What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 04 October 2020 11:03

Rapid test kit နှင့်ပတ်သက်ပြီး မသိမဖြစ် သိထားသင့်တာတွေ

ယခုရက်ပိုင်း COVID-19 ရောဂါရှာဖွေရာတွင် မိနစ်ပိုင်းအတွင်း အဖြေရနိုင်သော စမ်းသပ်နည်းပညာ (Ag-RDT)

(Antigen-detecting Rapid Diagnostic Test) ကိုအသုံးပြုလာသဖြင့် ရောဂါ များကို လျင်မြန်စွာ အမြောက်အများဖော်ထုတ်လာနိုင်သည် ။Containment strategy အရ ရောဂါရှိသူများကို စောစီးစွာဖော်ထုတ်၍သီးခြားခွဲထားနိုင်သောကြောင့် ရောဂါပြန့်ပွားမှုကိုပိုမို ထိန်းချုပ်လာနိုင်မည်ဖြစ်ပါသည် ။

Rapid Ag test သုံးရခြင်း ရည်ရွယ်ချက်သည် Epicenter ဖြစ်နေသော ရန်ကုန်မြို့လိုနေရာတွင် သံသယလူနာများကိုကြာရှည် စုပြုံမထားပဲ မြန်မြန်သက်ဆိုင်ရာ
အလိုက်ခွဲထုတ်ကုသပေး နိုင်ရန်ဖြစ်သည်...
(PCR ဖြင့် စစ်ဆေးပါက အဖြေသိရန် ၄၈ နာရီ ခန့်စောင့်ဆိုင်းရသည့်အတွက် စောင့်ဆိုင်းနေစဉ် ရောဂါကူးသွားခြင်း မဖြစ်ရန် နှင့် Covid / Non Covid ကို
အမြန်ခွဲခြားပြီး ကုသမှု မြန်မြန်ရနိုင်ရန်ဖြစ်သည်)
Ag-RDT ၏ ရောဂါရှိသူများမှ ရောဂါဖော်ထုတ်နိုင်စွမ်း (Sensitivity) မှာ ၈၀%ကျော်ရှိသိဟုသိရသည်။ ယင်း Ag-RDT ၏ ရောဂါမရှိသော သူများတွင် ရောဂါ မရှိကြောင်းဖော်ထုတ်နိုင်စွမ်း (Specificity) မှာ ၉၇% ကျော်ရှိသည်ဟုသိရသည်။
Ag-RDT ကိုစနစ်တကျအသုံးပြုပါက လူနာကုသရာတွင် လမ်းညွန်မှုပေးနိုင်ခြင်း အများနှင့်ဆိုင်သော ကျန်းမာရေး ဆုံးဖြတ်ချက်များချမှတ်နိုင်ခြင်း နှင့် ရောဂါထောက်လှမ်းရာတွင်အသုံးဝင်ခြင်းစသောကောင်းကျိုးများရနိုင်သည်။
Ag-RDT ၏ ရောဂါဖော်ထုတ်နိုင်စွမ်း (Sensitivity) မှာအောက်ဖော်ပြပါအချက်များပေါ်တွင်မူတည်ပါသည်။
(က) လူနာရှိ viral load (လက်ခဏာ မပြခင် ၁ ရက်မှ ၃ရက် နှင့် လက်ခဏာပြပြီး ၅ ရက် မှ ၇ ရက် အတွင်း virus count များပြားပါသည်။)
(ခ) Nasopharyngeal swab ယူသူ ကျန်းမာရေးဝန်ထမ်းကျွမ်းကျင်မှု
(ဂ) Nasopharyngeal swab တွင်ပါဝင်သော viral count
(ဃ) Swab specimen ကို ပို့ဆောင်မှု နှင့်စနစ်တကျထန်းသိမ်းမှု
(င) Ag-RDT ၏ အရည်အသွေးနှင့် ထိန်းသိမ်းသိုလှောင်ထားနိုင်မှု
(စ) Swab ယူစဉ် လူနာရှိ coronavirus မဟုတ် သော အခြား virus များရှိနေမှု (cross reactivity ဖြင့် false positive ရနိုင်သည်)
Ag-RDT ၏ အားသာချက်များမှာ-
(က) စျေးကြီးသော RT-PCR မသုံးနိုင်သော အခါ သုံးနိုင်ခြင်း (Ag-RDT မှာစျေးသက်သာသည်)
(ခ) မိနစ်ပိုင်း အတွင်း (မိနစ် ၃၀ အတွင်း) အဖြေဖော်ထုတ်နိုင်ခြင်း
