What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 12 November 2020 10:33

Pfizer ကိုဗစ်ကာကွယ်ဆေးထိုးခံသူတို့ရဲ့ အတွေ့အကြုံများ

အမေရိကန်မှ Pfizer နဲ့ ၎င်းနဲ့အတူလက်တွဲလုပ်ကိုင်နေတဲ့ ဂျာမန်လုပ်ငန်း BioNTech တို့က သူတို့ရဲ့ ကိုဗစ်ကာကွယ်ဆေးဟာ ကိုဗစ် ကာကွယ်ရေး ၉၀ ရာခိုင်နှုန်း ထိရောက်မှု ရှိကြောင်း ကြေညာခဲ့တယ်? လူ ၁၀၀ ကို ကိုဗစ်ကာကွယ်ဆေးထိုးရင် ၉၀ ကို ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိတယ်။

 

အမေရိကန်အစိုးရရဲ့ FDA ထံမှ အမေရိကန်နိုင်ငံတွင်း အရေးပေါ်အနေဖြင့် သုံးစွဲရန် အတည်ပြု ခွင့်ပြုချက်ကို များမကြာချင်မှာ ရရှိလိမ့်မယ်လို့လည်း မျှော်မှန်းထားတယ်။

 

နောက်ဆုံးအဆင့် စမ်းသပ်မှုမှာ နိုင်ငံပေါင်း ၆ နိုင်ငံမှ စမ်းသပ်ခံသူ ၄၃,၅၀၀ ကျော် ပါဝင်ခဲ့ပြီး အချို့ကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး အချို့ကိုတော့ ဆားရည် ထိုးပေးခဲ့တယ်။ ဆေးဝါးအသစ် စမ်းသပ်ရာတွင် လုပ်ထုံးလုပ်နည်းအရ သုံးစွဲသော တကယ့်ဆေးနှင့် အသွင်တူသော်လည်း အာနိသင်မရှိသော ဆေးအဖြစ် ဆားရည် ထိုးပေးခဲ့တာ ဖြစ်ပါတယ်။

 

စမ်းသပ်ခံတွေကို ဆေးအစစ်ထိုးပေးတာလား အတု ထိုးပေးတာလာဆိုတာကို အသိမပေးပေမဲ့ အချို့က သူတို့ ဆေးအစစ် ထိုးခံရကြောင်း ဖြစ်ပေါ်တဲ့ အတွေ့အကြုံတွေအရ သိရတယ်လို့ ဖွင့်ဟ ပြောကြားခဲ့ကြပါတယ်။ တချို့က ခေါင်းကိုက်တယ်။ တချို့က ကြွက်သားတွေ ကိုက်ခဲတယ်။ တချို့က ခေါင်းအုံခဲနေတာ ပြင်းထန်တယ်လို့ ဆိုကြပါတယ်။

 

စမ်းသပ်ခံ Deshields က သွေးထဲ ပါဝင်တဲ့ ပဋိပစ္စည်းကို ဆေးစစ်ကြည့်တဲ့အခါမှာ တွေ့ရှိခဲ့တာကြောင့် သူ့ကို ထိုးတဲ့ဆေးဟာ ဆေးအစစ် ဖြစ်တာမို့ ဗိုင်းရပ်စ်တွေကို ချေမှုန်းမယ့် ပဋိပစ္စည်းတွေ သွေးထဲမှာ များများစားစား ပါဝင်နေတာလို့ ကောက်ချက်ချပါတယ်။

 

ကာကွယ်ဆေးကြောင့် နောက်ထပ် ဘေးထွက်ရလဒ် တွေ့ကြုံရသူက Carrie ဖြစ်ပြီး ဆေးထိုးခံပြီးတဲ့နောက်မှာ ကိုယ်အပူချိန် မြင့်တက်ပြီး ဖျားတယ်။ ကြွက်သားတွေ ကိုက်ခဲတယ်။ ခေါင်းလည်း ကိုက်တယ်လို့ ပြောပြပါတယ်။ တုပ်ကွေးဖြစ်ရင် တွေ့ကြုံခံစားရတဲ့အတိုင်း ကြုံရတာ ဖြစ်ပါတယ်။

 

လာမယ့် သီတင်းပတ်တွေမှာ စမ်းသပ်ခံတို့ရဲ့ အခြေအနေ ရလဒ်တွေကို စုဆောင်းပြီး ထိုးဆေးကြောင့် ဖြစ်ပေါ်တဲ့ ဘေးထွက်ရလဒ်တွေကို သုံးသပ်ပြီး ကောက်ချက်တွေ ချကြရမှာ ဖြစ်ပါတယ်။ ​

 

Myanmar Health Guide

Read times
Rate this item
(1 Vote)