What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 10 October 2020 14:18

COVID-19 ကာကွယ်ဆေး သန်း၂၀၀၀ ဖြန့်ဝေပေးမည့် WHO ၏ (၉၂)နိုင်ငံအစီအစဉ်တွင် မြန်မာနိုင်ငံပါဝင်

COVID-19 ကပ်ရောဂါဖြစ်ပွားမှုကို အမြန်ဆုံးထိန်းချုပ်နိုင်ရန်အတွက် သိပ္ပံပညာရှင်များမှ လာမည့်နှစ်တွင် လုံခြုံစိတ်ချရပြီး ထိရောက်သော

 

ကာကွယ်ဆေးကို ထုတ်လုပ်ရန် အပြိုင်အဆိုင်အားထုတ်ကြိုးပမ်းလျက်ရှိနေပြီး လာမည့်နှစ်တွင် WHO မှ ကာကွယ်ဆေး သန်း( ၂၀၀၀ ) ဖြန့်ဝေပေးမည့် အစီအစဉ်ရှိနေပြီး အဆိုပါအဖွဲ့ဝင်နိုင်ငံများတွင် မြန်မာနိုင်ငံပါဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးမှ ပြောကြားခဲ့ပါသည်။

 

COVAX အဖွဲ့အစည်းသည် ကာကွယ်ဆေးထိုးစီမံချက်၊ ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့်ဆိုင်သော အဖွဲ့အစည်းဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားသော အဖွဲ့အစည်းဖြစ်ကာ အလယ်အလတ်နှင့် ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံများလည်း ပါဝင်ကြောင်း သိရှိရပါသည်။

 

(၉၂)နိုင်ငံတွင်ရှိသော လူဦးရေ (၂၀)%ကို လွှမ်းခြုံနိုင်မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေနှင့် ပထမဦးစားပေးတွင် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများကိုလည်းကောင်း၊

 

ဒုတိယဦးစားပေးအနေဖြင့် သက်ကြီးရွယ်အိုများဖြစ်ကာ တတိယဦးစားပေးအနေဖြင့် ရောဂါအခံရှိသူများကို အသီးသီးရွေးချယ်ထားကြောင်း သိရှိရပါသည်။

ရန်ကုန်သတင်းဌာနခွဲ
MRTV

Read times
Rate this item
(0 votes)