COVID-19 စဖြစ်တော့ နည်းပညာသမားတွေကလည်း တတ်စွမ်းသလောက် ကူညီနိုင်ဖို့ မိုဘိုင်းဆော့ဖ်ဝဲတွေ ၊ ဝဘ်ဆိုက်တွေ အစရှိသဖြင့် ဖန်တီးခဲ့ကြပါတယ် ။ ဒီအထဲမှာမှ ဆေးရုံတွေမှာ အသုံးပြုနိုင်ဖို့ ဖန်တီးထားပြီး အခုလက်ရှိလည်း နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ အသုံးပြုနေပြီဖြစ်တဲ့ Web App တစ်ခုကလည်းထူးထူးခြားခြားပါ ။
ဒီတစ်ပတ် Techshaw Podcast မှာတော့ ဒီ COVID လူနာမှတ်တမ်းတွေ အလွယ်တကူမှတ်နိုင်ဖို့ ဖန်တီးထားတဲ့ CovDS ဆိုတဲ့ Web App ကို ရေးသားခဲ့တဲ့ ဒေါက်တာ ကျော်ဇောနိုင်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ် ။ ဒီပရောဂျက်ကို လုပ်ဖြစ်ခဲ့ပုံတွေ ၊ အတွေ့အကြုံတွေက အတော်စိတ်ဝင်စားဖို့ကောင်းတော့ နားထောင်မယ်ဆိုအောက်က လင့်ခ်တွေမှာ နားထောင်လို့ရပါပြီ ။ Facebook မှာတော့ သူက အခုလို ပုံနဲ့တကွ ရှင်းပြပေးထားပါတယ်။
COVID ကာလမှာ ကိုယ်တတ်နိုင်သလောက် ပါဝင်ကူညီဖြစ်တာလေး။ COVID လူနာတွေကို database နဲ့မှတ်ရင် အလုပ်ရှုပ်သက်သာမယ် အမှားနည်းမယ်ဆိုတဲ့အကြောင်း တင်ပြီးတဲ့နောက်မှာ နေပြည်တော် ကုတင် ၁၀၀၀ က ညီလေး Zwe Min Aung က ဆက်သွယ်လာတယ်။ သူတို့ဆီမှာ လူနာမှတ်တဲ့နေရာမှာ ဒီလိုစနစ်သုံးချင်ကြောင်း ပြောလာတယ်။ ဒီလိုကူညီရတဲ့ အခွင့်အရေးက ရတောင့်ရခဲလေ။ အဲ့ဒါနဲ့ ကိုယ် တတ်သလောက်မှတ်သလောက် ကူညီဖြစ်ခဲ့တယ်။
ဆေးရုံမှာ လက်ရှိ လူနာတွေရဲ့ vital signs တွေ မှတ်ရတယ်။ google sheet နဲ့ မနက် ၁ ခါ၊ ညနေ ၁ ခါ မှတ်ရတယ်။ လူနာတွေ များလာတဲ့အခါ ရှုပ်ထွေးလာရော။ vital signs အပြင် lab results တွေပါ မှတ်တယ်။ ဆိုပေမယ့် အဲ့ဒီနှစ်ခုက အချိတ်အဆက်မရှိ။ အဲ့ဒီပြဿနာ ၂ ခုကို အဓိကဖြေရှင်းရင်းနဲ့ working group လေးတစ်ခုဖွဲ့ပြီး အလုပ်လုပ်ကြရင်းနဲ့ feature တွေ ထည့်ထည့်လာတာ။ treatment တွေ ပါလာတယ်။ oxygen ပေးတာတွေ ပါတယ်။ risk factor တွေ ပါလာတယ်။ report တွေကို Microsoft Word file နဲ့ generate လုပ်တာတွေ ပါလာတယ်။ အခုဆိုရင် system က report တွေထုတ်ပြီး email အလိုလိုပို့အောင် လုပ်ထားပြီ။ ဆက်ပြီးတော့လည်း ထည့်နေပြင်နေတုန်းပဲ။
