What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 15 October 2020 14:45

ကိုဗစ်လူနာ ပြန်တွေ့တဲ့ ချင်းသောင်မြို့မှ မီးမျက်လုံး (Fire Eye) ဓါတ်ခွဲခန်းများ

တရုတ်နိုင်ငံ အရှေ့ပိုင်း ချင်းသောင်မြို့တစ်ခွင် အောက်တိုဘာ ၁၂ ရက်မှစတင်၍ ရောဂါစစ်ဆေးမှုကမ်ပိန်းပြုလုပ်ပြီးနောက် အောက်တိုဘာ ၁၄ ရက် နံနက် ၉:၃၀ နာရီအထိ nucleic acid စစ်ဆေးမှုအတွက် လူပေါင်း ၇.၅ သန်းထံမှ နမူနာများရယူခဲ့ကြောင်း သိရသည်။

 

စုဆောင်းရယူထားသည့် နမူနာ ၄.၀၆ သန်းကျော်ကို စစ်ဆေးခဲ့ပြီးဖြစ်သလို ရောဂါပိုးတွေ့ရှိမှုနမူနာအသစ်များကို မတွေ့ရှိရကြောင်း မြူနီစီပယ် ကျန်းမာရေးကော်မရှင်က ပြောခဲ့သည်။

 

ချင်းသောင်မြို့တွင် ပြီးခဲ့သည့်သီတင်းပတ်ကုန်က ဗိုင်းရပ်စ်ကူးစက်မှု တစ်ကျော့ပြန်ဖြစ်ပွားချိန်ကစ၍ COVID-19 အတည်ပြုလူနာအသစ် ၁၂ ဦးရှိကြောင်း မြူနီစီပယ် ကျန်းမာရေးကော်မရှင်က ဆိုသည်။ ချင်းသောင်မြို့၌ လူဦးရေ ၁၁ သန်းကျော်ရှိပြီး အောက်တိုဘာ ၁၂ ရက်မှစတင်ကာ ငါးရက်အတွင်း မြို့တစ်ခွင် nucleic acid စစ်ဆေးမှုများ အပြီးအစီး ဆောင်ရွက်သွားမည်ဟု ပြောကြာခဲ့သည်။


တရုတ်နိုင်ငံ ချင်းသောင်မြို့၌ အောက်တိုဘာ ၁၄ ရက် ၁၈:၀၀ နာရီ အထိ မြို့၏အဓိက နေရာ ၅ ခု ဖြစ်သည့် မြို့တောင်ပိုင်း၊မြောက်ပိုင်း ၊ လီချန်း၊ လောင်ဆန်း၊ ချန်ယန် ဒေသများတွင် Nucleic acidဓါတ်ခွဲဆေးစစ်မှု ၃.၄၁ သန်းခန့် ပြီးစီးခဲ့ပြီဖြစ်ရာ အောက်တိုဘာ ၁၄ ရက် ၂၄:၀၀ နာရီ တွင် ယင်းဒေသများရှိ ချင်းသောင်မြို့ အိမ်ထောင်စုစာရင်းဝင် ၄.၁၅ သန်းနှင့် သွားလာနေထိုင်သူအားလုံး၏ ဆေးစစ် ဓါတ်ခွဲမှု အလုံးစုံပြီးစီးမည် ဖြစ်ကြောင်း ချင်းသောင်မြို့အစိုးရ ပြန်ကြားရေးဌာနက ယင်းနေ့ ညပိုင်းတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲအရ သိရသည်။

 

ချင်းသောင် တစ်မြို့လုံး လွှမ်းခြုံ Nucleic acid ဆေးစစ်မှု အစီအစဉ်အရ အောက်တိုဘာ ၁၂ ရက်မှစ၍ ၃ ရက်အတွင်း မြို့အဓိကနေရာ ၅ ခုနှင့် ၅ ရက်အတွင်း မြို့ တစ်ခုလုံး လွှမ်းခြုံဆေးစစ်ပေးမှု ဆောင်ရွက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

 

အောက်တိုဘာ ၁၄ ရက် ၁၈:၀၀ နာရီအထိ ချင်းသောင် တစ်မြို့လုံးတွင် Nucleic acid ဓါတ်ခွဲနမူနာ ၈,၈၂၅,၂၃၁ ရယူထားပြီးဖြစ်ပြီ ၅,၄၁၀,၃၈၆ ဓါတ်ခွဲစစ်ဆေးပြီးဖြစ်ရာ ထုတ်ပြန်ကြေညာထားသည့်အတည်ပြုလူနာ ၁၂ ဦးမှလွဲ၍ ကူးစက်မှုအသစ် မတွေ့ရှိရကြောင်း သိရသည်။  ချင်းသောင်မြို့တစ်ခုလုံးလွှမ်းခြုံ၍ လူပေါင်း ၁၁ သန်းအား ဆေးစစ်ပေးမှုကို ၁၆ ရက်နေ့တွင် အပြီးသတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

မီးမျက်လုံး(Fire Eye)” ဓါတ်ခွဲခန်းများ


တရုတ်နိုင်ငံ ချင်းသောင်မြို့တွင် “မီးမျက်လုံး(Fire Eye)” ဓါတ်ခွဲခန်းများအား အဆင့်မြှင်တင် တိုးချဲ့တည်ဆောက်ခဲ့သည်။

 

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် လွတ်လပ်သောကုန်သွယ်ရေးဇုန် ချင်းသောင်အပိုင်းရှိ တရုတ်-ဂျာမနီ ဂေဟဗေဒ ဥယျာဉ်တွင် ချင်းသောင် BGIက “မီးမျက်လုံး (Fire Eye)”ဓါတ်ခွဲခန်းများကို အောက်တိုဘာ ၁၄ ရက်က အဆင့်မြှင့်တင်တိုးချဲ့ခဲ့ရာ ယင်းနေ့ညပိုင်းတွင်ပင် စတင် အသုံးပြုနိုင်ခဲ့ကြောင်း သိရသည်။ ယခုအခါတွင် ဓါတ်ခွဲခန်းသည် နေ့စဉ် Nucleic acid ဓါတ်ခွဲနမူနာ ၄ သိန်းခန့်ကို စစ်ဆေးနိုင်ပြီ ဖြစ်သည်။

 

အဆင့်မြှင့်တင်တိုးချဲ့ထားသည့် ချင်းသောင် BGI“မီးမျက်လုံး (Fire Eye)”ဓါတ်ခွဲခန်းသည် လေအိတ်ဓါတ်ခွဲခန်း ၉ ခုပါဝင်ကြောင်း သိရသည်။ ချင်းသောင်မြို့၏ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုအပ်ချက်အရ ဓါတ်ခွဲခန်းကို ဆက်လက် အဆင့်မြှင့်တင်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

(Xinhua)

Read times
Rate this item
(0 votes)