What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 05 October 2020 17:36

COVID-19 ရောဂါဖြစ်ပွား အမြင့်ဆုံးသို့ တဖန်ပြန်ခုန်တက်လာတဲ့ မလေးရှာနိုင်ငံ

တနင်္လာနေ့ (အောက်တိုဘာ ၅ရက်နေ့) တွင်မလေးရှားနိုင်ငံ COVID-19 ပိုးတွေ့လူနာ အသစ် ၄၃၂ ဦး အမြင့်ဆုံးဆုံး အခြေနေ ခုန်တတ်သွားတယ်လို့ သိရပါတယ်။

 

ရောဂါဖြစ်ပွားမှု အများစုမှာ ဒေသအတွင်း ကူးစက်မှုများဖြစ်တယ်လို့ မလေးရှာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရပါတယ်။

 

ယခုတပတ်အတွင်း မလေးရှားနိုင်ငံ Sabah ပြည်နယ် ရွေးကောက်ပွဲတွင် ပါဝင်သူအုပ်စု အဖွဲ့အစည်းများကြောင့် ကိုဗစ်ရောဂါ ပြန်ပွားမှု မြင့်တတ်ခဲ့လာမှုနှင့် ဆက်စပ်မှုများရှိနေတယ်လို့ သိရပါတယ်။

 

တနင်္ဂနွေနေ့က ၀န်ကြီးချုပ်ဌာနမှအစည်းအဝေး သို့ တတ်ရောက်ခဲ့သူ တစ်ဦးမှာလည်း ကိုဗစ် ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးအာဏာပိုင်များက တနင်္လာနေ့တွင် အတည်ပြုပြောကြားခဲ့ပါတယ်။

 

အစည်းအဝေးသို့ ရောက်ရောက်ခဲ့သူမှာ ရောဂါလက္ခဏာ မပြသေးတာရောက် လက်ရှိမှာတော့ ဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် ထားရှိထားတယ်လို့ သိရပါတယ်။

 

လက်ရှိအချိန်တွင် မလေးရှားနိုင်ငံတွင် ကိုဗစ်ရောဂါဖြစ်ပွားမှုပေါင်း ၁၂,၈၁၃ ဦးထိရှိနေပါတယ်။


လူနာ (၅၇) ယောက်မှာ ကျန်မာရေးပြန်လည် ကောင်းမွန်လာပြီး လူပေါင်း ၁၀,၃၄၀ လောက်က ဆေးဝါးကုသမှု ဆက်လတ်ခံယူနေရတယ်လို့ သိရပါတယ်။

 

ဝန်ကြီးဌာန၏ ပြောကြားချက်အရ ရောဂါဖြစ်ပွားမှု ၃၂ ခု (၃၂ ဦး) ကိုတော့ အထူးကြပ်မတ်ဆောင်မှာ ထားရှိပြီး ဆေးဝါးကုသမှုပေးနေတယ်လို့လည်း သိရပါတယ်။

 

လက်ရှိအချိန်တွင် ကိုဗစ် ရောဂါဖြစ်ပွားမှုကြောင့် မလေးရှားရှိ သေဆုံးသူဦးရေ စုစုပေါင်း ၁၃၇ ဦးထိ ရှိပါတယ်။

 

By Aung Win (Myanmar Health Products Guide)

ရင်းမြစ် - CNA

Read times Last modified on Monday, 05 October 2020 18:37
Rate this item
(0 votes)