What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 09 October 2020 16:40

မန္တလေးတွင် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆောင်ရွက်နေမှု

တိုင်းဒေသကြီးအစိုးရမှ ကြီးကြပ် ဆောင်ရွက်နေသည့် Covid -19 Quarantine Center Football Academy (Mandalay) က မကြာခင်တွင် အသုံးပြုနိုင်မည်ဖြစ်သည်။

 

Quarantine ဝင်မည့်သူ ဦးရေ (၁၀၀) ကျော်ကို လက်ခံ စောင့် ရှောက်မှုပေးနိုင်သည်။ ဧရာဝတီဖောင်ဒေးရှင်းမှ အစအဆုံး တာဝန်ယူမည်ဖြစ်ပြီး၊ တိုင်းအစိုးရက ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအတွက် ညှိနှိုင်ဆောင်ရွက်လျက်ရှိသည်။ Center များတွင် Facilities ပြည့်စုံ ပြီး တိုင်းဒေသကြီး၏ ဘတ်ဂျက်နှင့် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ကျွေးမွေးလျက်ရှိသည်။

 

စင်တာတွင် ကုတင်နှင့် အိပ်ယာများ အသစ်လဲခြင်းနှင့် အခန်း ဖွဲ့စည်းပုံများကို ဆောင်ရွက်နေသည်။ တစ်ကိုယ်ရည်သုံး ပစ္စည်းလည်း ထားရန် စီစဉ်နေသည်။ လျှပ်စစ်မီး အပြည့်အဝရန် မီးစက်လည်း အရံစီစဉ်ထားသည်။ CCTV ကင်မရာတွေလည်း တပ်ဆင်ထားသည်။ လမ်းမီးတွေလည်း အခမဲ့ တပ်ဆင်ပေးထားသည်။ သန့်ရှင်းရေးနှင့် အမှိုက်ပုံးများကိုလည်း စနစ်တကျ ဆောက်ရွက်ထားရှိသည်။

 

Positive လူနာအတွက် ကန်တော်နဒီ၊ ကုတင် ၃၀၀ ဆံ့ သင်ကြားရေး ဆေးရုံနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် ကုတင် ၅၀ ဆံ့ ဆေးရုံကိုလည်း လျာထားသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ Positive လူနာ တွေ့ရှိမှု တိုးလာသည့်အ တွက် တိုင်းရင်းဆေးရုံကို ပို့တွေ့လူနာများထားရှိရန် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ကုန်စည်စီးဆင်းမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း နှစ်တန်အထက်ယာဉ်များကို ကုန်တင်ယာဉ်အဖြစ် သတ်မှတ်ထားပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရာဂါ ရှိ၊ မရှိ Rapid Test Kit ဖြင့် စစ်ဆေး ဆောင်ရွက်နေသည်။ ရောဂါပိုးတွေ့ရှိသူများကို သင့်လျော်သည့် သီးသန့်နေရာတွင် ထားရှိရန် တာဝန်ရှိသူများက စီမံ ဆောင်ရွက်သွားနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး Coronavirus (COVID 19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း မြို့ဝင်၊ မြို့ထွက် နေရာ (၁၀) ခုတွင် စစ်ဆေးဆောင်ရွက်မည့် အစီအမံနှင့် လိုအပ်ပါက ဂိတ်များ တိုးချဲ့ ထားရှိနိုင်မည့် အခြေအနေများ၊ တိုင်းဒေသကြီးအတွင်း Quararitine Center များထားရှိ ဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များ၊ ကုန်စည်စီးဆင်းမှု မှန်ကန်စေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ စနစ်တကျ ဆောင်ရွက်နေမှု၊

 

တိုင်းဒေသကြီး အတွင်းမှာ ပိုးတွေ့ လူနာအခြေအနေနှင့် Quarantine ထားရှိမှုများ၊ ကိုဗစ် ကာကွယ်ရေး လုပ်ငန်းမျာ်အတွက် ကျန်းမာရေး ဝန်ထမ်းအင်အား အခြေအနေ၊ Swab နမူနာများ ပိုမို မြန်ဆန်စွာ ရယူနိုင်ဖို့ အတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများကို တက်ရောက်လာကြသည့် မန္တလေး တိုင်းဒေသကြီး Coronavirus Disease 2019 (Covid-I9) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ တာဝန်ရှိသူတွေက ဝိုင်းဝန်း အကြံပြု ဆွေးနွေးခဲ့ကြသည်။

 

မန္တလေး ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများနှင့် Q စင်တာများတွင် ရောက်ရှိနေသော သံသယရှိလူနာများစားသုံးရန်အတွက် လက်ဖက်နှင့် နှစ်ပြန်ပဲကြော် ကျပ်၈၈သိန်းကျော်ဖိုးခန့်အား စိန်ပလောင်လက်ဖက်မိသားစုမှ မန္တလေးတိုင်းဒေသကြီးကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

Transcom News Journal

Read times
Rate this item
(0 votes)