angular သုံးပြီး SPA အနေနဲ့ ရေးထားတယ်။ UI အတွက်က bootstrap နဲ့။ back end က node နဲ့ ထိုင်ထားတာ။ Word file generate ထုတ်ဖို့အတွက်က docxtemplater နဲ့။ javascript အားပြုသုံးထားတာပေါ့။ IDE က code-server နဲ့ ရေးတယ်။ VS Code နဲ့ ရေးနေရင်းကနေ code-server ကို ကြွေသွားတာ။ server ပေါ် ပစ်တင်ထားပြီး ဒီဖက်က browser ရယ် အင်တာနက်ရယ်ရှိရင် ရေးလို့ရပြီ။ တစ်ခုခုဆိုလည်း တန်းပြင်လိုက်တာနဲ့ effect ကို တန်းမြင်ရတယ်။
live စသုံးပြီဆိုတဲ့အချိန် test လုပ်ဖို့ system သပ်သပ် ခွဲထုတ်လိုက်တယ်။ ပြင်စရာ စမ်းစရာရှိရင် အဲ့ဒီထဲမှာ ပြင်တယ်စမ်းတယ်။ အဆင်ပြေပြီဆိုရင် script တစ်ခုသုံးပြီး live သုံးနေတဲ့ဟာကို update လုပ်လိုက်တယ်။ အဆင်ပြေမှပြေပဲ။ အဓိကခေါင်းစားခဲ့ရတာတော့ သုံးနေရာရှိတယ်။ bootstrap မှာ modal တွေ stack လုပ်တာ (back button ကိုလည်း modal ပိတ်ဖို့ အလုပ်လုပ်စေချင်သေးတယ်)၊
ကြိုတင်မသတ်မှတ်ထားတဲ့ investigations တွေကို date နဲ့ investigation name ပါတဲ့ table ကနေ pivot ပုံစံမျိုးရအောင် ပြန်စီတာ၊ iOS မှာ modal ထဲ ထည့်ထားတဲ့ datetime-local တွေ အလုပ်မလုပ်တာကို ဖြေရှင်းတာ။ ကျန်တာကတော့ သူ့ flow အတိုင်း သွားတာဆိုတော့ အဲ့ဒီလောက် မခက်ဘူးပြောရမယ်။ တစ်နှစ်စာ ၁၇ ဒေါ်လာလောက်ပေးရတဲ့ VPS ပေါ်မှာရယ်၊ စျေးလျှော့ပေးလို့ ၉ ဒေါ်လာလောက်နဲ့ရတဲ့ domain တစ်ခုရယ်ဆိုတော့ တစ်နှစ်စာကုန်ကျစရိတ် ၂၆ ဒေါ်လာလောက်၊ တစ်လကို မြန်မာငွေနဲ့ ၂၈၀၀ လောက်ပဲ ကျတယ်။ (ဒီလိုပြောလို့ အပြင်က service တွေ မတန်တဆတွေ တောင်းနေတယ်လို့ မထင်စေချင်ပါ။ VPS က unmanaged မို့ အကုန် setup လုပ်ရတယ်။
software ရေးရတယ်။ အဲ့ဒါတွေအတွက် ဘာမှထည့်မတွက်ထားပါ။ online based စနစ်တစ်ခု run နိုင်ဖို့အတွက် ကုန်ကျစရိတ်က အတားအဆီးကြီးတစ်ခု ဖြစ်မနေသင့်ဘူးလို့ အဓိက ဆိုလိုချင်တာ။) အဆင်အပြေဆုံးကတော့ ဆေးရုံဖက်က working group မှာ IT ကျွမ်းတဲ့ဆရာတွေ ပါတာပဲ။ domain ဝယ်တာ setup လုပ်တာ VPS ဝယ်တာတွေက သူတို့ပဲလုပ်တယ်။ ကျွန်တော်က လိုတာပြောပေးတာပဲ။
