What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 09 October 2020 15:36

တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းတိုက်ကို သံဃာ့ဆေးရုံအဖြစ် ပြောင်းလဲဖွင့်လှစ်ရန် ပြင်ဆင်

တာမွေမြို့နယ်ရှိ မဟာသန္တိသုခ ကျောင်းတိုက်ကို COVID-19 ရောဂါ တွေ့ရှိသည့် သံဃာတော်များအား ကုသရန် သံဃာ့ဆေးရုံ အဖြစ် ပြောင်းလဲဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သာသနာရေးဦးစီးဌာနက ထုတ်ပြန်သည်။

 

ပြင်ဆင်မွမ်းမံမှုများ ပြီးစီးပါက ကိုဗစ်ရောဂါဖြစ်ပွားသည့် သံဃာတော်များ ရောဂါဖြစ်ပွား သူနှင့် ထိတွေ့သည့် သံဃာတော် များကို ထားရှိကုသမည်ဖြစ်ပြီး အနည်းဆုံး သံဃာတော် အပါး ၅၀၀ စောင့်ကြည့်ကုသနိုင်မည့် သံဃာ့ဆေးရုံဖြစ်လာမည်ဖြစ်သည်။

 

ထို့အပြင် ကမ္ဘာအေးကုန်းမြေရှိ ကမ္ဘာအေးသံဃာ့ဆေးရုံနှင့် ယင်းဆေးရုံအနီးရှိ သာသနာရေး ဦးစီးဌာန ဝန်ထမ်းအိမ်ရာတို့တွင် လည်း စုစုပေါင်း သံဃာတော် ၂၅၀ ခန့် စောင့်ကြည့်ကုသနိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်နေသည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ် ရောဂါ ကူးစက်မှုစတင်ခဲ့သည့် မတ်လအတွင်း ပြည်ပမှ ပြန်လည်ကြွရောက်လာသည့် သံဃာတော် နှစ်ပါးတွင် ရောဂါပိုးစတင်တွေ့ ရှိခဲ့သည်။

 

ကိုဗစ်ရောဂါ ကူးစက်ခံရ သည့် သာသနာ့ဝန်ထမ်း ရဟန်းနှင့် သာမဏေများသည် အင်းစိန် မြို့နယ် ရွာမပရိယတ္တိစာသင် တိုက်မှ အများဆုံးပါဝင်ပြီး ယင်း ကျောင်းတိုက် တစ်ခုတည်းတွင် ရောဂါပိုးကူးစက်ခံရသူ ၃၅၀ ကျော်အထိ ရှိနေသည်။ 

Transcom News Journal

Read times
Rate this item
(0 votes)