What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 24 October 2020 08:08

Covid positive လူနာ ကို လူနာစောင့်ခွင့်ရ ရှိ နိုင်ရန် စည်းကမ်း သတ်မှတ်ချက်များ

Covid positive လူနာ ကို လူနာစောင့်ခွင့်ရ ရှိ နိုင်ရန် စည်းကမ်း သတ်မှတ်ချက်များ

၁ အသက် ၁၈ နှစ် နှင့် ၄၅ နှစ်ကြား မည်သည့်ရောဂါအခံမှ မရှိသော ကျန်းမာသန်စွမ်းသူ ဖြစ်ပြီး လူနာ၏ဆွေမျိုး (သို့မဟုတ်)အသိမိတ်ဆွေ ဖြစ်ရမည်။

၂ လူနာစောင့်နေချိန်အတွင်း မိမိအား ရောဂါကူးစက်နိုင်သော အန္တရာယ်ရှိကြောင်းသိရှိပြီး မိမိသဘောဆန္ဒအလျောက် လူနာပြုစု စောင့်ရှောက်လိုကြောင်း သဘောတူညီချက် (Informed risk consent) ပေးရမည်။

၃ လူနာအားစောင့်ရှောက်နေစဥ်အတွင်း အနည်းဆုံး Level 2 PPE (Surgical mask,Face shield,Gown,Gloves) ကို အမြဲ ဝတ်ဆင်ထားရန် လိုအပ်ပြီး ထိုလိုအပ်သော အကာအကွယ် ပစ္စည်း များအား လူနာရှင်မှ စိုက်ထုတ် ဝယ်ယူရမည်ဖြစ်သည်။ ထိုအကာအကွယ်ပစ္စည်းများဝတ်ဆင်ခြင်း၊Social distancing ဖြင့် နေထိုင်ခြင်း၊လက်ကိုသေချာစွာဆေးကြောခြင်း စသည့် ရောဂါ ကာကွယ်ခြင်း နည်းလမ်းများကို စနစ်တကျ လိုက်နာရမည် ဖြစ်သည်။

၄ လူနာစောင့်များသည် လူနာစောင့် ကြပ်သောကာလ ပြီးဆုံးသည့်အခါ Close contacts of confirmed cases များ လိုက်နာရမည့် စည်းကမ်းအတိုင်း သတ်မှတ်ထားသောနေရာတွင် Quarantine ၂ပတ် နေထိုင်ရမည် ဖြစ်ပြီး Swab test အစစ်ဆေး ခံရမည် ဖြစ်ပါသည်။ Swab test result -positive ဖြစ်ပါက သက်ဆိုင်ရာဆေးကုသမှုဋ္ဌာန တွင် ကုသမှု ခံယူရန်လိုအပ်ပြီး Swab test result- negative ဖြစ်ပါက Quarantine ကာလ ပြီးဆုံးသောအခါ မိမိ နေအိမ်သို့ ပြန် နိုင်မည် ဖြစ်ပါသည်။

အထက်ပါ စည်းကမ်းချက်များ ပါဝင်သော သဘောတူညီချက်ပုံစံကို ရှင်းလင်းပြောပြ၍ နားလည်သဘောပေါက်ပြီး သဘောတူ လက်မှတ်ရေးထိုးသော လူနာစောင့်များသာ လူနာစောင့်ကြပ်ခွင့် ရမည် ဖြစ်ပါသည်။

HICA

Read times
Rate this item
(0 votes)