အဓိကကတော့ domain ကို သူတို့ကြိုက်သလို control ရစေချင်တာ။ ကျွန်တော်ကိုယ်တိုင်ကလည်း ဆေးရုံဖက်မှာ house အနေနဲ့ နေခဲ့ဖူးတော့ flow တွေသိနေတယ်။ တစ်ခုခုဆို ဘာကိုဆိုလိုတာလဲ တန်းသိတယ်။ နည်းပညာပိုင်းအရ ဘယ်လိုလုပ်လို့ရနိုင်တယ်ဆိုတာ သူတို့သဘောပေါက်သလို ဆေးပညာပိုင်းအရလည်း ဘာက ဘာကိုဆိုလိုတာလဲဆိုတာ ကျွန်တော်နားလည်တော့ အလုပ်လုပ်ရတာ မြန်တယ်။
လိုအပ်တာ ဆက်ဖြည့်ရင်းနဲ့ ပိုပြည့်စုံလာမယ်လို့ မျှော်လင့်ပါတယ်။
#32 - The making of CovDS with Dr. Kyaw Zaw Naing
login ဝင်မယ်။ စမ်းချင်ရင်တော့ ပုံထဲက address ကိုသွား။ username က user ။ password က password ။ တကယ် run နေတဲ့ server ပေါ်က system တော့မဟုတ်ဘူး။ စမ်းလို့ရအောင် ပုံတူပွားထားတာ။
စဝင်ရင် မြင်ရမယ့် page ။ လူနာအသစ်ထည့်မယ်။ လက်ရှိလူနာအကြောင်းကြည့်မယ်။ stats တွေကြည့်မယ်။ report တွေ ထုတ်မယ်။
လူနာသစ် register လုပ်ဖို့။
လူနာဟောင်း ဒေတာကြည့်တာ။ registration number နဲ့ သွားတယ်။ သက်ဆိုင်ရာ hint ကျလာမယ်။ ရွေးရုံပဲ။ နာမည်နဲ့လည်း ရှာလို့ရတယ်။
စဝင်ရင် လူနာအကြောင်း မြင်ရမယ့် page ။ နာမည်တို့ RN တို့ကတော့ စိတ်ထဲရှိတာ လျှောက်ရိုက်ထားတာ။
Stats ကြည့်လိုက်ရင် ဒါမျိုးမြင်ရမယ်။ စုစုပေါင်း ဘယ်နှယောက်လဲ။ ဘယ်နှယောက်ဆင်းပြီး ဘယ်နှယောက်ကျန်လဲ။
Vital signs ထည့်တာ။ ဒီလူနာကတော့ ဆေးရုံဆင်းပြီလို့ ပြထားလို့ ဒေတာထပ်ထည့်မရတော့ဘူး။ ဒေတာကတော့ တွေ့ရာ key ရိုက်ထည့်ထားတာဆိုတော့ ခွင့်လွှတ်။
Investigations တွေ။
Chest X-ray ကို ဒီလိုမြင်ရမယ်။ ပုံလေးနှိပ်လိုက်ရင် ပိုကြည်တာ ထွက်လာမယ်။ ပုံကတော့ အင်တာနက်ပေါ်က တွေ့တဲ့ပုံ ကူးထားတာ။
Wards status ကို နှိပ်လိုက်ရင် ဒီလို။ ဘယ် ward မှာ ဘယ် situation နဲ့ လူနာ ဘယ်နှယောက်ရှိနေလဲပါတယ်။ အဲ့ဒါနှိပ်လိုက်ရင် လူနာစာရင်း ကျလာမယ်။ အဲ့ဒီကနေ တစ်ယောက်ချင်းစီ ဆက်သွားကြည့်လို့ရတယ်။
ဒီ report တွေ ထုတ်လို့ရတယ်။ format တွေက ထည့်ထားပြီးသား။
Form D အစမ်း ထုတ်ထားတာ။ download လုပ်လိုက်ရင် file အနေနဲ့ ကျလာမယ်။
နားဆင်နိုင်သော အခြား link များ