(ဂ) Closed or semi-closed နေရာများ လူအုပ်စုများတွင် ကပ်ရောဂါကို စုံစမ်းဖော်ထုတ်နိုင်ခြင်း ( ဥပမာ - စာသင်ကျောင်းများ သက်ကြီးရွယ်အိုဂေဟာများ အပျော်စီးသင်းဘောများ အကျဉ်းထောင်များ လူနေဆောင်များ လုပ်ငန်းခွင်များ)
(ဃ) ရောဂါအဖြစ်များသောနေရာများ (positive predictive value is very high)(positive ထွက်ရန်အခွင့်အလမ်းများသည်)
Ag-RDT မသုံးသင့်သော နေရာများမှာ-
(က) COVID-19 အတည်ပြုလူနာနှင့်ထိတွေ့မှုမရှိသောသူများ
(ခ) အတည်ပြုလူနာမရှိသော ရပ်ကွက် ကျေးရွာများ/ပျောက်ကြားပျောက်ကြား ရောဂါဖြစ်သောနေရာများ
(ဂ)ဇီဝလုံခြုံမှုမကောင်းသောဓာတ်ခွဲခန်းများ ရောဂါကာကွယ်မှုမရှိသော နေရာများ (Swab ယူသော ကျန်းမာရေးဝန်ထမ်းရောဂါကူးစက်နိုင်၍ဖြစ်သည်)
(ဃ)Test result ပေါ်မူတည်ပြီး လူနာကို ကုသမှု မပြောင်းလဲနိုင်သောအခြေအနေ (Test လုပ်သော်လည်းမထူးပါ)
(င) လေဆိပ်များ နယ်စပ်ဝင်ဂိတ်များ
(စ) သွေးမလှုခင်အခြားစမ်းသပ်မှုများပြုလုပ်ချိန် ( Test လုပ်သော်လည်း ရောဂါ positive တွေ့ရန်ခဲယဉ်းသည်)
(ဆ) ရောဂါအဖြစ်နည်းသောအခြားနေရာများ (positive predictive value is very low)
ထို့​ကြောင့် Rapid Ag test သည် General population မှာ screening အနေနဲ့ လုံးဝ (လုံးဝ)သုံး၍မရပါ....အသုံးပြုပါက ရရှိလာသောအဖြေသည် မှန်ကန်မည်မဟုတ်ပါ။
Rapid Ag test နဲ့ စစ်ဆေးခံရမည့်သူသည် ရောဂါ
လက္ခဏာ လုံးဝ (လုံးဝ)ရှိနေသူဖြစ်ရမည်....
ရောဂါလက္ခဏာစပြပြီး ၆ ရက်အတွင်းစစ်မှသာ
အဖြေမှန်မည်.....
Rapid Ag test ကို ပြည်သူများ မိမိဘာသာ စစ်ဆေးရန် လုံးဝ (လုံးဝ) မသင့်ပါ....
တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများကသာစစ်ဆေးပေးရမည်...
Rapid Ag test သည် နှာခေါင်းတို့ဖတ် ယူ၍စစ်ဆေးခြင်းဖြစ်သည်။
သွေးဖောက်စစ်ဆေးသော test လုံးဝ (လုံးဝ) မဟုတ်ပါ။
Rapid Ag test သည် Real time PCR ကို အစားထိုးသော test လုံးဝ (လုံးဝ) မဟုတ်ပါ....အထောက်အကူပြုသော test သာဖြစ်သည်....
ရောဂါလက္ခဏာရှိသော်လည်း Rapid Ag test နှင့် စစ်ဆေးရာ Negative ဖြစ်ခဲ့လျှင် နောက်တကြိမ်ထပ်
စစ်ရမည်...
နောက်တကြိမ်စစ်သောအခါ Negative
ထပ်ဖြစ်သော်လည်း ရောဂါလက္ခဏာ မှာ Covid နှင့်
အလွန်တူသည်ဖြစ်စေ၊ ရောဂါအခြေအနေပိုဆိုးလာ
သည်ဖြစ်စေ ထိုအခါမျိုးတွင် PCR ပို့စစ်ရန်လိုပါသည်။
Reference:
1. WHO Antigen detection in the diagnosis of SARS-CoV-2 infection using rapid immunoassays. 11 September 2020 and
2. Scientific Talk by Dr. Htay Htay Tin and Dr. Zaw Than Tun (One News Myanmar Channel)
Credit:
3. Dr. Htin Zaw Soe facebook account
4. Credit to all related to words using in this post

Yin Min Thwe

Read times
Rate this item
(0 votes)