What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 07 November 2020 11:03

JICA မှ စုစုပေါင်းတန်ဖိုး ၈၃၆ သန်းကျပ်ရှိ viral nucleic acid extraction kits များကို NHL ရန်ကုန်သို့လွှဲပြောင်းပေးအပ်

မြန်မာနိုင်ငံတွင်ပြန်လည်များပြားလာသော COVID-19 လူနာများအတွက် အရေးပေါ်တုန့်ပြန်မှု အနေဖြင့် ရောဂါရှာဖွေနိုင်ရန်အတွက်လိုအပ်သော စုစုပေါင်းတန်ဖိုး ၈၃၆ သန်းကျပ်ရှိ

viral nucleic acid extraction kits များကို JICA မှ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနရန်ကုန်သို့ ဒုတိယအကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။ 

JICA မြန်မာရုံးမှအကြီးတန်းကိုယ်စားလှယ် Mr. Iwai Nobuo က " COVID-19 ရောဂါပိုးကူးစက်ခံရတာကို ပိုမိုတွေ့ရှိရလေလေ၊ ရောဂါရှာဖွေရန် ပိုမိုလိုအပ်လေဖြစ်ပါတယ်။ ဒီအထောက်အပံ့က ရောဂါတိုက်ဖျက်ရေးကို အထောက်အကူပြုလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်"ဟု ပြောသည်။
JICA မှ ကူးစက်ရောဂါထိန်းချုပ်ရေးနှင့်ဓာတ်ခွဲခန်းဝန်ဆောင်မှုများဆိုင်ရာကျွမ်းကျင်ပညာရှင် Dr. Shinsuke Miyano မှတစ်ဆင့် MoHS နှင့် နီးကပ်စွာညှိနှိုင်းပြီး ရောဂါရှာဖွေရေးအတွင်သာမက ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးနယ်ပယ်တွင်ပါထောက်ပံ့ကူညီနေလျက်ရှိသည်။ပထမအသုတ်ကို ယခုနှစ် အောက်တိုဘာလကုန်တွင်ပေးအပ်ခဲ့ပြီးလည်းဖြစ်သည်။
အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာန နှင့် JICA တို့သည် Dr. Miyano ၏ နည်းပညာအကူအညီဖြင့် PCR စစ်ဆေးရန် အချက်အလက်စီမံခြင်း ၊ test kit ၊ reagent နှင့် ကူးစက်ရောဂါ ကာကွယ်ရေးဝတ်စုံ (PPE) ကဲ့သို့သော ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများ အတွက် အတူတကွပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။
Japan/JICA မှ မြန်မာနိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ဌာန ၏ COVID-19 တိုက်ဖျက်ရေး လုပ်ငန်းစဉ် များတွင် မြန်မာနိုင်ငံ၏ နှစ်ရှည်လက်တွဲဖော်အနေဖြင့် လိုအပ်သည့် အကူအညီ များကို စဉ်ဆက်မပြတ်ကူညီသွား မည်ဖြစ်ကြောင်း သိရသည်။

The 2nd batch of PCR test kit items for the NHL and all PHL COVID-19 Lab under total value 836 million Kyats was delivered to NHL, Yangon on 6 Nov 2020.
Confronting with more than 1,000 daily positive cases of COVID-19 these days, Ministry of Health and Sports is energetically tackling the disease for early diagnosis and care for the patients. Increasing PCR tests requires continuous supply of testing kits.
As a support for fighting against to COVID -19 pandemic, JICA provided 2nd batch of viral nucleic acid extraction kits necessary for real time PCR test under total value amount to 836 million Kyats for NHL, Yangon and delivered on 6 November 2020, while the 1st batch was delivered in the end of October 2020.
This is a part of the continuous assistance proactively provided by Japan/ JICA for COVID 19 response measures in Myanmar.

Read times
Rate this item
(0 votes)