What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 11 November 2020 17:44

အရိုးကျန်းမာစေရေးအတွက် ဆောင်ရန် ၊ ရှောင်ရန် နည်းလမ်းများ

လူ၏ ခန္ဓာကိုယ်အတွက် လှုပ်ရှားသွားလာမှုနှင့် အစာကို ကြေညက်အောင် ဝါးစားနိုင်မှုတို့ကိုပါ အထောက်အကူ ပြုထားခြင်းသည် အရိုးများပင်ဖြစ်ပါသည်။

 

အရိုးဆဲလ်များသည် သဘာဝအားဖြင့် အချိန်နှင့် အမျှ ပျက်စီးနေကြပြီး အသစ်အသစ်သော ဆဲလ်များမှာ အစားထိုးဖြစ်ပေါ်နေကြသည်။

 

အရိုးပွရောဂါ

အရိုးပွရောဂါဆိုတာဟာ အရိုးများ၏ သန်မာမှု လျော့ပါးနှုန်းမှာ ပိုမိုမြန်ဆန်ပြီး ခန္ဓာကိုယ်ရှိ အရိုးများမှာ သန်မာမှု သိသိသာသာ ကျဆင်းသွားလေ့ရှိပြီး အရိုးကျိုးလွယ်သွားပါတယ်။ အရိုးပွရောဂါကြောင့် ပေါင်ရိုး ၊ ခါးရိုးနှင့် လက်ကောက်ဝတ်ရိုးများ အလွယ်တကူကျိုးခြင်း ဖြစ်စေပြီး တစ်နှစ်အတွင်း နောက်ဆက်တွဲရောဂါများဝင်ရောက်လာပြီး အသက်ရှုံးဆုံးကြလေ့ရှိပါတယ်။

 

အရိုးပွရောဂါဖြစ်စေနိုင်သော အခြေအနေများ

အမျိုးသမီးများမှာ အမျိုးသားများထက် အရိုးပွရောဂါဖြစ်နိုင်ပါတယ်။ အမျိုးသမီးများ မီးယပ်သွေးဆုံးသောအခါ အဆိုပါ ဟော်မုန်းထွက်ရှိမှုနည်းပါးသွားသဖြင့် မီးယပ်သွေးဆုံးပြီး ပထမ ငါးနှစ်အတွင်း အရိုးသိပ်သည်းမှု ၂၀ ရာခိုင်နှုန်း မှ ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားတတ်ပါတယ်။ ကယ်လ်စီယမ်ပါဝင်မှုများပြားသော အစားအစာများ စားသုံးမှုနည်းပါးခြင်းနှင့် အစာအာဟာရချို့တဲ့ခြင်းတို့ကြောင့် ဖြစ်စေပါတယ်။

 

ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း ၊ ဆေးလိပ်သောက်သုံးခြင်းနှင့် အရက်အလွန်အကျွံ သောက်သုံးခြင်းတို့သည် အရိုးပွခြင်းကို အားပေးပါတယ်။ ကိုယ်ခန္ဓာအလေးချိန်နည်းပါးလွန်းခြင်း (ကိုယ်ခန္ဓာထုထည်အညွှန်းကိန်း ၂၀ ထက်နည်းပါးသူများ) ။ ဖော့ဖိုရစ်အက်စစ်ပါဝင်မှုများသော အချိုရည်များ အလွန်အကျွံသောက်သုံးပါက အရိုးသန်မာမှုကို အဟန့်အတားဖြစ်စေပြီး အရိုးပွမှု များပြားစေပါတယ်။

 

တစ်ချို့ဆေးဝါးများ ရေရှည်သောက်သုံးခြင်း (စတီးရွိုက်ဆေး) ။ အရိုးပွရောဖြစ်လာပါ ခါးနာခြင်းဝေဒနာကို အဓိကခံစားရလေ့ရှိပြီး ရင်ဘတ်အောင့်ခြင်း ၊ လက်ကောက်ဝတ် ၊ ပေါင်စသည့် နေရာများတွင် နာကျင်ခြင်းတို့လည်း ခံစားရနိုင်ပါတယ်။

 

အရိုးပွရောဂါကာကွယ်နိုင်သည့် နည်းလမ်းများ

ကယ်လ်စီယမ်ကြွယ်ဝသော အစားအစာများဖြစ်သည့် နွားနို့၊ ဒိန်ချဉ် ၊ ဒိန်ခဲ ၊ အစိမ်းရောင်အရွက်များ ၊ ပန်းဂေါ်ဖီစိမ်းနှင့် ငါးအသေးလေးများကို စားသုံးပေးရန် လိုအပ်ခြင်း။ ဗီတာမင် B12 ပါဝင်မှုများသော အသား ၊ ငါး ၊ ကြက်ဥ နှင့် ဘဲဥ စသည်တို့ကို စားပေးရန် လိုအပ်ခြင်း။ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးခြင်း (Tai Chi ၊ Yoga ၊ တောင်တက်ခြင်း ၊ ကခုန်ခြင်း ၊ တင်းနစ်နှင့် ကြက်တောင်ရိုက်ခြင်း) ။

 

ဆေးလိပ်သောက်ခြင်း နှင့် အရက်အလွန်အကျွံသောက်ခြင်းတို့ကို ရှောင်ကြဉ်သင့်ခြင်း။ အမျိုးသမီးများ ကိုကာကိုလာ ၊ ပက်စီ ၊ Coke စသည့် အချိုရည်များကို တစ်နေ့လျှင် ၂ လီတာထက် ပိုမိုသောက်သုံးပါက ၅ ရာခိုင်နှုန်းလျော့ပါးစေခြင်း။

 

အရိုးကို ထိခိုက်ပျက်စီးသော အမူအကျင့်များ

ထိုင်သည့်အခါ ခါးကို မတ်မတ်ထားပါ။ ချောင်းဆိုး ၊ နှာချေသည့်အခါ ဒူးကို အနည်းငယ် ညွှတ် ၊ ခါးကို မတ်မတ်ထား ၊ လက်တစ်ဖက်ကို ပေါင်ပေါ်တင်ပြီးမှ ချောင်းဆိုး ၊ နှာချေပါ။ အလေးအပင်မ၍ ခါးကို ရုတ်တရက်လှည့်ခြင်းကို ရှောင်ကြဉ်ပါ။ အောက်သို့ပြုတ်ကျသွားသော ပစ္စည်းများကို ခါးကုန်းပြီးကောက်ခြင်း ၊ အိပ်ရာခင်းများပြင်ဆင်ရာတွင် ခါးကုန်းပြီး ပြင်ဆင်ခြင်းတို့ကို ရှောင်ရှားပါ။ လေးလံလွန်းသော အရာဝတ္ထူများကို ဆွဲ၍ ရွှေ့မည့်အစား တွန်း၍ ရွှေ့သင့်ပါတယ်။

 

myawaddy

Read times
Rate this item
(0 votes)