဟော ၆၀% ပါဝင်သောရေမလို လက်သန့်စင်ဆေးရည်ကို အသုံးပြု၍ ဆေးကြောပါ။

၁၀။ ။ နေအိမ်ရှိမိသားစုဝင်များအနေဖြင့်လူစုလူဝေးနေရာများသို့သွားရောက်ခြင်း လုံးဝ(လုံးဝ)မပြုလုပ်ရပါ။

အထက်ပါ အချက်များကို တိကျစွာ လိုက်နာခြင်းဖြင့် သင်ကိုယ်တိုင် နှင့် သင့်မိသားစုများအား (COVID-19)ကိုရိုနာဗိုင်းရပ်စ်ရောဂါ အန္တရာယ်မှ ထိရောက်စွာ ကာကွယ်ပါ။

ဆရာဝန်ညွှန်ကြားပေးသောဆေးများအား
အချိန်တိကျစွာသောက်သုံးပေးပါ။

7 Day News Journal

Read times
Rate this item
(1 Vote)